အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေး(၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
နှစ်စဉ်ကျင်းပပူဇော်မြဲဖြစ်သော ရှမ်း ပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ နယ် အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဒေသဝဲ၊ ယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံပင့်ဆောင် ပွဲ မင်္ဂလာအခမ်းအနားကို အောက်တို ဘာ ၁ဝ ရက် နံနက် ၆ နာရီတွင် ရုပ်ရှင်တော်မြတ်များ ထာဝရ သီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးစံ ကျောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ရွှေမြို့ နယ်အုပ်ချုပ်ရေးမှူးက ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ အင်းလေးဒေသ ဝဲ၊ ယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံပါမည့်အကြောင်း ပင့်ပန် လျှောက်ထားလွှာကို ဖတ်ကြား လျှောက်ထားပြီး ရှမ်းပြည်နယ် ဗမာ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီ၊ အသင်းအဖွဲ့များ မှ တာဝန်ရှိသူများ၊ ဖောင်တော်ဦး မြတ်စွာဘုရား ဂေါပကအဖွဲ့ဝင်များ က ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော်အသီးသီးတို့ကို အစီ အစဉ်အတိုင်း ပင့်ဆောင်ပူဇော်ခဲ့ကြ သည်။
အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် ယနေ့ တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ် ပြီး နောက်နေ့တွင် ဟဲယာရွာမသို့ ဆက်လက် ကြွချီအပူဇော်ခံမည်ဖြစ် ကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)
Saturday, October 13, 2018
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေး(၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေး(၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Reviewed by Ar Ti
on
9:45 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment