Latest News

Saturday, October 13, 2018

ဂျူဗင်တပ်က အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးအား တစ်ပတ်လုပ်ခလစာ ပေါင် နှစ်သိန်းခွဲဖြင့် ခေါ်ယူမည်

ဂျူဗင်တပ်က အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးအား
တစ်ပတ်လုပ်ခလစာ ပေါင် နှစ်သိန်းခွဲဖြင့် ခေါ်ယူမည်

ယခုနှစ်ဘောလုံးရာသီကုန်တွင် အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေ သည့် အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန် ရမ်ဆေးအား လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်း တို့က ခေါ်ယူရန် စိတ်ဝင်စားနေသည့်အပြင် အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကလည်း ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။

ဂျူဗင်တပ်အသင်းအနေဖြင့် ကွင်းလယ်ကစား သမား ရမ်ဆေးအား အခြားသောကလပ်အသင်းများက ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း အဆိုပါအသင်း များကို ကျော်ဖြတ်ကာ ခေါ်ယူမည်ဟု ဆိုသည်။

ဂျူဗင်တပ်အသင်းသည် ရမ်ဆေးအား ရရှိမည် ဆိုပါက လက်ရှိသတင်းထွက်ပေါ်နေသည့် အလွတ် ပြောင်းရွှေ့ကြေးဖြင့် မဟုတ်ဘဲ လုပ်ခလစာအဖြစ် တစ်ပတ်ပေါင် ၂၅ဝဝဝဝ ပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ဂျူဗင်တပ်အသင်းသည် အီတလီ စီးရီးအေတွင်      ခုနစ်ရာသီ ဆက်တိုက်ချန်ပီယံဖြစ်ခဲ့သည့်အပြင် လက်ရှိ တွင်လည်း    အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်လျက်ရှိကြောင်း သိရသည်။

လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှာ ကွင်းလယ်ကစား သမားရမ်ဆေးအား ¤င်း၏မိသားစု နှင့်အတူ အင်္ဂလန်တွင် ဆက်ရှိနေရန်အတွက် စာချုပ် ချုပ်ဆို ခေါ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းလယ်ကစားသမားရမ်ဆေးသည် အာဆင် နယ်အသင်းတွင် ၁ဝ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် လက်ရှိအချိန်တွင် အာဆင်နယ်အသင်းမှ ထွက်ခွာ သင့်ကြောင်း အီယန်ရိုက်က ဆိုသည်။ ရမ်ဆေးသည် အာဆင်နယ်အသင်းနှင့်အတူ ပွဲပေါင်း ၃၃၈ ပွဲပါဝင် ကစားထားကာ သွင်းဂိုး ၅၉ ဂိုးအထိ  သွင်းယူထား ကြောင်း သိရသည်။     ကွင်းလယ်ကစားသမား ရမ်ဆေးကမူ အာဆင်နယ်အသင်းမှ   စောစီးစွာ ထွက်ခွာရန်မရှိသေးကြောင်း ပြောကြားခဲ့သည်။

ငွေကြယ်

No comments:

Post a Comment