Latest News

Sunday, October 7, 2018

နာရေးအိမ်၌ စကားများရန်ဖြစ်ရာမှ ညီအစ်ကိုချင်း မှား၍ဓားထိုးမှုဖြစ် ညီဖြစ်သူသေဆုံး


မိုးကောင်း အောက်တိုဘာ ၇

ကချင်ပြည်နယ် မိုးကောင်းမြို့၌ အောက်တိုဘာ ၆ ရက် နံနက် ၃နာရီခန့်က နာရေးအိမ်တွင် စကားများရန်ဖြစ်ရာမှ ညီအစ်ကိုချင်း မှား၍ ဓားထိုးမှုဖြစ်ပွားခဲ့ရာမှ ညီဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့၊နောင်ကိုင်တော်ရပ်ကွက်နေ မအေးချမ်းမေ၏ နေအိမ်၌ ၎င်း၏ဖခင်နာရေးကိစ္စပြီး၍ နေအိမ်အပေါ်ထပ်တွင် အိပ်စက်နေစဉ် နေအိမ်အောက်၌ နာရေး အိမ်စောင့်ရင်း အပျော်တမ်းဖဲရိုက်ကစားနေသူများ စကားများ ရန်ဖြစ်နေခြင်းကြောင့် အိမ်အောက်သို့ဆင်းကြည့်ရာ လူမှားပြီးဓား နဲ့ထိုးမိပြီဟု ပြောသံကြား၍ ကြည့်ရှုစဉ် တစ်ရပ်ကွက်တည်းနေ စိုးသူမော်(၃၂)နှစ်၏လက်ထဲတွင် ဓားကိုင်ထားသည်ကို တွေ့ရှိရပြီး ဒဏ်ရာရရှိသူမှာ ၎င်း၏ညီအရင်းဖြစ်သူ ဇော်ဇော်အောင် (၃၀)နှစ်ဖြစ်ကာ ဓားဖြင့်ထိုးခဲ့မိ၍ ယာဘက်ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့သည်ကို တွေ့ရှိရသည်။

ဒဏ်ရာရရှိသည့် ဇော်ဇော်အောင်အား လောကတ္ထစရိယလူမှု ကူညီရေးယာဉ်ဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ဆေးကုသ မှုခံယူစဉ် ယင်းနေ့ ည ၆ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိုးသူအောင်အား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment