၁၁ အောက်တိုဘာ ၊ ၂၀၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၊ ပုသိမ်နယ်မြေရဲစခန်းအပိုင် အမှတ်(၇)ရပ်ကွက် နာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေသူအား လွန်ခဲ့သည့်(၄)လခန့်က ငွေကြေးကိစ္စဖြင့် စကားများခဲ့သူက မကျေနပ်သဖြင့် ရန်ငြိုးထားပြီး သုံးမြှောက် စကေဘာဖြင့် ထိုးခဲ့ရာ နာကျင်စေမှုနှင့် စစ်ဆေးဆောင်ရွက်နေရင်း ဒါဏ်ရာရရှိသူ ဝမ်းဗိုက်မှ ထိုးသွင်းဒါဏ်ရာတစ်ချက်ရရှိ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ဖြင့် လူသတ်မှုဖြင့် ပြောင်းလဲ စစ်ဆေးနေကြောင်းသိရပါသည်။

ရောက်ရှိသည်နှင့် ဒါဏ်ရာရရှိသူအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ရဲတပ်သား အာကာမင်း ကရဲဆေးစာနှင့်အတူ ပြည်သူတို့ရဲ့ကူညီမှုဖြင့် ဆေးကုသမှု ခံယူရန်ပို့ဆောင်ခဲ့ပြီး နယ်ထိန်းများဖြစ်သော အပိုင်နယ်ထိန် ရဲတပ်သား အောင်ဇင်ထွန်း ရဲတပ်ကြပ် သန်းဇော် ရဲတပ်သား ကျော်ဝင်းထွန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူ ဦးလှမင်း တို့ကတရားခံအား သက်သေခံ စကေဘာ အရိုး(၅)လက်မ အသွား(၇)လက်မ သုံးမြှောက် စကေဘာ နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန် ရာတွင်အသုံးပြုခဲ့သော သက်သေခံ စကေဘာ အားဥပဒေနှင့်အညီ သိမ်းဆည်းခဲ့သည်။
တာဝန်မှူးက အခင်းဖြစ်ရပ်စစ်ဆေးပြီး ဒါဏ်ရာ ရရှိသူ၏ဇနီးဖြစ်သူ မယဉ်ယဉ်စိုး အသက်(၃၈)နှစ်(ဘ)ဦးစိုးလွင် အားစစ်ဆေးရာ ခင်ပွန်းဖြစ်သူ နှင့်အတူ တရပ်ကွက်တည်းနေ အောင်မင်္ဂလာ(၄)လမ်း နာရေးအိမ်ကို ရောက်ရှိနေခိုက် ည(၁၁)နာရီ ကျော်အချိန်ခန့် မှာ လမ်းပေါ်မှာ အမိုးတဲပြုလုပ်၍ မုန့်ဟင်းရည်အိုးချက်နေစဉ် ညီမဖြစ်သူ ထက်ထက်စိုး ၏သား ခန့်ကိုကိုဇင် ငိုနေ၍ ခင်ပွန်းဖြစ်သူ ဦးကျော်ကျော်လတ် က မငိုရန်ချော့မော့ ပြောနေကြောင်း ထိုစဉ် လွန်ခဲ့သော (၄)လခန့်က ငွေကြေးကိစ္စဖြင့် စကားများခဲ့သူ ထိုက်ထိုက် ထဲအတွင်းပြေးဝင်လာပြီး လက်တွင်အသင့်ကိုင်ဆောင်လာသော စကေဘာ နှင့် ဝမ်းဗိုက် အား တချက်ထိုးလိုက်ရာ အော်ဟစ် ကူညီးတောင်းခဲ့ရာ လူများအပြေးလာကြစဉ် ထိုက်ထိုက် က စကေဘာ နှင့်အတူ လမ်းထိပ်ထွက်သွားကြောင်းဆိုခဲ့၏။
ယင်းဖြစ်စဉ်အား ဒေါ်ယဉ်ယဉ်စိုးက တရားလိုပြု တိုင်ကြားသဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၄၅၀/၂၀၁၈.ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်၍ အမှုအား ဒုရဲအုပ် အောင်သူ အမှုစစ် ဖြင့်စစ်ဆေးနေချိန် ဒါဏ်ရာ ရရှိသူမှာ ဆေးကုသမှု ခံယူရင်း သေဆုံးသွားခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ပြောင်းလဲပြီး စခန်းမှူး ရဲအုပ်အောင်ဝင်းမြင့်က အမှုအား လွှဲပြောင်းလက္ခံ စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။
မှုခင်းနှင့်သတင်းစုံ
(ဧရာဝတီတိုင်း သတင်းထောက်အဖွဲ့)

No comments:
Post a Comment