အောက်တိုဘာ ၁၃ ။ ။ ဘိုကလေးမြို့နယ်၊စည်ပင်သာယာရေးအဖွဲ့ ငွေကြေးများအား ငွေစာရင်းကိုင်အမျိုးသမီးတစ်ဦးက အလွဲသုံးစား ပြုပြီး ထွက်ပြေးသွားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။
“ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ငွေစာရင်းကိုင်ပေါ့၊ သူက ငွေစာရင်းကိုင်လုပ်တာ ဆယ်နှစ်လောက် ရှိပြီးပေါ့။ ဘိုကလေး စည်ပင်သာယာငွေစာရင်းကို ချက်လက်မှတ်ကို ပြန်ပြင်ထုတ်တာတို့၊ ချက်လက်မှတ်မှာ ပါတဲ့ငွေကြေးကိန်းဂဏန်းကို ပြန်ပြင်ပြီး ထုတ်တာတို့၊ ချက်လက်မှတ်ကို ခိုးပြီး သူသဘောနဲ့ သူ ထုတ်တာလိုက်တာတို့၊ သူထွက်ပြေးသွားတဲ့အခါမှ စိစစ်တွေ့ ရှိရတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
ဆုံးရှုံးမှု ခန့်မှန်းငွေကြေး သိန်း ၄၀၀ ၀န်းကျင်ခန့်ဟု စစ်ဆေးတွေ့ရှိရကြောင်း ဘိုကလေးမြို့နယ် စည်ပင်သာယာမှ သိရသည်။
“ ဌာနငွေတွေကို သူတို့ အလွဲသုံးစားပြုလုပ်ပြီး သူတို့ နောက်ကို ပါသွားတယ်။ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးခိုင်းထားတယ်၊ ဆုံးရှုံးမှုက ခန့် မှန်းခြေ သိန်း၃၀၀၊ ၄၀၀လောက်တော့ ရှိမယ်လို့တော့ ခန့်မှန်းရတာပဲ။ အတိအကျတော့ မသိသေးပါဘူး။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြီးသွားရင် အတိအကျတော့ သိရမယ်” ဟု ၀န်ကြီးက ပြောသည်။
လက်ရှိတွင် ဌာနဆိုင်ရာငွေကြေးကို အလွဲသုံးစားပြုထားသည့် ဘိုကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ငွေစာရင်းကိုင် ဒေါ်နီနီဝင်းကို ရဲစခန်းတွင် တိုင်ချက်ဖွင့်လှစ်ထားသည်။
၎င်းကို စည်ပင်သာယာဝန်ထမ်းအဖြစ်မှ ယာယီ ရပ်ဆိုင်းထားပြီး ဌာနဆိုင်ရာစုံစမ်းစစ်ဆေးတွေ့ ရှိမှုအပေါ် မူတည်၍ တရားစွဲဆိုအရေးယူသွားမည်ဟု လတ်တလော သိရသည်။
ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ ငွေစာရင်းကိုင် ဒေါ်နီနီဝင်းသည် စည်ပင်သာယာရေးငွေများကို အလွဲသုံးပြုထုတ်ပြေးသွားပြီးနောက် ရန်ကုန်မြို့ရှိ ၄င်းမိဘများ နေထိုင်ရာအိမ်သို့ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအလုပ်အမှုဆောင်အရာရှိနှင့်တာဝန်ခံအင်ဂျင်နီယာတို့က သွားရောက်ရှာဖွေရာ မတွေ့ရှိကြောင်း သိရသည်။
Crd _ Mizzima
No comments:
Post a Comment