Latest News

Wednesday, October 31, 2018

လမ်းဘေးယာဉ်ရပ်နားခငွေကျပ် ၂ဝဝ ကောက်ခံမှု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လေလံပြန်လည်ခေါ်ယူမည်

လမ်းဘေးယာဉ်ရပ်နားခငွေကျပ် ၂ဝဝ ကောက်ခံမှု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လေလံပြန်လည်ခေါ်ယူမည်

ရန်ကုန်မြို့တွင်း မြို့နယ်များ၌  လမ်းဘေးယာဉ်ရပ်နားမှု  ကားတစ်စီးတစ်နာရီငွေကျပ်၂ဝဝ  နှုန်းကောက်ခံမှုကို  စတင်တော့မည်ဖြစ်ကြောင်း ပြ်ီးခဲ့သောစက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက  တရားဝင်ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ တင်ဒါအောင်ကုမ္ပဏီများက တင်သွင်းကြသည့် လေလံကြေးနည်း၍  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလေလံပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ  ဦးမောင်မောင်စိုးက ပြောသည်။
'' လမ်းဘေးယာဉ်ရပ်နားခ ငွေ$ကျပ်  ၂ဝဝ  ကောက်ခံမှုမှာ      လာလျှောက်တဲ့  ကုမ္ပဏီတွေက တော်တော်လေး များပါတယ်။   လေလံတင်ဒါ အောင်တဲ့     ကုမ္ပဏီကလာလျှောက်တဲ့ထဲက   တစ်ဝက်လောက် အောင်တယ်။ ဒါပေမယ့် သူတို့ ပေးတဲ့ဈေးက အခုလတ်တလော ပေါက်ဈေးတွေ ထက် အများကြီးနည်းနေတယ်။    ပြောချင်တာက ဒါပြည်သူ့ဘဏ္ဍာငွေဖြစ်မှာပါ။   ဘယ်သူတစ်ဦး တစ်ယောက်မှ  ယူမှာမဟုတ်ပါဘူး။  ရန်ကုန်မြို့ တော်   စည်ပင်သာယာရေးကော်မတီကလည်း   ကာလပေါက်ဈေးပဲ လိုချင်တာပါ။ အခု တင်ဒါ အောင်ကုမ္ပဏီတွေပေးတာက    တော်တော်လေး နည်းနေတယ်။  ပြီးတော့လာလျှောက်တဲ့  ကုမ္ပဏီ တွေကညှိနှိုင်းထားတဲ့သဘောတွေလည်း    တွေ့ရ တယ်။  ဒါကြောင့်  ဒီကိစ္စကို   ပြန်လည်သုံးသပ်ပြီး   လေလံပြန်လည်ခေါ်ယူသွားဖို့    ရှိပါတယ်''ဟု       ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

ကားပါကင်ကြေးကောက်ခံမည့်ကိစ္စ
ယင်းလမ်းဘေးယာဉ်ရပ်နားရာတွင် ငွေ$ကျပ် ၂ဝဝ ကောက်ခံမှုနှင့်ပတ်သက်၍   ပြီးခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး   ၁၉ ရက် မြောက်နေ့ တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်     ဒေါ်ကြည်ပြာက အမည်တပ်လမ်းမကြီးများတွင် ကားပါကင်ကြေးကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ စနစ်တကျ လည်းဖြစ်၊ ပြည်သူလည်းအဆင်ပြေစေရန် မည်သို့ အစီအမံဆောင်ရွက်သွားမည်ကို  လွှတ်တော် မှတစ်ဆင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့   မေးမြန်းခဲ့သည်။ 
လွှတ်တော်၌   မေးမြန်းဆွေးနွေးသော  ဆွေးနွေးချက်များနှင့်  ပတ်သက်၍  ပြန်လည် သုံးသပ်ပြီး  ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီအနေဖြင့် ယခုကဲ့သို့  လေလံပြန်လည်ခေါ် ယူမှုများ   ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အထူးသဖြင့်  လေလံတင်ကုမ္ပဏီများအနေဖြင့် နှုန်းထားများ ပေးသွင်းမှုနည်းနေခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်လေလံတင်ခေါ်ယူ ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းကိစ္စနှင့် ပတ်သက်၍   လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ''အောက်တို ဘာ ၁ ရက်မှာ ကားပါကင် စတင်ကောက်တော့ မယ်ဆို တဲ့  သတင်းကြားကတည်းက လွှတ်တော်တင်ထား ခဲ့တယ်။ လွှတ်တော်မစခင်  ၁ဝ  ရက်ကတည်းက တင်ထားတဲ့မေးခွန်းက ငါးရက်အလိုမှာ စာရောက် လာတယ်။  မနက်  ၈ နာရီကနေ ညနေ ၆ နာရီအထိ တင်ဒါအောင်ကုမ္ပဏီတွေက ကောက်သွားမယ်။ ဒီဇုန်၊ ဒီဇုန်ဒါပဲပါတယ်။   ဘယ်လို စီမံခန့်ခွဲပြီး ကောက်မယ်၊ ဘယ်လိုစနစ်တကျလုပ်မယ်ဆိုတာ မသိရဘူး။  ကားပါကင်ကြေးကတော့ ကောက်ရ မယ်ဆိုတာ   လက်ခံတယ်။   ဒါပေမယ့်  ပြဿနာက ငွေကျပ်၂ဝဝ   ကောက်တယ်ပေါ့။  ဒါပေမယ့် အခုချိန်ထိ ကားပါကင်လိုင်းဆွဲထား တာမရှိဘူး။စတင်ကတည်းက    စနစ်တကျစီမံခန့်ခွဲ ပြီးတော့ နိုင်ငံတကာလို   ဘယ်လိုနည်းလမ်းတွေနဲ့  လုပ်မယ်ဆိုတာမျိုးမရှိသလို သတ်မှတ်မျဉ်းတောင် ဆွဲမထားသေးဘူး။ ဒါကို တင်ဒါအောင်ကုမ္ပဏီက     လာရောက်ကောက်တော့မယ်ဆိုတော့ ဘာကာ ကွယ်မှုပေးမှာလဲ။    တာဝန်ယူမှု၊   တာဝန်ခံမှုက ဘယ်မလဲ။ ဒါကြောင့် ပြည်သူ့ကိုယ်စား လွှတ်တော် မှာ မေးမြန်းခဲ့တာပါ''ဟု ပြောသည်။
အခမဲ့ယာယီရပ်နားခွင့်ရမည်
ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ ကားပါကင်ကြေးမှာ  ၁  နာရီ ငွေကျပ် ၂ဝဝ  နှုန်းဖြင့် ရန်ကုန်မြို့ တွင်ီးသတညွှသတည မြို့နယ်များ၌ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံမည်ဖြစ်ပြီး ယင်းသတ်မှတ်အချိန်ကာလကျော်လွန်ပါက အခမဲ့ယာယီရပ်နားခွင့် ရမည် ဟုလည်း သိရသည်။
ယာဉ်ရပ်နားကန့်သတ်ဇုန်(၈)ဇုန် သတ်မှတ်  ၍ လမ်းမကြီးများနှင့် အမည်တပ်လမ်းများတွင် ကောက်ခံရန်ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ရာ ဇုန်သုံးခု တင်ဒါအောင်မြင်ခဲ့ပြီး  ကျန်ဇုန်ငါးခုမှာ ဈေးပြိုင် တင်ဒါဆက်လက်ခေါ်ယူထားဆဲဖြစ်သည်။ ရန်ကုန် မြို့တွင် ကားပါကင်ပြဿနာ  နေရာတိုင်းတွင် ရှိနေသကဲ့သို့ ကားပါကင်ကြေး ပြန်လည်ကောက်ခံ မှုကြောင့် ကိုယ်ပိုင်နေအိမ် ရှေ့၊ ရုံးခန်းရှေ့များတွင် ရပ်နားထားသော ကိုယ်ပိုင်ကားများမှာ တစ်နာရီ လျှင် $ ငွေကျပ်၂ဝဝ နှုန်း စရိတ်တက်နေမည့်ကိစ္စမှာ  ပြည်သူများကြား စိတ်ဝင်စားလျက်ရှိသည်။
'' ရန်ကုန်မြို့တွင်းအများပိုင်နေရာ၊  ပြည်သူ ပိုင်နေရာတွေမှာ  ကိုယ့်မြေနေရာလို  ရပ်ပိုင်ခွင့် မရှိဘူး။ ဒါလူတိုင်းသိတယ်။ ခုချိန်မှာ  စဉ်းစား သင့်တာက ဆီဈေးတွေတက်၊ ဒေါ်လာဈေးတွေ တက်။ ပြည်သူတွေ    စိတ်အနှောင့်အယှက်ဖြစ် နေတဲ့အချိန်  တစ်လ မကောက်လို့  ဘာဖြစ်လဲ။  ပြည်သူတွေနဲ့    ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးမှ လုပ်သင့်တယ်လို့ထင်တယ်။ အဲဒီလိုမဟုတ်တော့  ကျွန်မတို့အနေနဲ့ ပြည်သူတွေမေးရင် ဘယ်လို ဖြေရမှန်းမသိဘူး''ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
တစ်နေကုန် ကားရပ်နားထားမှု
ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင်း ကိုယ်ပိုင်ကားများ နာရီနှင့်အမျှ ငွေ$ကျပ် ၂ဝဝ စရိတ်တက်နေမည့်ကိစ္စ သီးခြားပြန်လည်စဉ်းစား ပေးသင့်ကြောင်း၊ ကားပါကင်ကြေးကောက်မှု ကိုလည်း နံနက် ၈ နာရီမှ ညနေ ၆ နာရီကြား ဖြစ်၍  တစ်နေကုန် ကားရပ်နားထားမှု အခြေအနေများ ကို ပြန်လည် စဉ်းစားပေးသင့်ကြောင်း    ကျောက် တံတားမြို့နယ်နေ  ဦးသန်းမောင်က  ပြောသည်။
ပြီးခဲ့သောလေးနှစ်အတွင်း ရန်ကုန်မြို့တွင်း ကားပါကင်     ကြေးကောက်ခံမှုကို သက်ဆိုင်ရာက တရားဝင်ရပ်ဆိုင်းခဲ့သော် လည်း တချို့နေရာများ၌ ဆက်လက်ကောက်ခံနေဆဲ ဖြစ်သည်။

ယင်းကောက်ခံမှုနှင့် ပတ်သက်ပြီး တရားမဝင် ကြောင်း သက်ဆိုင်ရာက  ကြေညာခဲ့သော်လည်း ရန်ကုန်မြို့တွင်း မြို့နယ်အချို့တို့တွင် ကောက်ခံ နေမှုများကို  တွေ့မြင်နေရဆဲဖြစ်သည်။  ယခု  ကားပါကင်ကြေးကောက်ခံမှုသည်  ပြည်သူလူထု နစ်နာမည်ဟု  ဆိုသော်လည်း   အမှန်တကယ် ကောက်ခံသည့် ငွေကြေးမှာ ယခင်ကောက်ခံနေ သည့် နှုန်းထားအတိုင်းဖြစ်နေ၍ လူထု မနစ်နာဘဲ ပြည်သူ့ဘဏ္ဍာအဖြစ်    အသုံးပြုသွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြား သည်။

မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment