Latest News

Saturday, October 13, 2018

ကိုရီးယားစစ်ပွဲအဆုံးသတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် အမေရိကန်အား သမ္မတမွန်း တိုက်တွန်းမည်

ကိုရီးယားစစ်ပွဲအဆုံးသတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် အမေရိကန်အား သမ္မတမွန်း တိုက်တွန်းမည်

ဆိုးလ်   အောက်တိုဘာ   ၁၂

ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း ကြေညာချက်ထုတ်ပြန်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရအား အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်  တိုက်တွန်းပြောကြားမည်ဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဆိုသည်။

သမ္မတမွန်းဂျေအင်းက ဥရောပခရီးစဉ်မစတင်မီ သတင်းအေဂျင်စီတစ်ခု၏ အင်တာဗျူး တစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ဇွန်လကကျင်းပခဲ့သော အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီး အစည်းအဝေးတွင် သဘောတူညီခဲ့သည့် ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ပြုံယမ်း၏ နျူကလီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်စင်နေရာများကိုလည်း အပြီးတိုင်ပိတ်သိမ်းခဲ့ကြောင်း သမ္မတမွန်းဂျေအင်းက ဆိုသည်။

ပြုံယမ်းက ¤င်းသဘောတူညီခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံ အနေဖြင့်လည်း လိုက်လျောညီထွေရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်သင့်ကြောင်းနှင့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲအဆုံးသတ်ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသင့်သည်ဟု သမ္မတ မွန်းဂျေအင်းက ဆိုသည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံအတွင်း ပြည်သူများ၏ လူ့အခွင့်အရေး အပြည့်အဝရရှိခံစားမှု ကိုလည်း နားလည်သဘောပေါက်သင့်ကြောင်းနှင့် ယင်းလူ့အခွင့်အရေးပြဿနာများကို နိုင်ငံတကာ ဖိအားပေးမှုက မဖြေရှင်းပေးနိုင်ကြောင်း သမ္မတမွန်းဂျေအင်းက ပြောကြားခဲ့သည်။ ယင်းပြဿနာ များကို ကိုရီးယားနှစ်နိုင်ငံနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဝန်ကြီးများအဆင့် အစည်းအဝေးပွဲတစ်ရပ်  ကျင်းပမည်ဖြစ်ပြီး  ပြီးခဲ့သော ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံ သဘောတူညီခဲ့သည့် အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။                                                 

အင်န်အိတ်ခ်ျကေ/Mirror

No comments:

Post a Comment