ထိုင်းနိုင်ငံ ဗန်ကောက် - မဲဆောက်လမ်းပိုင်းတွင်
ယာဉ်မတော်တဆမှုကြောင့် မြန်မာအလုပ်သမား ၁၁ ဦး သေဆုံး
နေပြည်တော် အောက်တိုဘာ ၂၁
ထိုင်းနိုင်ငံ ဗန်ကောက် - မဲဆောက်လမ်းပိုင်းတွင် အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီခန့်က မြန်မာ အလုပ်သမား ၁၄ ဦး လိုက်ပါလာသည့် မော်တော်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်မိ၍ ယာဉ်မောင်းအပါအဝင် ၁၁ ဦး သေဆုံးကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံး က သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦးအပါအဝင် ၁၅ ဦး လိုက်ပါလာသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်သည် ဗန်ကောက်မြို့အနီးရှိ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်မြို့မှ မဲဆောက်မြို့သို့ မောင်းနှင်လာစဉ် ကန်ဖယ်ဖစ်ခရိုင် ခေါင်းခူမြို့နယ် လုံစီခုံဒစ်(ခ်ျ)အနီးကားလမ်း မိုင်တိုင် ၄၂၁ ကီလိုမီတာ၌ လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့မှု ဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် ယာဉ်မောင်း အပါအဝင် မြန်မာအလုပ်သမားကိုးဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ခုနစ်ဦးကို ဆေးရုံသို့ ပို့ဆောင် ထားစဉ် မြန်မာအလုပ်သမား နှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးကို ကန်ဖယ်ဖစ်ဆေးရုံနှင့်Klong Kronk ဆေးရုံများတွင် ကုသလျက်ရှိသည်။ မြန်မာအလုပ်သမားများအတွက် လိုအပ်သည့်အုပ်ချုပ်မှု ကိစ္စရပ်များကို ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးမှ အလုပ်သမားသံအရာရှိ ဦးအောင်မင်းက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးနေပြီး မြန်မာ အလုပ် သမားများနှင့် ပတ်သက်သည့် သတင်းအချက်အလက် များကို စိစစ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အလုပ် သမား သံအရာရှိရုံးက ကြေညာထားသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းနိုင်ရန် အလုပ်သမားသံအရာရှိရုံး ဖုန်း-ဦးစန်းမောင်ဦး ဝ၉-၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂ဝ၆၉၅၂၊ ဦးအောင်မင်း ဝ၆၅၃၂ဝ၆၉၅၃၊ ဦးဇော်မင်းအောင် ဝ၆၅၂၂ဝ၆၉၅၁ နှင့် ဦးဦးခင်မောင် ဝ၉-၉ဝ၅၉၂၃၅၂ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
မောင်ယဉ်ကျေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment