ပြေးလမ်းချော်တိမ်းမှောက်၊ လူ ၁၇ ဦးသေဆုံး
တရုတ်(တိုင်ပေ) အောက်တိုဘာ ၂၁
တရုတ်(တိုင်ပေ) အရှေ့မြောက်ပိုင်း ယီလန်မြို့တွင် ခရီးသည်တင်မီးရထားတစ်စင်း လမ်းချော်တိမ်းမှောက်ခဲ့ရာ လူ ၁၇ ဦးအနည်းဆုံးသေဆုံးခဲ့ပြီး ၁၂ဝ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
တိမ်းမှောက်ခဲ့
ခရီးသည် ၃၆၆ ဦးကို သယ်ဆောင်လာခဲ့သော အဆိုပါရထားသည် အောက်တိုဘာ ၂၁ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၄ နာရီ မိနစ် ၅ဝ တွင် ¤င်း၏တွဲဆိုင်း အားလုံး ပြေးလမ်းချော်ခဲ့ပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးဆောင်ရွက်
ရထားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ် ရေးလုပ်သားများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိသည်။ ရထားအတွဲများအတွင်း ပိတ်မိနေသူ တစ်ဦးတစ်ယောက်မျှမရှိနိုင်ကြောင်း ကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။
ရဲအရာရှိများက အဆိုပါအခင်းဖြစ်ပွားမှု၏ အကြောင်း ရင်းခံကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
Mirror
No comments:
Post a Comment