Latest News

Monday, October 29, 2018

မြန်မာအမျိုးသမီးအသင်း အီရန်ကိုအနိုင်ယူပြီး အကောင်းဆုံးအုပ်စုဒုတိယဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲတက်ရောက်

မြန်မာအမျိုးသမီးအသင်း အီရန်ကိုအနိုင်ယူပြီး အကောင်းဆုံးအုပ်စုဒုတိယဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲတက်ရောက်

ရန်ကုန် အောက်တိုဘာ ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၉ အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ ပထမအဆင့်အုပ်စု (စ) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက သုဝ္ဏကွင်း၌ ကျင်းပရာ မြန်မာအသင်းသည် အီရန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အီရန်အသင်းကို  တစ်ဂိုးဖြင့်သာ  အနိုင်ရသောကြောင့် အုပ်စုဒုတိယနေရာသာရခဲ့သော်လည်း အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် ဒုတိယ အဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် နှစ်ဂိုးနှင့် အထက်အနိုင်ရပါက အုပ်စုပထမဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်သော်လည်း တစ်ဂိုးဖြင့်သာ အနိုင်ရသောကြောင့် အခြားအုပ်စုရလဒ်များကို စောင့်ကြည့်ခဲ့ရပြီးမှ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပထမပွဲတွင် ရှုံးနိမ့်ထားသောကြောင့် ယခုပွဲတွင် အနိုင်ရရန် အားထည့်ကစားခဲ့ပြီး အီရန်အသင်းကလည်း မြန်မာကစားသမားများထက် ခန္ဓာကိုယ် ထွားကျိုင်းသောကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ မြန်မာအသင်းသည် ပွဲစကတည်း က ဂိုးရရန် ကြိုးစားသော်လည်း အီရန်အသင်းက ခံစစ်ကိုအားပြုကစားခဲ့သောကြောင့် ဂိုးသွင်းခွင့်ရရန် ခက်ခက်ခဲခဲကစားခဲ့ရပြီး ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။
                   
ဒုတိယပိုင်းတွင်  အီရန်အသင်း   ကစားပုံ ပြန်ကောင်းလာပြီး မြန်မာအသင်းဘက် သို့ ဖိအားပေးကစားနိုင်ခဲ့သည်။  မိနစ် ၆ဝ တွင်  အီရန်အသင်း   ပယ်နယ်တီ ကန်ခွင့်ရခဲ့သော်လည်း တိုင်ထိထွက်ခဲ့၍ မြန်မာအသင်း      သက်သာရာရခဲ့သည်။ အီရန်အသင်းသည်   ဒုတိယပိုင်းတွင် ဂိုးသွင်းခွင့် ပိုဖန်တီးနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် များမှာ တိုင်နှစ်ကြိမ်ထိထွက်ပြီး မြန်မာ ဂိုးသမား ဇူးလတ်နဒီ လက်စွမ်းပြကာကွယ် နိုင်ခဲ့သောကြောင့်        မြန်မာအသင်း ဂိုးမပေးခဲ့ရခြင်း     ဖြစ်သည်။    မြန်မာ အသင်းအတွက်     တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၅ မိနစ်တွင် နှင်းမြသဇင်က သွင်းယူခဲ့သည်။
အုပ်စု (စ) တွင် အီရန်၊ မြန်မာနှင့် လာအိုအသင်းတို့ သုံးမှတ်စီ တူညီသော် လည်း ဂိုးကွာခြားချက်ဖြင့် အီရန်အသင်း က အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စု ဒုတိယ ရခဲ့သည်။ ပထမအဆင့်အုပ်စုမှ ထိပ်ဆုံးခြောက်သင်းနှင့်   အကောင်းဆုံး အုပ်စု ဒုတိယနေရာရနှစ်သင်းမှာ ဒုတိယ အဆင့်ခြေစစ်ပွဲသို့    တက်ရောက်ခွင့် ရမည်ဖြစ်ပြီး       မြန်မာအသင်းသည် အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့်   နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ် သည်။ 

                ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment