Latest News

Wednesday, October 17, 2018

၁၉၈၇ ခုနှစ်နောက်ပိုင်း အင်္ဂလန်က စပိန်ကို ပထမဆုံးအကြိမ်အနိုင်ရခဲ့

၁၉၈၇ ခုနှစ်နောက်ပိုင်း အင်္ဂလန်က  စပိန်ကို  ပထမဆုံးအကြိမ်အနိုင်ရခဲ့

ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ စပိန်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီလို အင်္ဂလန်အသင်းက စပိန်အသင်းကို အနိုင်ရရှိခဲ့တာဟာ ၁၉၈၇ ခုနှစ် ဖေဖော် ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ အဲဒီပွဲစဉ်တုန်းက အင်္ဂလန်အသင်းဟာ ဂယ်ရီလိုင်ကာရဲ့ သွင်းဂိုးလေးဂိုးနဲ့ စပိန်အသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းအတွက်တော့ အခုတစ်ကြိမ်ရှုံးနိမ့်မှုဟာ ၂ဝဝ၃ ခုနှစ် ဇွန်လနောက်ပိုင်းမှာ အိမ်ကွင်းပထမဆုံး အကြိမ်ရှုံးနိမ့်မှုဖြစ်ပြီး အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ရတာ ကြောင့် စပိန်အသင်းရဲ့ အိမ်ကွင်း ၃၈ ပွဲဆက်နိုင်ပွဲဆက်မှု ကိုလည်း အဆုံးသတ်သွားစေခဲ့ပါတယ်။ အခုလို အိမ်ကွင်း မှာ သွင်းဂိုးသုံးဂိုးအထိ ပေးလိုက်ရတာဟာလည်း စပိန် အသင်းရဲ့သမိုင်းမှာ ပထမဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ပထမပိုင်း ပွဲကစား ချိန်အတွင်းမှာပဲ စပိန်အသင်းကို သုံးဂိုးအထိသွင်းယူနိုင်ခဲ့ တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၁၆ မိနစ်နဲ့ ၃၈ မိနစ်မှာ စတာလင်ကနှစ်ဂိုးနဲ့ ၂၉ မိနစ်မှာ ရက်ရှ်ဖို့ဒ်ကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါ တယ်။ စပိန်အသင်းအတွက် ချေပဂိုးတွေကိုတော့ ၅၈ မိနစ်မှာ အယ်လ်ကာဆာနဲ့ ၉၇ မိနစ်မှာ ရာမို့စ်တို့က သွင်းယူပေးခဲ့တာပါ။ အခုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စတာလင်ဟာ ၂ဝ၁၅ ခုနှစ်အောက်တိုဘာလက အက်စ တိုးနီးယားအသင်းနဲ့ ကစားပြီးတဲ့နောက်ပိုင်း ပထမဆုံး ဖြစ်ပြီး ရက်ရှ်ဖို့ဒ်အတွက်တော့ အင်္ဂလန်ရဲ့နောက်ဆုံး လေးပွဲမှာ သုံးဂိုးအထိသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ နည်းပြဆောက်ဂိတ် လက်ထက်မှာ အင်္ဂလန်အသင်းသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ၄၄ ဂိုးရဲ့ ၃၉ ရာခိုင်နှုန်းအထိ တိုက်ရိုက်ပတ်သက်ဆက် နွှယ်နေခဲ့တာဖြစ်ပြီး သွင်းဂိုး ၁၄ ဂိုးသွင်းယူပေးထားကာ သုံးဂိုးဖန်တီးပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းနဲ့ စပိန်အသင်းတို့ဟာ နိုဝင်ဘာ ၁၅ ရက်မှာ အင်္ဂလန်အသင်းက   အမေရိကန်အသင်းနဲ့လည်းကောင်း၊ စပိန်အသင်းက ဘော့စနီးယားအသင်းနဲ့လည်းကောင်း ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေ    ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

နိုင်လင်းကြည်

No comments:

Post a Comment