Latest News

Monday, October 1, 2018

ကျောင်းကုန်းမြို့ စာရင်းစစ်ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဓါးထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရ

ကျောင်းကုန်းမြို့ စာရင်းစစ်ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဓါးထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရ

စက်တင်ဘာလ၂၉၊၂၀၁၈

         ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ရန်ကုန်ကားလမ်းဘေးကျောင်းကုန်းမြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းအိမ်ယာအတွင်း ရုံးဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးအား ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

       စက်တင်ဘာလ၂၈ ရက်ည၈နာရီအချိန်ခန့်တွင် ကျောင်းကုန်းမြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ယာလိုင်းခန်းအမှတ်၂တွင် စာရင်းစစ်ရုံးစာရေးဖြစ်သူ မခိုင်ဇာခြည်အေး ၂၅ နှစ်(ဘ)ဦးမြရွှေသည် နေအိမ်ဧည့်ခန်းအတွင်း မီးပူတိုက်နေစဉ် နေအိမ်နောက်ဖေးမှ အမည်မသိအမျိုးသားတစ်ဦးဝင်ရောက်လာပြီး မခိုင်ဇာခြည်အေး၏မျက်နှာကို လက်သုတ်ပဝါဖြင့်အုပ်၍ အသင့်ပါလာသောဓါးဖြင့်ထောက်ပြီး ချိန်းခြောက်မှုပြုလုပ်နေစဉ် မခိုင်ဇာခြည်အေးမှရုန်းကန်၍ အိမ်နီးနားချင်းများအား အော်ဟစ်အကူအညီတောင်းရာ အမည်မသိအမျိုးသားမှ ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့ရာ မခိုင်ဇာခြည်အေး၏ယာဘက်ခါးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိသွားခဲ့ပြီး ရဲတပ်ဖွဲ့ဆေးစာဖြင့် ကျောက်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူစေလျှက်ရှိကြောင်းသိရသည်။
         အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ ပြစ်မှုကျူးလွန်သူအမည်မသိအမျိုးသားအား ကျောင်းကုန်းမြို့မရဲစခန်းမှာ (ပ)၃၃၅/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၄၅၂/၃၂၄ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး ရှာဖွေလုပ်ဆောင်နေကြောင်းသိရသည်။
**************************
သတင်း(ကျော်စွာကြီး)Really Times
 ဓါတ်ပုံ : Crd

No comments:

Post a Comment