Latest News

Thursday, October 4, 2018

ဆရာကြီးဒေါက်တာအောင်ခင်ဆင့်နှင့် ၈၈ အရေးတော်ပုံသမိုင်း။


၁၉၈၈ခုနှစ်၊ သြဂုတ်လ၊ ၁၆ရက်နေ့ ။
ရန်ကုန်တမြို့ လုံးရဲ့လမ်းများကြီးတွေပေါ်မှာ တပ်မ(၂၂)၊ တပ်မ(၄၄)၊ တပ်မ(၃၃)၊ နဲ့ တပ်မ(၇၇)တို့ ဟာ သြဂုတ်လ(၃)ရက်နေ့  ရန်ကုန်တိုင်အတွင်း စစ်ဥပဒေ အုပ်ချုပ်ရေး ကြေညာထုတ်ပြန်ပြီးကတည်းက ရန်ကုန်တိုင်းစစ်ဌာချုပ်တိုင်မှုး ဗိုလ်မှုးချုပ်မျိုးညွန်၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် လှုပ်ရှားဆောင်ရွက်နေကြပြီး ရန်ကုန်တိုင်းအတွင်းက မြို့ တမြို့ နဲ့တမြို့ အကူ လမ်းဆုံလမ်းဂွတွေကို ၁၉၈၈ သြဂုတ်လ (၈)ရက်နေ့ကတည်းက စီးနင်း သိမ်းပိုက် နေရာယူထားခဲ့ပြီးဖြစ်သည်။ သြဂုတ်လ ၈ရက်၊ ၉ရက်၊ ၁၀ရက်၊ ၁၁ရက်၊၁၂ရက်စတဲ့ (၄)ရက်အတွင်း ရန်ကုန်မြို့ တမြို့ လုံးရှိ မြို့ ခံ ကျောင်းသား၊ပြည်သူ၊ ရဟန်းတို့ ၏ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ရက်ရက်စက်စက် ပစ်ခတ်နှိပ်နင်းခဲ့သည့်အတွက်ကြောင့် ရန်ကုန်မြိုလယ်ခေါင်အရပ်ဆီသို ချီတက်လာကြသော သပိတ်စစ်ကြောင်းများလဲ အသေအပျောက်၊ ဒဏ်ရရှိသူများနဲ့  စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားခဲ့ရပြီး လူစုခွဲခဲ့ကြရသည်။ ရန်ကုန်မြို့ ၏ လမ်းမများတွင် စစ်ကားများက ဦးဒဟိုပြေးလွှားမောင်းနင်နေခဲ့ကြပြီး လူစုလူဝေးဖြစ်စေနိုင်သော နေရာများတွင် ဆက်လက်ပစ်ခတ်မှုများလဲရှိနေသေးခဲ့သည်။ ရန်ကုန်မြို့ လယ်ခေါင်အရပ်ဆီသို့ ဦးတည်ချီတက်ခဲ့ကြသော မြို့ စွန်များမှ သပိတ်စစ်ကြောင်းများက မိမိတို့ ၏မြို့ နယ်များအတွင်းပြန်ဆင်းခဲ့ကြပြီး လူပြန်စုကာ ဆက်လက်ပြီး အံတုဆန္ဒပြနေခဲ့ကြသည်။ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ စသည့်မြို့ စွန်မြို့ များမှာ ရဲစခန်းအားစီနင်းခြင်း၊ ကောင်စီရုံးများကို မီးရှိုးဖျက်ဆီးခြင်းများဖြင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ပစ်သတ်နှိမ်နင်းမှုကို မခံမရက်နိုင်ဖြစ်ကြလာကြပြီး ဤနည်းဖြင့် တုံ့ ပြန်ခဲ့ကြသည်။

စစ်အုပ်ချုပ်ရေးဥပဒေ ညမထွက်ရအမိန့် ထုတ်ပြန်ထာသောကြောင့် ရန်ကုန်မြို့ ကြီးတခုလုံးသည်လည် ညအခါ တိတ်ဆိတ်ထိပ်လန့် နေသော မြို့ တော်ကြီးတခုဖြစ်နေခဲ့တော့သည်။ ကောလဟလသတင်းများနှင့် တကယ်ဖြစ်ရပ်များ ရောနှောကာ ထွက်လာခဲ့သောသတင်းများအရာ မြောက်ဥက္ကလာဖက်တွင် မနက်စောစော ကုန်စိမ်းရောင်းဝယ်စားသောက်နေသော သားအဖနှစ်ယောက်က ကုန်စိမ်းသွားဝယ်ရန် မနက်လင်းအားကြီးအချိန်တွင် ညမထွက်ရ သတ်မှတ်ထားသော အချိန်လွန်ကာစ မိန်းလမ်းမကြီးပေါ်ထွက်ခဲ့သဖြင့် စစ်တပ်မှ ပစ်ခတ်သဖြင့် သေသွားခဲ့သော သတင်းများ၊ မင်္ဂလာတောင်ညွန် အေဘီစက်စမ်းလမ်းမကြီးပေါ်တွင် ကုန်စိမ်းကြို ကားများ ပစ်ခတ်ခံရသဖြင့် ကုန်းစိမ်းသည်းများ ဒဏ်ရာရရှိခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်လိုက်ရသောသတင်းဆိုးများက ပြန့် နှံနေခဲ့သည်။ မြို့ နယ်အတွင်း ရပ်ကွက်ဈေးများမှာလဲခြောက်ကပ်ကပ်နဲ့ ကုန်ပစ္စည်းများ စတင်ရှားပါစပြုနေပြီးဖြစ်သည်။ မြန်မာ့တနိုင်ငံလုံးရှိ မြို့ ငယ်များထဲမှ တိုင်းနယ်ပြည်နယ် မြို့ ကြီးများများအပါအ၀င် မြို့ ငယ်(၄၀)ကျော်က ၈၈အရေးတော်ပုံကြီးထဲ စတင်ပါဝင်နေခဲ့ကြပြီလဲဖြစ်သည်။ နယ်အရပ်များမှာ အပစ်အခတ်အနည်းငယ်နှင့် လူအသေအပျောက်အနည်းငယ်တို့ ရှိနေခဲ့ကြသော်လည်း ရန်ကုန်မြို့ ကြီးလောက်ကို အခြေအနေဆိုးဆိုးဝါးဝါးမရှိသေးခဲ့ကြကြောင်းကို နယ်အဆက်အသွယ်လင့်များကတဆင့်ကြားသိနေခဲ့ကြရသည်။

ရန်ကုန်မြို့ ၏ သပိတ်တပ်သားများနဲ့ သပိတ်ခေါင်ဆောင်းများအနေဖြင့် ၁၉၈၈သြဂုတ်လ (၈) ရက်နေ့ ၁၉၈၈-၈-၈ က စတင်မှောက်ထားခဲ့သော တနိုင်ငံလုံး သပိတ်ကြီးအား ပစ်ခတ်သတ်ဖြတ်မှုတွေကြားကပဲ ဆက်လက်သပိတ်တိုက်ပွဲဝင်းသွားကြမည်ဖြစ်ကြောင်း တနိုင်ငံလုံးရှိ သပိတ်စခန်းများကို နိုင်ငံခြားသတင်းဌာနများမှ တဆင့် တပ်လှန်ထာဆဲရှိသေးသည်။ ထိုအချိန်က သပိတ်၏တပ်ဦး၊ ကျောင်းသားအဖွဲ့ အစည်းများ၏ တပ်ဦးကို ရောက်ရှိနေကြသူများက ဘီဘီစီအသံလွှင်ဌာနကို အသုံးပြုကြပြီး တတိုင်းပြည်လုံးရှိ သပိတ်စခန်းများသို ဤနည်းဖြင့်သာ တပ်လှန့် ထားခဲ့ရခြင်းလဲဖြစ်ပြန်သည်။ ရန်ကုန်မြို့ တွင်း လုပ်ရှားနေကြသော တိုက်ပွဲဝင် သပိတ်ကျောင်းသားများ၏ အခြေအနေက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဌလဲဖြစ် နိုင်ငံတော်သမ္မတလဲဖြစ်သူ ဦးစိန်လွင်က သမ္မတရာထူးက နုတ်ထွက်ကြောင်း ကြေညာနုတ်ထွက်သွားသော်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ၏ နိုင်ငံရေးလဲကွက်ကို ချိန်ဆနေကြရသောအချိန်လဲဖြစ်တာကြောင်း အရင်(၄)ရက်လို့ လမ်းမပေါ် စစ်ကြောင်းအလိုက်ချီတက်ဆန္ဒပြကြရန် ချိန်ဆနေရသောအချိန်လဲ ဖြစ်သောကြောင့် အစိုးရဆန့် ကျင်ရေးစာမျာ လျှိုဝှတ်ဖြန့် ဝေခြင်း နံရံကပ်ဆန့် ကျင်ရေး စာစောင်များကပ်ခြင်းများကို ရန်ကုန်မြို့ ထဲတွင် ဆက်လက်လုပ်ဆောင်ကြကာ လူထုကို အချိန်ယူ စည်းရုံးနေကြရသော အချိန်လဲဖြစ်သည်။

၁၉၈၈သြဂုတ်လ ၁၆ရက်နေ့ မတိုင်ခင်အထိ သြဂုတ်လ(၁၂)ရက်နေ့ နောက်ပိုင်း (၄)ရက်ကြာ ရန်ကုန်ြိမို့ ကြီး၏ အခြေအနေက အထက်ပါအတိုင်းဖြစ်သော့သည်။ မြို့ ကြီးကို ညမထွက်ရအမိန့် ထုတ်ထားသည်။ လမ်းဆုံ လမ်းဂွ နှင့် ရန်ကုန်မြို့ ၏ မြို့ လယ်ခေါင် လမ်းမကြီးတိုင်း လူစည်ကားရာ အရပ်မှတ်သမျှ ပိတ်ဆို့ ထားခံရသည်။ စစ်သားများ၊ လုံထိန်းရဲများက သံဆူကြိုးတန်း အတားအဆီများနဲ့ လူစုလူဝေးမဖြစ်အောင် နည်းမြိုးစုံသုံးပြီး ရန်ကုန်မြို့ လမ်းမများပေါ်မှာရှိနေခဲ့ကြသည်။ ရန်ကုန်မြို့ ကြီးအတွင်းနေထိုင်ကြသူများ ရင်တထိတ်ထိတ်နဲ့  ဘာတွေဖြစ်ကြဦးမလဲ အတွေးကိုယ်စီများနဲ့ ညအိပ်စက်နေခဲ့ကြရသော နေ့ ရက်တွေဖြစ်သည်။ ထို့ အချိန် သပိတ်တိုက်ပွဲဝင်ကျောင်းသားများ၏ လှုပ်ရှားမှုများက စဉ်ဆက်မပျက်ရှိနေခဲ့ကြသလို လူစုစည်ဝေးတိုင်ပင်ရာ နေရာများလဲရှိနေခဲ့ကြပါသည်။ ရန်ကုန်တက္ကသိုလ်ပတ်ဝန်ကျင်၊ သရက်တောကျောင်းတိုက်၊ ရန်ကုန်ဆေးရုံကြီးတို့ ဖြစ်ကြသည်။ အဖွဲ့ အစည်းအချို့ ကလဲ မိမိတို့ အုပ်စုများနဲ့ မိမိတု့ စုရပ်အလိုက်ရှိနေခဲ့ကြသေးသည်။

၁၉၈၈ အရေးတော်ပုံသပိတ်တပ်၏ အဓိက ဆုံစည်းရာအရပ်က ရန်ကုန်မြို့ တော်ခန်းမနှင့် ရွှေတိဂုံဘုရားကြီးပေါ်ဖြစ်ခဲ့သော်လည်း ထိုနေရာများတွင် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းမှုများနဲ့  ဖရိုဖရဲ အသေအပျောက်၊ အဖမ်းအဆီး၊ ဒဏ်ရာများနဲ့  ပြိုကွဲပြီးနောက်မှာတော့ ရန်ကုန်ဆေးရုံကြီးသည် သပိတ်တပ်သားများ စုဝေးဆုံစည်းရာအရပ်တခုဖြစ်သွားတော့သည်။ အသေအပျောက်အလောင်းများကို ပြန်မရခဲ့သော်လည်း ထို(၄)ရက်အတွင်း စစ်တပ်က ပစ်သတ်ခဲ့ရာမှ မသေကြပဲ သေနတ်ကျည်သင့် သပိတ်တပ်သား (၁၂၆) က ရန်ကုန်အထွေထွေဆေးကုသရေး ရန်ကုန်ဆေးရုံးကြီးတွင် ဆေးကုသခံနေကြရသည်။ ထိုဒဏ်ရာရသူများကို အကြောင်းပြုပြီး ဆေးရုံကြီးဟာလဲ သပိတ်တပ်သားများစုဆုံရာနေရာဖြစ်လာခြင်းသာဖြစ်သည်။ ဒဏ်ရရသူများ၏ မိသားစုဝင်များအပြင် သူငယ်ချင်းများ၊ ရဲဘော်များနဲ့ အဆပေါင်းများစွာနဲ့  လူအင်းအားစုမိနေခြင်လဲဖြစ်သည်။ ဆေးရုံရှိ ဆရာဝန်များ၊ သူနာပြုများ၏ အရေးတော်ပုံ လှုပ်ရှာမှု သပိတ်အား ထောက်ခံမှုရရှိခဲ့ခြင်းအကြာင်းက ၁၉၈၈သြဂုတ်လ(၁၀)ရက်နေ့ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ အောက်ရှိ တပ်ခွဲတခွဲကို ဦးစီးခဲ့သူ ဗိုလ်မှုးစိုးဝင်း(နောင်နိုင်ငံတော်ဝန်ကြီးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ)က စစ်ဥပဒေထုတ်ပြန်ထားသည့်အတိုင်း ၅ ယောက်နဲ့ အထက် လူစုလူဝေးဖြစ်နေသော ရန်ကုန်ပြည်သူဆေးရုံကြီးရှေ့ သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်ဆေးရုံကြီးရှေ့ တွင် ဆန္ဒပြသပိတ်စစ်ကြောင်းများကို ရန်ကုန်မြို့ ၏ နေရာအနှံပစ်ခတ်ရာမှ ဒဏ်ရရှိသူများ တဖွဲ့ ပြီးတဖွဲ့ ကိုယ်လူကိုယ်သယ်လာကြပြီး ရောက်ရှိလာခဲ့ကြလို စစ်ကား(၂)ကလဲ သူတို့ ပစ်ခတ်လို ဒဏ်ရာရရှိပြီး မသေသေးသူတချို့ ကို ဆေးရုံကြီး အရေးပေါ်ဌာန အပေါက်ဝ အရှေ့ တွင် လာချပေးကာ ပြန်မောင်းထွက်သွားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဒဏ်ရရှိနေသူများကို လာပို့ ကြသူများနဲ့ အလုပ်များနေခဲ့ကြသည်။ ဒဏ်ရာရရှိသူများအတွက်က သွေးလှုရှင်များလဲ လိုအပ်သဖြင့် ဒဏ်ရာရသူများကို လာပို့ ကြသော သပိတ်မှောက် ကျောင်းသားများကပဲ သွေးပြန်လှုနေခဲ့ကြရသည်။ (၉)ရက်နေ့ နဲ့ (၁၀)ရက်နေ့ (၂)ရက်ထဲ သေနတ်ဒဏ်ရာများနှင့် ရောက်လာကြသူဦးရေးမှာ ရာဂဏန်နီးပါးရှိနေခဲ့သဖြင့် သွေးလှုရှင်များအပြင် ဆေးလှုရှင်များပါ လိုအပ်နေခဲ့သော အချိန်လဲဖြစ်သည်။ ထိုအခြေအနေမျိုးကို မကြုံဖူးကြသေးသော ဆရာဝန်များ၊ သူနာပြုများက ဒဏ်ရာရရှိရောက်ရျိလာကြသူများအပေါ် ခံစားနားလည်မိကြသဖြင့် ဆေးရုံကြီးဝင်၏ အရှေ့ ဖက်မျက်နှာစာတွင် ပိတ်ဖြူစပေါ်တွင် သဘောင်္ဆေးအနီရောင်ဖြင့်

''''''' ပြည်သူများအား ပစ်ခတ်ခြင်းမပြုကြရန် မေတ္တာရပ်ခံပါသည်'''''

ဟုသော စာတန်းပါ ပိတ်စဖြူတခုကို ချိပ်ဆွဲထားခဲ့ပြီး မိမိတို့ ဆီသို့  အသက်လုရန် ရောက်လာကြသော သေနတ်ဒဏ်ရာရ သပိတ်မှောက်ကျောင်းသားများကို အသက်လုယူ ကယ်တင်ရန် ကြိုးစာနေကြခြင်းဖြစ်သည်။ ထိုမြင်ကွင်ကို ရောက်လာခဲ့သူ ဗိုလ်မှုစိုးဝင်းအဖွဲ့ က ဆေးရုံဝင်အတွင်း လူစုလူဝေးဖြစ်နေကြသော သူနာပြုများနဲ့ ဆေးရုံဝင်းအတွင်းက မြင်မြင်သမျှ လူစုလူဝေးအား သေနတ်များဖြင့်ပစ်ခတ်တော့သည်။ ထိုပစ်ခတ်မှုများကြောင့် ဆေးရုံဝင်းကြီးတခုလုံ ၀ရုန်းသုန်းကာဖြစ်သွားရသည်။ ဆေးရုံအဆောက်အဦး၏ ပြတွင်ပေါက်များမှ တဆင့်ဝင်လာသော သေနတ်ကျည်ဆံများက ဆေးရုံအတွင်းနံရံများကို ဖောက်ဝင်ခဲ့ရပြီး ဆေကုသမှုခံနေကြသူမျာရော လူနာစောင့်မျာပါ ကုတင်အောက်ဝင်ရောက်ပုန်နေခဲ့ကြသည်။ ထိုပစ်ခတ်မှုဖြစ်ပွားခဲသောနေရာတွင်မှာပင် အရပ်သား(၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြရပြီး ဆေးရုံအမှုထမ်းများဖြစ်ကြသော သူနာပြုဆရာမ မရီရီစိန်၊ သူနာပြုဆရာမ မသောင်ခင်၊ အထူးသူနာပြုဆရာမ မစန်းစန်းအေ၊ အမျိုးသားသူနာပြု သင်တန်းသား ကိုမျိုးသန့် တို့ (၄)ဦးမှာလဲ ပြင်းထန်စွာ သေနတ်ဒဏ်ရာရရှိခဲ့ရသည်။ ထို့ အခြေအနေက ကျန်းမာရေးဝန်ထမ်းလောက တခုလုံးကို မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရတော့သည်။ ထိုကဲ့သို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၏ လူမဆန်သော စစ်ရာဇ၀တ်မှု ကျူးလွန်ချိုးဖောက်မှုများက ရန်ကုန်မြို့ လမ်းမကြီးများပေါ်မှ ရန်ကုန်မြို့ ပြည်သူဆေးရုံကြီးထဲသို့  မဖိတ်ခေါ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက ထိုသတင်ကို အစိုးရပိုင် မြန်မာ့အသံရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတို့ မှ မဟုတ်မမှန် လုပ်ဇာတ်ခင်းပြီး ဖုံးကွယ်ရန် ကြိုးစားခဲ့ပြန်သေးသည်။ ထို့ အတွက်ကြောင့် ကျန်းမာရေးဝန်ဆောင်မှု လောကတခုလုံးလဲ မကျေနပ်မှုများ ပိုမိုတိုးပွားလဲခဲ့ရတော့သည်။ ဆရားဝန်အသိုင်းအ၀ိုင်းကြား မည်သို့ လုပ်ဆောင်ကြမလဲဆိုသော ဆွေးနွေးမှုများ စတင်လာကြတော့သည်။

၁၉၈၈သြဂုတ်လ (၁၆)ရက်နေ့ တွင် ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန်မြို့ နယ်၊ ကန်တော်ကြီးအနီးရှိ သိမ်ဖြူလမ်းမကြီးပေါ်က အမှတ်(၂၄၉) ၊ မြန်မာနိုင်ငံဆရာဝန်အသင်းရုံးခန်းရှိရာ အသင်းတိုက်ရုံခန်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ နှင့် ရန်ကုန်အသင်းခွဲတို့ ၏ အရေးပေါ်အစည်းအဝေးကို ညနေ (၂)မှ စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ရန်ကုန်မြို့ ရှိ ဆေးရုံကြီးများမှ ဆရာဝန်ကြီးများ၊ အသင်းဝင်ဆရာဝန်များလဲ ထိုအစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးကျင်ပရခြင်းအကြောင်းအရင်းက သြဂုတ်လ(၁၀) နေ့ က စစ်တပ်က ရန်ကုန်ဆေးရုံကြီးဝင်အတွင်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သေကြေဒဏ်ရာရသူမရှိကြောင့်ကို အစိုးရပိုင် မီဒီယာများမှ ဖုံကွယ်ထားခြင်းအပေါ် သတင်းမှန်ထုတ်ပြန်ရန် လိုအပ်ကြောင်းကို ခေါ်ယူဆွေးနွေးတိုင်ပင်ခဲ့ကြခြင်းဖြစ်သည်။ အသင်း၏ဗဟိုဥက္ကဌက ထိုအကြောင်းအရာနဲ့ ပတ်သတ်လို့  အစိုးရ၏ ထုတ်ပြန်ချက်ကို မည်သို့ မှ မတုံ့ ပြန်စေချင်သော်လည်း အသင်း၏ အတွင်းရေးမှုးဖြစ်သူ စာရေးဆရာလဲဖြစ်သူ ဆရာကြီးဒေါက်တာအောင်ခင့်ဆင့်က အသင်းဥက္ကဌ၏ ဆန္ဒကို အတိုက်ခံပြုပြီး အသင်း၏ တာဝန်ရှိသူများ၏ ထောက်ခံမှုကိုရယူပြီး မြန်မာ့နိုင်ငံဆရာဝန်အသင်းဗဟို၏ အရေးပေါ် အစည်အဝေးထုတ်ပြန်ချက်ကို ထုတ်ပြန်နိုင်ရန် အားထုတ်ခဲ့သည်။ ထိုအရေးပေါ်အစည်းအဝေကို ၁၉၈၈ သြဂုတ်လ (၁၆)ရက် ညနေ (၄) အ ချိန်တွင် အားလုံး၏ သဘောတူညီချက်ကို ရယူက အများပြည်သူ သိရှိနိုင်ရန်အတွက် တရားဝင်ထုတ်ပြန်လိုက်တော့သည်။

ထို့ အရေးပေါ်အစည်းအဝေ၏ ဆုံးဖြတ်ချက်ကို အများပြည်သူကို အသိပေးစေယုံမကပဲ နိုင်ငံတော်ကောင်စီဥက္ကဌ ၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဟုလိပ်မှုတက်ကာ ပြည်သူလွတ်တော်ကြီးမှ အသစ်တင်မြောက်တော့မည့် နိုင်ငံတော်ကောင်စီဥက္ကဌလဲဖြစ် သမ္မတဖြစ်လာတော့မည့်သူအားရည်ရွယ်ထားခဲ့ကြသည်။ ဤမြန်မာ့နိုင်ငံဆရာဝန်အသင်းကြီး၏ဗဟိုအလုပ်မှုဆောင် အဖွဲ့ အရေးပေါ်အစည်းအဝေး၏ ထုတ်ပြန်ကြေငြာချက်သည် သမိုင်းဆိုင်ရာ အရေးကြီးသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ၏ စစ်ရာဇတ်ဆိုင်ရာ ချိုးဖောက်ခဲ့သော အထောက်အထားတခုလဲ့ဖြစ်ခဲ့ရသည်။ ထိုအချိန်က အရပ်နေ ပြည်သူများကြား ရန်ကုန်ဆေးရုံကြီးအား ပစ်ခတ်ခဲ့သော သို့လောသို့ လောဖြစ်နေခဲ့သော အရပ်သတင်းတခုအား အများပြည်သူသ်ရှိစေရန် သတင်မှန်တခုအဖြစ် ထုတ်ပြန်ပေးခဲ့သော ပညာတက်အသိုင်းအ၀ိုင်းအတွင်းမှ ဆရာဝန်လူတန်းစာတို့ ၏ ၁၉၈၈ အရေးတော်ပုံကြီးအား ထောက်ခံကြောင်းပြသရာလဲရောက်သွားခဲ့သည်။ ထို့အတွက် သပိတ်တခုလုံးကို အသေအကြေ ချေမှုန်းခံလိုက်ရသော ဖရိုဖရဲဖြစ်နေခဲ့သော ရန်ကုန်သပိတ်အင်းအားစုများအတွက် အသက်ပြန်ဆက်နိုင်သော ထောက်ခံမှုတခုဖြစ်သည်။ အရေးတော်ပုံသပိတ်ကြီးသည် ကျောင်းသားများ၊ ဘုန်းကြီးရဟန်များ၊ သာမန်လက်လုပ်လက်စား ဆင်းရဲသားများသာ ပါဝင်ခဲ့ရာမှ ပညာတက်အသိုင်းအ၀ိုင်းဖြစ်သော ဆရာဝန်လူတန်းစားတရပ်ပါ တရားဝင်ပါဝင်လာခဲ့သော နေ့ လည်ဖြစ်တော့သည်။ ထိုအရေးပေါ်အစည်းအဝေး၏ကြေငြာချက်ကို အသင်း၏ အတွင်းရေးမှုးဖြစ်သူ ဆရာကြီးဒေါက်တာအောင်ခင်ဆင့်က တာဝန်ယူထုတ်ပြန်ခဲ့သလို သူကိုယ်တိုင် ဦးဆောင်ခဲ့ခြင်းလဲဖြစ်သည်။

ထိုဆရာဝင်အသင်း၏ အရေးပေါ်အစည်းအဝေး ဆုံဖြတ်ချက်၏ ကြေငြာချက်ပါ အကြောင်းအရာများက အ ချက်(၂)သာ ပါသော်လည်း သမိုင်းဆိုင်ရာ အဖိုးမဖြတ်နိုင်သော ထုတ်ပြန်ကြေငြာချက်သာဖြစ်သည်။ တိုတိုနဲ့ လိုရင်ရောက်သည်။-------

(၁) မိဘပြည်သူ၊ လုပ်သားပြည်သူများ၏ ကျန်းမာရေးအတွက် ဆေးဝါးသုသရန်နှင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ကယ်ဆယ်ရန်ဖွင့်လှစ်ထားသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းသို့ (၁၀-၈-၈၈) နေ့ ရက်တွင်၊ သေနတ်ပစ်ခံရခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများဖြစ်သော သူနာပြုဆရာမ မရီရီစိန်၊ သူနာပြုဆရာမ မသောင်ခင်၊ အထူးသူနာပြုဆရာမ မစန်းစန်းအေ၊ အမျိုးသားသူနာပြု သင်တန်းသား ကိုမျိုးသန့် တို့ (၄)ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့ရပြီး လူထုထံမှ (၂) အသက်ရှုံးခဲ့ရသည့်အတွက် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် အထူးပဲ ကြေကွဲဝမ်းနည်းခဲ့ရပါသည်။

(၂) ပြည်သူတို့ ၏ ကျန်းမာရေးအတွက် တာဝန်ထမ်းဆောင်နေရသည့် ဌာနများဖြစ်သော ဆေးရုံများအားလုံးတွင် ထိုကဲ့သို့ မလိုလားအပ်သော ပြုမှုချက်များကို ထပ်မံမပြုလုပ်စေရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

ထို့ အချိန်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအောက် အမှုထမ်းဆောင်နေကြသူများက အစိုးရကို ကြောက်ရွံ့ ပြီး ရေငုံနုတ်ပိတ်မသိချင်ရောင် ဆောင်နေကြချိန်တွင် ထိုစစ်ရာဇ၀တ်မှုအတွက် အချက်အလတ်အထောက်အထားများပါသော ကန့် ကွတ်သည့် ထုတ်ပြန်ချက်က မေတ္တာရပ်ခံအပ်ပါသည်ဆိုသော်လည်း သမိုင်းတန်းဖို့ အရ အတော်အရေးပါခဲ့သည်။ ထိုကဲသို့  သမိုင်းဆိုင်ရာအရေးကြီးလှသော အချိန်တွင် သပိတ်တော်လှန်ရေး၏ အခြေအနေက မရေမရာ အရှုံးအနိုင်မသဲကွဲသေးချိန်တွင် ဆရာကြီး အောင်ခင်ဆင့်၏ သမိုင်ဆိုင်ရာ ပါဝင်ပတ်သတ်မှုက အရေးပါခဲ့ရသည်။ ထိုနောက်ပိုင်း ဒေါက်တာမောင်မောင်သမ္မတဖြစ်ချိန် သပိတ်စခန်းများတနိုင်ငံလုံးပေါ်ပေါက်လာခဲ့တော့သည်။ ဒီမိုကရေးစီရရှိရေး၊ ပါတီစုံစနစ်ကျင်သုံးရေး၊ ကြားဖြတ်အစိုးရဖွဲ့ စည်းရေး ပြည်သူလူထု၏ တောင်းဆိုချက်များမြှင်တက်ချိန်ရောက်ရှိလာခဲ့ပြီး နောက်(၂)ပတ် ၁၉၈၈စက်တင်ဘာလ (၁) ရက်နေ့ မှာတော့ ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်းမကြီးပေါ်ရှိ ကျန်းမာရေးဦးစီဌာန အဆောက်အဦး၏ အစည်ဝေးခန်းမကြီးတွင် ပြုလုပ်ခဲ့သော ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ရန်ကုန်မြို့ ပေါ်ရှိ ဆေးရုံကြီးများ ၊ အထူးကုဆေးရုံကြီးမျာ၊ မြို့ နယ် ကျန်းမာရေးဌာနများ ၊ ဒေသန္တရ ကျန်းမာရေးဌာနများ၊ သင်းတန်ကျောင်းများမှ ကိုယ်စလှယ်များ စုဝေးကာ ကျန်းမာရေး ဆေးဝန်ထမ်းများဆိုင်ရာ ယာယီသမဂ္ဂကို ဖွဲ့ စည်းခဲ့ရာမှာလဲ ဆရာကြီး ဒေါက်တာ အောင်ခင်ဆင့်က သမဂ္ဂ၏ ဥက္ကဌ တာဝန်ကိုယူပေးခဲ့သည်။ သမဂ္ဂ၏အတွင်းရေးမှုးမှာ ဒေါက်တာလှမြင့်(အဟာရ)၊ ဘဏ္ဍရေးမှုးအဖြစ် ဒေါက်တာဦးမင်းဆွေတို့ ဖြစ်ကြသည်။

ဆရာကြီး၏ ငယ်စဉ်အခါမှစတင်ပါဝင်ခဲ့သော သမိုင်းဆိုင်ရာတန်ဖို့းများက အဖိုးမဖြတ်နိုင်ချေ။ ဆရာဗန်မော်တင်အောင်၏ သမိုင်းဝင် စကားတခွန်သည် သူလို လူမျိုးအားရည်ရွယ်ကာ ပြောခဲ့ခြင်းဖြစ်သည်။ ထို့ စကားသည်က------

''''''လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျောလွှာခဲ့တဲ့ ခေတ်ကြီးက သူပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုး ထမ်းဆောင်ခဲ့သည်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ။''''''''

အဲ့ဒီလို ဆရာဗန်မော်တင်အောင်က ပြောကြားခဲ့ဖူးသည်။ ထို့ စကားလုံးများက ဆရာကြီးအတွက် ကွက်တိကျသော စကားလုံးများဖြစ်တော့သည်။ ၁၉၈၈ အရေးတော်ပုံကြီးအား အသက်ဆက်ပေးစေနိုင်သော ကြေညာချက်အတွက် သူအား ကျနော်အမြဲတမ်းဦးညွတ်ဂုဏ်ပြုနေမည်သာ ဖြစ်သည်။

ထွန်းထွန်း (အရေးတော်ပုံတပ်သား)

၀၅-၀၉-၁၈

No comments:

Post a Comment