Latest News

Thursday, October 4, 2018

မြောင်းမြကနာမည်​ကြီးခါးပိုက်​နှိုက်​ပုသိမ်​မြို့အစိုးရဘဏ်​ထုတ်​ချိန်​ခါးပိုက်နှိုက်​​တာမိပြီ

မြောင်းမြကနာမည်​ကြီးခါးပိုက်​နှိုက်​ပုသိမ်​မြို့အစိုးရဘဏ်​ထုတ်​ချိန်​ခါးပိုက်နှိုက်​​တာမိပြီ



မြောင်းမြ ​အောက်​တိုဘာ၎ ရက်

ဖြစ်​စဉ်​မှာဧရာဝတီတိုင်း​ဒေသကြီးအိမ်​မဲမြို့နယ်​​ခြောက်​အိမ်​တန်း​ကျေးရွာအုပ်​စု ကြံ​ချောင်း​လေး​ကျေးရွာ​နေထိုင်​သူ ဖခင်​.ဦး​အေးမြင့်​နှင့်​သားဖြစ်​သူ​မောင်​ပြည့်​ဖြိုး​အောင်​တို့သားအဖနှစ်​​ယောက်​ ပုသိမ်​မြို့ မြန်​မာစီးပွား​ရေးဘဏ်​တွင်​​ငွေ ၂၄သိန်းထုတ်​ပီးမီးနစ်​ပိုင်းအတွင်း​ငွေပြန်​စစ်​ကြည့်​ရာ၁၄သိန်းသာ​တွေ့ရှိပြီး တစ်​​သောင်းတန်​အုပ်​တစ်​အုပ်​​ငွေကျပ်​၁၀.သိန်း​ပျောက်​ဆုးံ​နေသည်​ကို​တွေ့ရှိရသဖြင့်​ဘဏ်​တွင်​တပ်​ဆင်​ထား​သောcctvမှတ်​တမ်းကိုပြန်​လည်​စစ်​​ဆေးရာခိုးယူနှိုက်​သွားသည်​ကို​တွေ့ရှိရသဖြင့်​ပုသိမ်​မြို့နယ်​​မြေ.မြို့မရဲစခန်းတွင်​အမှုဖွင့်​လှစ်​ခဲ့ပါသည်​.

တရားခံမှာမည်​သူမည်​ဝါမသိသဖြင့်​မမိခဲ့ပဲရွာသို့ပြန်​လာခဲ့ပြီး ​မောင်​ပြည့်​ဖြိုး​အောင်​မှ​ဖေ့ဘုတ်​တွင်​သူငယ်​ချင်းဖြစ်​သူ ကျွန်​​တော်​ရ​ဝေ​မောင်​အား စီစီတီဗွီမှတ်​တမ်းမှရိုက်​ယူလာ​သောဓာတ်​ပုံမှတ်​တမ်းနှင့်​ဗွီဒီယိုမှတ်​တမ်းများ​ပေးပို့ပြီး​မေးမြန်းရာ​မြောင်းမြမှနာမည်​ကြီးခါးပိုက်​နှိုက်​စံဖဲ(ခ)​မောင်​​မောင်​နိုင်​(ဘ)ဦးမြင့်​​အေးမြရတနာဘီကွင်း​မြောင်းမြမြို့မှဖြစ်​​နေ​သော​ကြောင့်​​မြောင်​မြမြို့မရဲစခန်းမှစခန်းမှူးအားအကူညီ​တောင်း၍စခန်းမှူးကြီးမှနယ်​ထိန်းအင်​ချပ်​နှင့်​အဖွဲ့တို့သည်​တရားခံဖမ်းမိ​ရေးကိုမြရတနာအုပ်​ချုပ်​​ရေးမှူးနှင့်​ရာအိမ်​မှူးဆယ်​အိမ်​မှူးနှင့်​ရပ်​မိရပ်​တို့ပူ​ပေါင်းပါဝင်​ဖမ်းမိခဲ့ခြင်းဖြစ်​​ကြောင်း ​မောင်​စံဖဲကိုဖမ်းမိစဉ်​ခိုးယူထား​သော​ငွေကျပ်​၁၀.သိန်းမှလတ်​တ​လော၈သိန်း၅​သောင်းပြန်​ရရှိခြင်း အမှုကိုပုသိမ်​နယ်​​မြေမြို့မရဲစခန်းမှ(ပ)၄၄၂/၂၀၁၈ရာဇသတ်​ကြီးပုဒ်​မ၃၈၀ဖြင့်​အမှုဖွင့်​ထားပြီးတရားခံအားမနက်​ဖြန်​တွင်​​မြောင်းမြရဲစခန်းမှလွှဲပြောင်း၍ပုသိမ်​သို့​ခေါ်​ဆောင်​မည်​ဖြစ်​​ကြောင်းသတင်းရရှိပါသည်​.

ရ​ဝေ​မောင်​.​မြောင်းမြ
MyaungMya Daily


No comments:

Post a Comment