Latest News

Friday, October 26, 2018

ပရီမီယာလိဂ် ထိပ်တန်းကစားသမားတွေ ကျောခိုင်းဖို့ရှိနေတဲ့ ဇန်န၀ါရီဈေးကွက်

ပရီမီယာလိဂ် ထိပ်တန်းကစားသမားတွေ ကျောခိုင်းဖို့ရှိနေတဲ့ ဇန်န၀ါရီဈေးကွက်


ပရီမီယာလိဂ်ရာသီကတော့  ယခင်ရာသီတွေလိုပဲ  ပြိုင်ဆိုင်မှုတွေက  ပြင်းထန်ဆဲလို့ပြောရမယ်။  ဒီနှစ်ရာမှာတော့  ပရီမီယာလိဂ် ထိပ်ဆုံးနေရာအတွက် ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က အပြိုင်ရှိနေကြတယ်။ စပါး၊  အာဆင်နယ်တို့ကတော့ ထိပ်ဆုံးပိုင်း ကိုရဖို့  ကြိုးစားနေရတဲ့အချိန်မှာတော့ မန်ယူအသင်းကတော့ ထိပ်ဆုံးလေးသင်းဝင်ရေးအတွက် အပြင်းအထန် ကြိုးစားနေရတဲ့ အခြေ အနေတွေမှာရှိနေတယ်။   အခုလိုအခြေအနေနဲ့အတူ   လာမယ့်ဇန်နဝါရီမှာတော့   ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့  ပရီမီယာလိဂ်ကို  စွန့်ခွာဖို့ ရှိနေတဲ့ ထိပ်တန်းကစားသမား သုံးဦးလည်းရှိနေပါတယ်။ သူတို့ကတော့...
ဟာဇက်
ဟာဇက်နဲ့   ပတ်သက်တဲ့   ရီးရဲမက်ဒရစ်   သတင်း တွေဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ကြားနေခဲ့ ရတဲ့ သတင်းလို့ ပြောရမှာပါ။ ဒါပေမယ့် အခုထပ်မံ  ထွက်ပေါ်လာခဲ့တဲ့  သတင်းတွေထဲမှာတော့   ရီးရဲ မက်ဒရစ်အသင်းဟာ  ဟာဇက်ကို  အရခေါ်ယူဖို့ ပြင်ဆင်နေတယ်     ဆိုတာပါပဲ။    အထူးသဖြင့် ဟာဇက် ကိုယ်တိုင်ကလည်း ရီးရဲမက်ဒရစ်အသင်း မှာ   ပြောင်းရွှေ့ကစားဖို့က   သူ့ရဲ့စိတ်ကူးဆန္ဒလို့ ဆိုထားတာကြောင့်လည်း ဒီအပြောင်းအရွှေ့ဟာ ပိုမိုနီးစပ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဟာဇက်ဟာ လက်ရှိအချိန်မှာတော့ သူ့ကစား သမားဘဝရဲ့ အကောင်းဆုံးအချိန်ကို ရောက်ရှိနေခဲ့ တာဖြစ်တာကြောင့် ရီးရဲမက်ဒရစ်အသင်းအနေနဲ့  ရော်နယ်ဒိုရဲ့နေရာမှာ ဟာဇက်ကို  အစားထိုးဖို့ အတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ရီးရဲ မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာတော့ တိုက် စစ်ပိုင်းမှာ ဂိုးရဖို့အတွက် ရုန်းကန်နေရတာကြောင့် လည်း ဇန်နဝါရီမှာ အချိန်မီတိုက်စစ်ပိုင်းအင်အား ဖြည့်တင်းဖို့  ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းကနေ      ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့နောက်ပိုင်း  ပုံရိပ်တွေသာမက အသင်းရဲ့တိုက်စစ်ပိုင်းဟာ   အင်အားလျော့နည်း သွားခဲ့တာတွေကြောင့် ဒီကွက်လပ်ကို ဖြည့်တင်း ဖို့ဆိုရင်တော့   ဟာဇက်ဟာ   အကောင်းဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီနှစ်ရာသီမှာ    ရီးရဲမက်ဒရစ်အသင်းဟာ နိုင်ပွဲတွေ    ပျောက်ဆုံးမှုနဲ့အတူ   ဂါရတ်ဘေးလ်၊ အဆန်စီယိုတို့ရဲ့  ခြေစွမ်းတွေကလည်း အားရစရာ မရှိဘူးလို့ ပြောရမှာပါ။ ဒါကြောင့်လက်ရှိ ဈေးကွက် အခြေအနေတွေအရတော့    အခြားထိပ်တန်း ကစားသမားတွေထက်   ဟာဇက်ဟာ   ရီးရဲမက် ဒရစ်အသင်းအတွက် အသင့်တော်ဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်။
အယ်ဒါဝီရယ်
ဘယ်လ်ဂျီယံကစားသမား အယ်ဒါဝီရယ်ဟာ ယခုနှစ်ရာသီအစောပိုင်းမှာတော့ မန်ယူအသင်း ကို   ပြောင်းရွှေ့ကစားဖို့   နီးစပ်ခဲ့ပြီး  နောက်ဆုံး အချိန်ရောက်မှ အပြောင်းအရွှေ့  ပျက်ပြယ်သွားခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့အပြောင်း အရွှေ့ဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာတော့ ဖြစ်ပေါ်လာနိုင်သေးတယ်လို့ ပြောရတာလည်း ဖြစ် ပါတယ်။   အခုအချိန်မှာတော့    အယ်ဒါဝီရယ်ကို ခေါ်ယူဖို့အတွက် ဂျာမနီနဲ့စပိန်ကလပ်အသင်းတွေ ကလည်း    စိတ်ဝင်စားစွာ    စောင့်ကြည့်နေကြ ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ    ဒီနှစ်ရာသီ မှာတော့ ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေ ကောင်းမွန် ဖို့အတွက်  ရုန်းကန်နေရတဲ့အသင်း  ဖြစ်ပါတယ်။ ဒါကြောင့်လည်း  ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသင်းရဲ့ခံစစ်ပိုင်းအင်အားအတွက် အယ်ဒါဝီရယ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင်  ဘာစီလိုနာအသင်းကလည်း အမ်တီတီ ဒဏ်ရာရရှိနေခဲ့တာကြောင့် သူ့ရဲ့နေရာမှာ အစား ထိုးဖို့အတွက် ခံစစ်မှူးတစ်ဦး ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
ဘာစီလိုအသင်း     အားကစားဒါရိုက်တာ အက်ဘီဒဲလ်ကလည်း အသင်းရဲ့ ခံစစ်ပိုင်းအတွက် အယ်ဒါဝီရက်ဟာ သင့်တော်တယ်လို့ဆိုပါတယ်။ သူဟာ    ညာနောက်ခံကစားသမားအဖြစ်လည်း ကစားနိုင်စွမ်းရှိတာကြောင့်    ဥရောပထိပ်တန်း အသင်းကြီးမှာတော့    အကောင်းဆုံးကစားနိုင်မှာ ဖြစ်ပါတယ်။     စပါးအသင်းအနေနဲ့ကလည်း   ပရီးမီးယားလိဂ်      ပြိုင်ဘက်အသင်းတွေသာ    မဟုတ်ဘူးဆိုရင်တော့         အယ်ဒါဝီရယ်ကို ရောင်းထုတ်သွားမှာလည်း ဖြစ်ပါတယ်။
ပေါ့ဂ်ဘာ
မန်ယူအသင်း       ကွင်းလယ်တိုက်စစ်မှူး ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက မော်ရင် ညိုနဲ့ ဆက်ဆံရေးဟာ  ကောင်းမွန်ခြင်း  မရှိတာ ကြောင့်   အသင်းကနေ   ထွက်ခွာဖို့ရှိနေတယ်လို့  သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။  နွေရာသီ ဈေးကွက်မှာ     ဘာစီလိုနာအသင်းက  ပေါ့ဂ်ဘာ    ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ပေါ့ဂ်ဘာကတော့ အသင်းမှာပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် မန်ယူအသင်းရဲ့ ခြေစွမ်းတွေက တိုးတက်မှုရှိမလာခဲ့သလို သူနဲ့မော်ရင်ညိုကြားက ဆက်ဆံရေးကလည်း  ပိုမိုဆိုးရွားလာခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့   ဘာစီလိုနာအသင်းရဲ့  ရလဒ်တွေကလည်း    ရုန်းကန်နေခဲ့ရတာကြောင့် အသင်းရဲ့   အခြေအနေတွေကို   အကောင်းဆုံး ပြန်ထိန်းနိုင်ဖို့အတွက်     ပြင်သစ်ကစားသမား ပေါ့ဂ်ဘာအပေါ် မျက်စိကျလာပြန်ပါတယ်။
ပေါ့ဂ်ဘာအနေနဲ့ မန်ယူအသင်းရဲ့ အပြောင် မြောက်ဆုံး   မကစားနိုင်ပေမယ့်   အချက်အလက် တွေအရ    ပြောရမယ်ဆိုရင်တော့    အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ်      ရှိနေပါသေးတယ်။ ဒါပေမယ့်    နောက်တစ်ချက်စဉ်းစားစရာကောင်း တာက   မန်ယူအသင်းမှာ   မော်ရင်ညိုသာမရှိတော့ ဘဲ  သူ့ရဲ့နေရာကို  ဇီဒန်းသာဝင်ရောက်လာခဲ့မယ် ဆိုရင်တော့   ပေါ့ဂ်ဘာရဲ့အနာဂတ်ဟာ   တစ်မျိုး တစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။    ဒါမှမဟုတ်ရင် တော့ လာမယ့် ဇန်နဝါရီဟာ ပေါ့ဂ်ဘာအတွက်တော့ မန်ယူအသင်းကို ဒုတိယအကြိမ်စွန့်ခွာဖို့ နီးစပ်နေပြီ လို့ ပြောရမှာပါ။

အောင်က

No comments:

Post a Comment