ပုသိမ်မြို့နယ်ဇင်ပြွန်းကုန်းကျေးရွာအုပ်စုအတွင်း အသက် ၁၉နှစ်အရွယ်မိန်းကလေးတစ်ဦးကြိုးဆွဲချသေဆုံး
စက်တင်ဘာလ၂၈။၂၀၁၈
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ဇင်ပြွန်းကုန်းကျေးရွာအုပ်စု မြင်းချောင်းကျေးရွာမှာစက်တင်ဘာလ၂၇ ရက်ညနေ ၆နာရီအချိန်ခန့်တွင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
သတင်းပေးပို့ချက်အရ ပုသိမ်မြို့မရဲစခန်းမှူးရဲမှူးမျိုးသူဦးဆောင်တဲ့အဖွဲ့ဟာ သက်သေမျာူနဲ့အတူသွားရောက်စစ်ဆေးရာ မြင်းချောင်းကျေးရွာ၊ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ပုသိမ်မြို့နယ်နေသူ မမိုးမိုးဝင် ၁၉ နှစ်(ဘ)ဦးခင်မောင်ရင်ဟာ နေအိမ်ကြမ်းပြင်ပေါ်တွင် ကြိုးတန်းလန်းဖြင့် ပက်လက်အနေအထားဖြင့်သေဆုံးနေကြောင်းတွေ့ရှိရပြီး သေဆုံးသူမှာလယ်ပင်းကြိုးပွန်းဒဏ်ရာအပြင် ကြိုးဆွဲချသေဆုံးသူတို့၏လက္ခဏာများတွေ့ရှိရကြောင်းသိရသည်။
သေဆုံးသူမှာ လွန်ခဲ့သော ၁နှစ်က တစ်ရွာတည်းနေ အောင်ကို ၂၃ နှစ်(ဘ)ဦးစစ်အောင်ဆိုသူနှင့်အိမ်ထောင်ကျခဲ့ပြီး အတူနေထိုင်ခဲ့ကြရာမှ လွန်ခဲ့သော ၄ ရက်ကအောင်ကိုမှာ နေအိမ်မှထွက်ခွာသွားပြီးပြန်မလာတော့ကြောင်းနဲ့ စက်တင်ဘာလ၂၈ ရက်ညနေ ၅နာရီခွဲခန့်တွင် မမိုးမိုးဝင်းမှာ နေအိမ်နောက်ဖက်ခန်းအမြင့်၁၀ပေကျော်ရှိထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးနေတာတွေ့ရသည်ဟု သေဆုံးသူမမိုးမိုးဝင်း၏အမ မခင်မိုးဦးကပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ မမိုးမိုးဝင်း သေဆုံးမှုနှင့်ပက်သက်၍ ဒုရဲအုပ်ရဲနိင်ဦးက ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပုသိမ်မြို့မစခန်းမှာ သေမှုသေခင်းအမှတ် ၁၉/၂၀၁၈နဲ့အမှုဖွင့်ထားရှိပြီး အမှုစစ်အဖြစ် ဒုရဲမှူးမျိုးသူက ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
*************************
photo : San Myint/Really Times(
Subscribe to:
Post Comments (Atom)
No comments:
Post a Comment