လာလီဂါရဲ့ ၂ဝ၁၈-၁၉ ရာသီကတော့ အခုမှစတင်တုန်းလို့ဆိုရမယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြည်တွင်းပြိုင်ပွဲတွေမှာတော့ အအောင် မြင်ဆုံးအသင်းအဖြစ် ရှိနေခဲ့တယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ စိတ်ထဲမှာ သဘောမကျမိတာက အသင်းရဲ့အဓိကပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းက ချန်ပီယံလိဂ် ဆုဖလား သုံးနှစ်ဆက်တိုက် ရယူသွားတာ ဖြစ်ပါတယ်။
ဒီနှစ်ရာသီအစကတည်းက အသင်းရဲ့ ကပ္ပတိန်သစ်ဖြစ်လာခဲ့တဲ့ မက်ဆီကတော့ ဒီရာသီ မှာ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုထားခဲ့တယ်။ ဒါကြောင့်လည်း ဘာစီလိုနာပရိသတ်တွေကတော့ ဒီနှစ်ရာသီကို မျှော်လင့်ချက်တွေအပြည့်နဲ့ စောင့်ကြည့်နေခဲ့ကြတယ်။ ဒါပေမယ့်အရာ အားလုံးကထင်သလို ဖြစ်မလာခဲဘူး။ ဘာစီလိုနာ အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စပိန်လာလီဂါ သုံးပွဲမှာတစ်ပွဲရှုံး၊ နှစ်ပွဲသရေကျခဲ့တာကြောင့် ခုနစ် မှတ်ဆုံးရှုံးထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုအရေး ကြီးတာက ဘာစီလိုနာရဲ့ အရှိန်အဝါတွေ ကင်းမဲ့ နေသလိုခံစားရခြင်း ဖြစ်တယ်။ ဒါကြောင့် အခုလို အခြေအနေမျိုးတွေကို ဗယ်လ်ဗာဒီ အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေ အရ ဘာစီလိုနာအသင်းအနေနဲ့ အချိန်မီပြုပြင်ဖို့ လိုနေတဲ့ အချက်တွေက ဘာဖြစ်မလဲ။
ခြေစွမ်းကျလာတဲ့ဆွာရက်ဇ်
ဆွာရက်ဇ်ရဲ့ ဘာစီလိုနာကစားသမားဘဝ အကောင်းဆုံးအချိန်က ၂ဝ၁၅-၁၆ ရာသီလို့ ပြောရ မယ်။ အဲဒီနောက်ပိုင်း သူ့ရဲ့အကောင်းဆုံးခြေစွမ်း ကိုတော့ လက်ရှိအချိန်အထိ ဘာစီလိုနာမှာ မတွေ့ရတော့တာက အမှန်လို့ဆိုရမယ်။ ဒါပေမယ့် သူက လက်ရှိအချိန်အထိ ကြိုးစားကစားပေးနေ တုန်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းအနေ နဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဂရစ်ဇ်မန်းက အက်သလက်တီကို အသင်း မှာပဲ ဆက်လက်ရှိနေခဲ့တယ်။ ဒါကြောင့် ဆွာရက်ဇ်ကလည် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပိုနေမြဲကျားနေမြဲ ဆက်လက်ရှိနေခဲ့တယ်။ ဒါပေမယ့် တစ်နေ့ ရွှေ၊ တစ်နေ့ ငွေဖြစ်နေတဲ့ ဆွာရက်ဇ်ရဲ့ ခြေစွမ်းအပေါ်မှာတော့ ဘာစီလိုနာ အသင်းဟာ မှီခိုလိုမရတော့ဘူးဆိုတာက ပိုပြီး သေချာလာခဲ့တယ်။
အသင်းနဲ့ အသားမကျတဲ့ ဒမ္ဘီလီ
ဒမ္ဘီလီဟာ ဒီနှစ်ရာသီမှာတော့ လာလီဂါ ခုနစ်ပွဲမှာ သုံးဂိုးအထိ သွင်းယူပေးထားနိုင်တယ်။ ဒါဟာပြီးခဲ့တဲ့ရာသီမှာ ကစားခဲ့တဲ့ ၁၇ ပွဲ သွင်းယူ ခဲ့တဲ့ ဂိုးအရေအတွက်နဲ့ အတူတူလို့ဆိုရမယ်။ ဒါကို ကြည့်မယ်ဆိုရင်တော့ သူဟာကြိုးစားရင် ကြိုးစားသလောက်ခြေစွမ်းထက် သူလို့ဆိုနိုင်တယ်။ ဒါပေမယ့် ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ရာသီကထက် အသင်းမှာ ပိုပြီးအသားကျလာပေမယ့် တိုးတက် မှုတွေရရှိဖို့ကတော့ လိုအပ်နေသေးတယ်။
အခုမှ သူ့အတွက် ဒုတိယရာသီဖြစ်တာ ကြောင့် ဝေဖန်မှုတွေပြုလုပ်ဖို့ စောလွန်းနေသေး တယ်လို့တော့ ပြောကောင်းပြောနိုင်တယ်။ ပြီးခဲ့တဲ့ ရာသီကလည်း ဒဏ်ရာကြောင့် တစ်ရာသီလုံး မကစားရတာကလည်း ထည့်တွက်စရာတစ်ခု ဖြစ် တယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကို ပေါင် ၁၄၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားတစ်ဦး အပေါ်မှာ ကြီးမားတဲ့မျှော်လင့်ချက်တွေ ထားတာ ကတော့ မများလွန်းဘူးလို့တော့ ဆိုရမယ်။ လက်ရှိ အချိန်မှာ သူ့အနေနဲ့ အစွမ်းကုန် ခြေစွမ်းမပြနိုင် တာကလည်း ဘာစီလိုနာအသင်းအတွက် လိုအပ် ချက်တစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။
ခံစစ်ပိုင်းတိုးတက်မှုလိုအပ်ချက်
ဘာစီလိုနာအသင်းရဲ့ အဓိကပြဿနာကို ပြပါ ဆိုရင်တော့ ခံစစ်ပိုင်းချည့်နဲ့မှု ပြဿနာလို့ ပြောရ မှာပါ။ ခံစစ်မှူး အမ်တီတီကလည်း ဒူးဒဏ်ရာ ကြောင့် လပေါင်းများစွာ အနားယူဖို့ ရှိနေတာ ကလည်း နည်းပြ ဗယ်လ်ဗာဒီအတွက် အခက်အခဲ တွေ ပိုမိုကြုံတွေ့ရတာ ဖြစ်ပါတယ်။
ဒီနှစ်ရာသီမှာ ပီကေးက အာရုံစိုက်မှုတွေ ကင်းမဲ့နေပြီး မမှားသင့်တဲ့ အမှားတွေကြောင့် ဘာစီလိုနာအသင်း ဂိုးပေးလိုက်ရတာ တွေ့ရှိ နေခဲ့တယ်။ အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် လန်လတ်ကလည်း အသင်းမှာ အကောင်းဆုံး ဝင်ကစားဖို့က အဆင်သင့် မဖြစ်သေးဘူး။ ဒါကြောင့် ဘာစီလိုနာအသင်း ခံစစ်ပိုင်းမှာတော့ အင်အားပြည့်နဲ့ ကောင်းကောင်းမွန်မွန် ကစား နိုင်တဲ့ ကစားသမားဆိုလို့ ဂျော်ဒီအယ်လ်ဘာနဲ့ ဆီမီဒိုတို့သာ ရှိနေတယ်။
မက်ဆီအပေါ် အလွန်အမင်းအားကိုးခြင်း
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အသင်း ရဲ့ ရှုံးနိမ့်နေတဲ့အခြေအနေတွေမှာတော့ အသင်းကို ကယ်တင်ရှင်တစ်ဦးအနေနဲ့ ကယ်တင်နိုင်မှုတွေရှိ ခဲ့တာကိုတော့ မကြာခဏဆိုသလို တွေ့ မြင်ခဲ့ကြရ ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာလောက် ကစား သမားတစ်ဦးတည်းအပေါ် အားကိုးလွန်းတဲ့အသင်း က မရှိဘူးပြောရင် လွန်မယ်တောင် မရှိပါဘူး။
မက်ဆီဟာ ဘာစီလိုနာအသင်းကို နှစ်ပေါင်း များစွာ ကယ်တင်မှုတွေ ပြုလုပ်ပေးခဲ့ပြီးပြီ။ အခု ဆိုရင် မက်ဆီရဲ့ အသက်ကလည်း ၃၁ နှစ် ရှိလာ ခဲ့ပြီး ဒါဟာ တိုက်စစ်မှူးတစ်ဦးအတွက်တော့ အကျ ပိုင်းကို ဦးတည်လာပြီဆိုတာ ဘယ်သူကမှ ငြင်းဆို လို့မရတဲ့အရာပါ။ ဒါကြောင့် ဘာစီလိုနာအသင်း အနေနဲ့ မက်ဆီမရှိမယ့် နောက်ပိုင်းအချိန်ကိုလည်း စဉ်းစားထားဖို့တော့ လိုအပ်နေပြီလို့ ဆိုရမှာပါ။
ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိအခြေအနေတွေကို အချိန်မီပြင်ဆင်မှုတွေ ပြုလုပ်မှုတွေ မရှိဘူးဆိုရင်တော့ ဒီထက်ပိုပြီး ဆိုးရွားတဲ့ရာသီတွေ ကြုံတွေ့လာနိုင်ဖို့ ရှိတယ် လို့သာ ဆိုလိုက်ချင်ပါတယ်။
အောင်က
No comments:
Post a Comment