Latest News

Monday, October 1, 2018

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင် Express ၂ စီးတိုက်မိ၊ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင် Express ၂ စီးတိုက်မိ၊ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိ

နေပြည်တော် ၂ အောက်တိုဘာ

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၂၉ အနီးတွင် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီခန့်က ခရီးသည်တင် Express ၂ စီးတိုက်မိ၍ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၄၂ ဦး အတွင်းလူနာအဖြစ် နေပြည်တော် ကုတင် ၁၀ဝဝ ဆေးရုံကြီးတွင် တင်ထားရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ယနေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက်နေ့ ည ၁၁ နာရီက လေအိတ်ပေါက်၍ ရပ်နားပြုနေသော ကျေးဇူးရှင် ဘုရားဖူးယာဉ်ကို အရိဒ္ဒမာ ခရီးသည်တင် Express က ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုမှာ ပြင်းထန်၍ ကားနှစ်စီးလုံး ပျက်စီးသွားကာ ခရီးသည် ၁၄ ဦးသေဆုံး၍ ၄၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရပ်ထားသည့် ယာဉ်ကို ဝင်တိုက်သည့် အရိဒ္ဒမာယာဉ်မှ အမျိုးသမီး ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၄ ဦး ရှိကြောင်း၊ ကျန်သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများမှာ အတိုက်ခံရသည့် ကျေးဇူးရှင် ဘုရားဖူးယာဉ်မှ ဖြစ်ကြောင်း သိရသည်။

ရပ်နားပြုပြင်နေသည့် ကားကို ဝင်တိုက်ခဲ့သည့် အရိဒ္ဒမာ ယာဉ်မောင်းမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN/MOI

ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့

No comments:

Post a Comment