Latest News

Friday, October 5, 2018

သာပေါင်းမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင် အသတ်ခံရပြီး အရေခွံများထားကြောင်းတွေ့ရှိရ

သာပေါင်းမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင် အသတ်ခံရပြီး အရေခွံများထားကြောင်းတွေ့ရှိရ

သာပေါင်း  အောက်တိုဘာ ၅

      ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ ကျိန္တလီကြိုးဝိုင်း၊ အကွက် အမှတ်(၂၂၅)အတွင်း၌ အောက်တိုဘာ(၄)ရက် နံနက်(၁ဝ)နာရီအချိန်ခန့် တောဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်းသတင်းအရ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးအဖွဲ့၊ ဘုရားကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပါဝင်သောပူးပေါင်း အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ရာ နံနက်(၁ဝ)ဝန်းကျင်ခန့်၌ တောဆင်ရိုင်းသေဆုံးနေသည့်နေရာသို့ရောက်ရှိခဲ့ကြသည်။

အသတ်ခံထားရသော ပုတ်ပွနေသည့် ဆင်မှာအရေခွံများနွှာ ထားသည်ကိုတွေ့ရှိရပြီး အနီးဝန်းကျင်တွင် ကြပ်တိုက်စင်(၁)ခု၊ အခြောက်လှန်းရန်ပြုလုပ်ထားသောစင်(၁)ခုတို့ကိုတွေ့ရှိခဲ့သည်။

အရေခွံနွှာထား သောဆင်သည် ဆင်အထီးဟုယူဆရကာ မသမာသူဆင်သတ်မုဆိုးများ၏လက်ချက်ကြောင့် လွန်ခဲ့ သော(၅)ရက်ခန့်က အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၏မှတ်တမ်းများအရသိရှိရသည်။

''ဆင်သတ်တဲ့မုဆိုးတွေကိုဖမ်းဆီးရမိရေးအတွက် အားလုံးဝိုင်းဝန်းပိတ်ဆို့ပြီးလိုက်နေတယ် ဆင်အသတ်ခံ ရတဲ့နေရာက သွားလာရအလွန်ခက်ခဲတဲ့နေရာလဲဖြစ်တော့ ဒေသခံတွေအကူအညီနဲ့ ဆင်ပစ်တဲ့အဖွဲ့တွေ ဘယ်မှာရှိတယ် ဘယ်သူတွေဖြစ်နိုင်တယ် ဆိုတာကို ဆက်လက်စုံစမ်းတုန်းပဲ ရှိသေးတယ်''သာပေါင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ပြောကြားသည်။

ကိုလွင်(ဆွာ)

No comments:

Post a Comment