Latest News

Wednesday, October 24, 2018

အထောင်မှ ကျုံပျော် ရန်ကုန်သို့ မောင်းနှင်လာသော ပြုံးပန်းတစ်ရာယာဉ် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၂ ဦး အတွင်းလူနာအဖြစ်ကုသနေ

အထောင်မှ ကျုံပျော် ရန်ကုန်သို့ မောင်းနှင်လာသော ပြုံးပန်းတစ်ရာယာဉ် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၂ ဦး အတွင်းလူနာအဖြစ်ကုသနေ


ကျုံပျော်     အောက်တိုဘာ ၂၄

ကျုံပျော်မြို့မှ ရန်ကုန်သို့  ထွက်ခွာသွားသည့်  ပြုံးပန်းတစ်ရာ ခရီးသည် ပို့ဆောင်ရေးယာဉ်သည့် ယနေ့ နံနက် ၈ နာရီခွဲက ကျုံပျော်မြို့ပြင်၌ တိမ်းမှောက်ခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး  ကျုံပျော်ဆေးရုံမှာ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း များပြုလုပ်၍ ခရီးသည် ၁၂ ဦးအရေးပေါ်အခြေအနေဖြစ်ဆေး ကုသမှုခံယူ နေရပြီး  ၁၇  မှာ  ပြင်ပလူနာဌာနတွင် ကုသနေရ ကြောင်း သိရသည်။

  ဖြစ်စဉ်မှာ တစ်ဖက်ယာဉ်ကြောမှလာသည့် မော်တော်ဆိုင်ကယ်ကိုရှောင်တိမ်းခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ယာဉ်မောင်း စိုးထိုက်အား ကျုံပျော်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းဇော်ဦး  ရေကြည်

No comments:

Post a Comment