Latest News

Tuesday, October 9, 2018

အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့်MMA တွဲဆိုင်းများ ထုတ်ပြန်

အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌
ကျင်းပမည့်MMA တွဲဆိုင်းများ ထုတ်ပြန်

ရန်ကုန်  အောက်တိုဘာ  ၈

ONE Championships အဖွဲ့အစည်းက အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ကျင်းပမည့် ONE MMA  ပြိုင်ပွဲတွဲဆိုင်းများ   ထုတ်ပြန်လိုက်ပြီဖြစ်ပြီး   အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ပါဝင်နေသည်။

 အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပမည့် MMA ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ  ယှဉ်ပြိုင်ထိုးသတ်မည့်  တွဲဆိုင်းသုံးပွဲ   ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်ပွဲအပြင်               ဖိုးသော်၏ပွဲစဉ်၊  မြန်မာကစားသမားအချင်းချင်းထိုးသတ်မည့်   ပွဲစဉ်တစ်ပွဲ ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ အဖြစ် အောင်လအန်ဆန်နှင့် ကရာကီတို့၏ တွဲဆိုင်းအပြင် အခြားပွဲစဉ်များ အဖြစ် ဖိုးသော်(မြန်မာ)နှင့်   ဆူဘား(မလေးရှား)၊ ရာဖေးလ်(ဘရာဇီးလ်)နှင့် မိုလစ်ဒ်(ရုရှား)၊ အီမီလို(အမေရိကန်)၊ အီဗရာဟင်မ်(မော်ရိုကို)နှင့် တာရစ်ခ် (မော်ရိုကို)၊ ဒီဂျေဒမ်မောင်း(ထိုင်း)နှင့် ဟာမန်းရှု(အိန္ဒိယ)၊ ဟန်ကျိုးဟွာ (တရုတ်)နှင့် ရိုင်ယန် (ဖိလစ်ပိုင်)၊  ရဲသွေးနီ(မြန်မာ)နှင့်  မိုက်ရိုင်း(မြန်မာ)၊ လူးဝစ်(ဘရာဇီးလ်)နှင့် ဒိုင်ချီ(ဂျပန်)၊ ဂျိုးဇက်(အီတလီ)နှင့် တိုနာ(သြစတြေးလျ)၊ မာရှုဒေါင်(တရုတ်)နှင့်  အာမက်(အာဖဂန်နစ္စတန်)၊ ရူဒီ(အင်ဒိုနီးရှား)နှင့် အစ္စလမ်( ဘင်္ဂလားဒေ့ရှ်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကာကွယ်ပွဲအဖြစ် လက်ဘနွန်နိုင်ငံသား ကရာကီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်ပြီး ပထမအကြိမ် ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ဇွန်လနောက်ဆုံးပတ်က ထိုးသတ်ခဲ့ရာ  ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို  နောက်ဆုံးအချီတွင်  အလဲထိုး အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ၂ဝ၁၇ ခုနှစ် ဇွန်လတွင် ရယူနိုင်ခဲ့ပြီး တစ်နှစ်ကျော်အတွင်း ဒုတိယအကြိမ် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအပြင် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုကိုပါ ရယူ ထားနိုင်ပြီး လက်ရှိတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲများသာ ထိုးသတ်ရသေးသည်။                           

သတင်း-ရှိုင်းထက်ဇော်(ကြေးမှုံ)
ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment