Latest News

Thursday, October 4, 2018

စစ်ကိုင်းတိုင်း ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့ ရပ်နား

စစ်ကိုင်းတိုင်း ရှိ  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့ ရပ်နား

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)များ ရေရှည်ရပ်တည်ရန် ခက်ခဲ၍ ကျောင်းအချို့ ပိတ်သွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဘကကျောင်းများ ဥက္ကဌ ဆရာတော်  စစ်ကိုင်းမြို့ ရွှေသမားဘကကျောင်းမှ ဆရာတော် ဦးကောသလ္လာဘိဝိသ မှ မိန့်ကြားသည်။
 
    ယခုနှစ်စာသင်နှစ် တစ်နှစ်တည်းမှာပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၃ ကျောင်းအထိ ရပ်နားသွားပြီဖြစ်သည် ။
 
      " ကျောင်းတွေနားရင် စိတ်မချမ်းသာဘူး၊ပြန်ဖွင့်ဖို့ဆိုတာ မလွယ်ဘူး၊ဘုန်းကြီးကျောင်းတွေက အလှူငွေနဲ့ရပ်တည်ရတာဆိုတော့ ဘကသင်တဲ့ဆရာ၊ဆရာမတွေကို လစာများများမပေးနိုင်ဘူး၊အဓိက အခက်အခဲက အဲဒါပဲ "ဟု ဆရာတော်က မိန့်ကြားသည်။
 
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် အစိုးရကျောင်းများသို့ မတက်ရောက်နိုင်သော ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များတွက်အဓိက အားထားရာ ကျောင်းများဖြစ်သည်။

     အဆိုပါ ဘက ကျောင်းများသို့ အစိုးရမှ ထောက်ပံ့ကြေးပေးရာတွင် ကျောင်းသား ၄၀ ရှိပါက ဆရာ တစ်ယောက်နှုန်းဖြင့် မူလတန်းပြ ဆရာတစ်ဦးလျင် ၃၆၀၀၀ကျပ်၊အလယ်တတန်းပြ ဆရာတစ်ဦးလျင် ၄၁၀၀၀ ကျပ်ဖြင့်လွန်ခဲ့သော ငါးနှစ်ကတည်းက ထောက်ပံ့နေကြောင်း သိရသည်။
   
      " အစိုးရထောက်ပံ့တာနဲ့ကျောင်းက ပေးတဲ့ငွေပေါင်းမှ ခြောက်သောင်းလောက်ရတာ၊ဒါတောင် တစ်ကျောင်းနဲ့တစ်ကျောာင်းလစာမတူဘူး၊ဆရာ၊ဆရာမက အဲဒီငွေနဲ့ဘယ်လိုမှ မရပ်တည်နိုင်ဘူး၊စေတနာကြောင့်သာ သင်နေရတာ" ဟုမုံရွာမြို့ရှိ ဘကကျောင်းတစ်ခုတွင်ပညာသင်ကြားပေးနေသော ဆရာတစ်ဦးကဆိုသည်။

      မုံရွာခရိုင် ဆားလင်းကြီးမြို့ရှိ တစ်ကျောင်းတည်းသော ဘကကျောင်းဖြစ်သည့်ဖောင်တော်ဦး ဘကကျောင်းမှ ဆရာတော် ဦးပညိန္ဒက လည်း ကျောင်းရေရှည်ရပ်တည်နိုင်ရေး သီးနှံများ ကိုယ်တိုင်စိုက်ပျိုးကာ ရောင်းချငွေဖြင့်ရပ်တည်နေရသည်ဟု မိန့်ကြားသည်။
 
   စက်တင်ဘာ ၁ ရက်နေ့က မုံရွာမြို့ မကုဋာရာမကျောင်းတွင် စစ်ကိုင်းတိုင်းရှိ ဘကကျောင်းအုပ်ဆရာတော်များ စုံညီအစည်းအဝေး၌  အခက်အခဲအမျိုးမျိုးကြောင့် ရပ်တည်ရန်ခက်ပြီး ယုက်လျော့အားနည်းသွားတော့မည့် ကျောင်းများကို ကူညီဖေးမရန် အတွက်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ယင်းအတွက် ရန်ပုံငွေတစ်ခု ထူထောင်ရန် ဆရာတော်များက အကြံပြုထားကြပြီး လာမည့်နိုဝင်ဘာတွင်ကျင်းပမည့် တိုင်းလုးံကျွတ်အစည်းအဝေး၌ ဆုးံဖြတ်ကြမည်ဖြစ်သည်ဟုသိရသည်။
 
စစ်ကိုင်း တိုင်းဒေသကြီးရှိ မြို့နယ် ၃၇ မြို့နယ်တွင် ၂၂ မြို့နယ်၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၃၂ ကျောင်းရှိသည်ဟု သိရသည်။

ကိုသစ္စာ

No comments:

Post a Comment