Latest News

Thursday, October 4, 2018

သုံးနိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အသစ် အတည်ပြုချက်ရယူပြီး အသက်ဝင်တော့မည်

သုံးနိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အသစ် အတည်ပြုချက်ရယူပြီး အသက်ဝင်တော့မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရာစုနှစ် လေးပုံတစ်ပုံ ကြာညောင်းခဲ့သော နာ့ဖ်တာသဘောတူညီချက်အဟောင်းကို အစားထိုးနိုင်ရန် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါသုံးနိုင်ငံကြား ဆွေးနွေးခဲ့ကြသည့် ကုန်သွယ်ရေးသဘောတူညီချက်အသစ်ကို ကြိုဆိုဂုဏ်ပြုလိုက်ပြီး ယင်းကုန်သွယ်ရေးသဘောတူညီချက်အသစ် (နာ့ဖ်တာ)သည် အမေရိကန်သမိုင်းတွင် အကြီးမားဆုံးဖြစ်ကြောင်း ပြောကြားလိုက်သည်။
သဘောတူခဲ့
အမေရိကန်ပြည်ထောင်စု-မက္ကဆီကို-ကနေဒါသဘောတူညီချက် (ယူအက်စ် အမ်စီအေ)ဟုလူသိများသော အဆိုပါ သဘောတူညီချက်ကို အမေရိကန် သမ္မတထရမ့်က ဘေးအန္တရာယ်ဆိုး အဖြစ်ကြေညာခဲ့သည့် ယခင်နာ့ဖ်တာ သဘောတူညီချက်နေရာ၌  အစားထိုး ရန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ သဘောတူခဲ့ခြင်းဖြစ်သည်။

အဆိုပါ    သဘောတူညီချက် အသစ်သည်   ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံခန့်ကို  ထိန်းချုပ်နိုင်မည် ဖြစ် ကာ အဆိုပါ ပမာဏသည် အမေရိကန် သမိုင်းတွင် အကြီးမားဆုံး ကုန်သွယ်ရေးသဘောတူညီမှုတစ်ခုဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က  အိမ်ဖြူတော် နှင်းဆီပန်းခြံရှိ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
လက်မှတ်ရေးထိုးရန်မျှော်လင့်
ကုန်သွယ်ရေး သဘောတူညီချက် အသစ်သည်  ၄င်းတို့နိုင်ငံများအတွက်   တကယ့်သမိုင်းတွင်မည့်    သတင်း ကောင်းပင်ဖြစ်ကြောင်းနှင့်   ကမ္ဘာကြီး အတွက်  အကျိုးရှိစေမည်ဖြစ်ကြောင်း   အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ ကုန်သွယ်ရေးသဘောတူညီ ချက်အသစ်ကို    နိုဝင်ဘာလကုန်တွင် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒို၊ ဒီဇင်ဘာ ၁ ရက်နေ့တွင်    တာဝန်မှ အနားယူတော့မည့်    မက္ကဆီကို ခေါင်းဆောင် အန်းရစ်ပီနာ နီတိုးနှင့် အတူ လက်မှတ်ရေးထိုးရန် မျှော်လင့် ထားကြောင်း သိရသည်။
ကနေဒါဝန်ကြီးချုပ်နှင့် ဗျာများ နေသော  စေ့စပ်ညှိနှိုင်းဆွေးနွေးမှု များကြောင့် တင်းမာမှုများရှိခဲ့သည်ဟု အမေရိကန်သမ္မတက ဖော်ပြခဲ့သော် လည်း ¤င်းတို့နှစ်နိုင်ငံကြား အပျက် အပျက်နှင့် နှာခေါင်းသွေးထွက်ဖွယ် မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ သည်။
''သူနဲ့    ကျွန်တော့်ကြားမှာ တင်းမာမှုတွေ အများကြီးရှိခဲ့တယ်။    အခုတော့   အဖြေရှာနေပါတယ်။ ဘယ်အချိန်မှာ ပြီးမလဲ။  နောက်ဆုံး ၁၂ ရက်လောက်တော့ ကြာခဲ့တယ်'' ဟု  ထရမ့်က ဆက်လက်ပြောကြားခဲ့ သည်။
''သူက လူကောင်းတစ်ယောက် ပါ။    ကနေဒါပြည်သူတွေကို ချစ်ပါ တယ်'' ဟု   ထရမ့်က  မှတ်ချက်ပြု ထပ်လောင်းပြောကြားခဲ့သည်။
စာချုပ်အသက်ဝင်မည်
သုံးနိုင်ငံ  လွတ်လပ်သော ကုန် သွယ်ရေးသဘောတူညီမှု (နာ့ဖ်တာ)စာချုပ်သစ်အတွက်  သုံးနိုင်ငံ သဘော တူညီမှု  အကြမ်းဖျင်းရရှိထားသော် လည်း စာချုပ်ပါ  သုံးနိုင်ငံမှ ဥပဒေ ပညာရှင်များ  လက်မှတ်ရေးထိုးပြီး အတည်ပြုချက်   ရယူပြီးမှသာ စာချုပ် အသက်ဝင်မည်ဖြစ်ကြောင်း    သိရ သည်။
မက္ကဆီကိုက နာ့ဖ်တာ၂ ဒသမ ဝ ကို အမေရိကန်ပြည်ထောင်စုနှင့် သဘော တူညီရန် လမ်းကြောင်းပေးခဲ့ပြီးနောက် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန့်ဒ်က      အရာရှိများအနေဖြင့် အရေးကြီးသည့်    နာ့ဖ်တာကိစ္စအတွက် ညဘက်အထိပင်       ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု    ချီးကျူးခဲ့ပါ သည်။
လွန်ခဲ့သည့် ရက်သတ္တပတ် အနည်း ငယ်ခန့်က ဆွေးနွေးပွဲတွင်  မက္ကဆီကိုက လိုက်လျောမှု  ပြုလုပ်ပေးလိုက်ပြီးနောက် နောက်ဆုံးအဆင့်       ဆွေးနွေးမှုကို  ရောက်ရှိလာသည့်      နာ့ဖ်တာနှင့် ပတ်သက်ပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန့်ဒ်က ယခုကိစ္စမှာ ရှုပ်ထွေးသည့်ကိစ္စဟု   မှတ်ချက်ပြုပြီး ပြောခဲ့ပါသည်။
အပြုသဘောဆောင်
ဆွေးနွေးမှုပြုလုပ်
မက္ကဆီကိုက နာ့ဖ်တာနှင့် ပတ်သက် ပြီး သိသာထင်ရှားသည့် လိုက်လျောမှု အချို့ကို ပြုလုပ်ခဲ့ကြောင်း၊   ယင်းသို့လုပ် ဆောင်ခြင်းအားဖြင့်   ကနေဒါအလုပ် သမားများအတွက်  တကယ့်ကို ကောင်း မွန်ပါကြောင်း အမေရိကန်ကုန်သွယ်ရေး တာဝန်ခံ၏ရုံးခန်း၌  ကနေဒါနိုင်ငံခြားရေး ဝန်ကြီးကပြောခဲ့သည်။ ယခုလို အခြေခံ အားဖြင့်   လုပ်ဆောင်လိုက်ခြင်းသည်    ''ကျွန်မတို့  ရက်သတ္တပတ်ကြာ တွေ့ဆုံ ဆွေးနွေးမှုအပိုင်းမှာ  အလွန်တရာကို   ကောင်းမွန်တဲ့  ဆွေးနွေးမှုဖြစ်ခဲ့သလို အပြုသဘောလည်း ဆောင်ခဲ့ပါတယ်''ဟု   ဖရီးလန့်ဒ်က ပြောကြားခဲ့သည်။
အကြိတ်အနယ်  ဆွေးနွေးပြီးသည့် နောက်    အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနိုင်ငံတို့သည်  တနင်္လာနေ့တွင် ၂၅ နှစ်ကြာနေသည့်  လွတ်လပ်သော ကုန်သွယ်ရေး     သဘောတူစာချုပ် (နာ့ဖ်တာ) ကို အလုံးစုံပြင်ဆင်စစ်ဆေးဖို့ သဘောတူညီချက်တစ်ခုကို ထုတ်ပြန် နိုင်ခဲ့ပါသည်။
တစ်နှစ်ကြာကြိုးစားခဲ့ရ 
အော့တဝါနှင့်   ဝါရှင်တန်ကြား၌ အဖုအထစ်  အနည်းငယ်ရှိနေသည့် အချက်ကလေးက ကနေဒါထိန်းချုပ်ထား သည့်   နို့ထွက်ပစ္စည်းဈေးကွက်က အရေး ကြီးသည့်နေရာက      ပါဝင်နေသလို နာ့ဖ်တာမိတ်ဖက်နိုင်ငံတွေကြား အငြင်း ပွားမှုအချို့ကို မည်သို့   ဖြေရှင်းရမလဲဆို သည့်အချက်လည်း အဓိကအခန်းကဏ္ဍကပါဝင်နေကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးသူများသည် နာ့ဖ် တာကို အသစ်ပြန်လည်ရေးဆွဲနိုင်ရန်နှင့် အဆင့်မြှင့်တင်ရန် တစ်နှစ်ကြာကြိုးစားခဲ့ရကြောင်းသိရသည်။
သို့သော်လည်း      လွန်ခဲ့သည့် ရက်သတ္တငါးပတ်ခန့်တွင်  ဝါရှင်တန်နှင့်  မက္ကဆီကိုနိုင်ငံတို့သည်  နာ့ဖ်တာ အပြင် ¤င်းတို့နှစ်နိုင်ငံကြား ကိစ္စများ ဖြေရှင်းရန် ဆွေးနွေးမှုများ   ပြုလုပ်ခဲ့သည်ဟု သိရ သည်။  အထူးသဖြင့် အော့တဝါ မပါဘဲ ¤င်းတို့နှစ်နိုင်ငံကြားက  ကိစ္စဖြစ်သည့် ကားထုတ်လုပ်မှုဆိုင်ရာ စက်ရုံ  အလုပ်ရုံ ဥပဒေများကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ရာစုနှစ် လေးပုံတစ်ပုံကြာခဲ့
ကနေဒါနိုင်ငံအနေဖြင့် အနည်းငယ် အေးစက်စက်ရှိနေသည့်အတွက်ကြောင့် နွေရာသီတစ်ခုလုံး  ဖရီးလန့်ဒ်က ¤င်း သည် အမေရိကန်နဲ့ မက္ကဆီကိုအရာရှိတွေ နှင့်အတူ နာ့ဖ်တာကိစ္စ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ရပ်ဆိုင်းထားခဲ့သည့်  ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် အဆင့်မြင့်   သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
နာ့ဖ်တာအသစ်၏ အကြမ်းသဘော ဖော်ပြချက်တွင်  ကားထုတ်လုပ်သည့် စက်ရုံများ၌ အစိတ်အပိုင်းများကို အရေ အတွက်များများထုတ်လုပ်ရန်  ပါဝင်ပြီး ခိုင်မာသည့်  အလုပ်သမားကာကွယ်မှု ခြောက်နှစ်တစ်ခါ   ပြုလုပ်လေ့ရှိသည့်   ၁၆ နှစ် သက်တမ်းရှိ   သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန်  ထောက်ပံ့မှုလုပ် ဆောင်ခြင်းများလည်း ပါဝင်ခဲ့သည်။
နှစ်ပေါင်း  ၂၄ နှစ်ကျော်ကြာမှ အကောင်အထည်ပေါ်လာခဲ့သည့် နာ့ဖ် တာကုန်သွယ်ရေးသဘောတူညီချက် သစ်သည် အစပိုင်းက အခက်အခဲပေါင်း မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ စာချုပ်မှာ ၁ဝဝ ရာခိုင်နှုန်းပြီးစီးရန် လိုအပ်သေးကြောင်း     စီတီဗွီရုပ်သံ ကွန်ရက်တွင် မကြာသေးမီက ဖော်ပြခဲ့ သည်။ စတီးနှင့် အလူမီနီယံများအပေါ် အခွန်စည်းကြပ်မှုကို မဖြေရှင်းနိုင်သေး သော်လည်း  မော်တော်ကားများနှင့်   ပတ်သက်ပြီး ကင်းလွတ်ခွင့်များရရှိမည်ဟု သိရသည်။
စီးပွားရေးအတွက် အခွင့်ထူးတစ်ရပ်
နောက်ဆုံးတွင်     ကနေဒါနှင့် အမေရိကန်နှစ်နိုင်ငံလုံး နာ့ဖ်တာအပေါ်  အခြေခံသဘောတူညီချက်များ  ရရှိ အောင် ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ယင်းက ကုန်သွယ်မှုတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း  သိရ သည်။

နောက်ဆုံး နာ့ဖ်တာ ကုန်သွယ် ရေး သဘောတူညီချက်နှင့် သာမက က္ဘာ့ကုန်သွယ်ရေးအပေါ် အမေရိကန် သမ္မတထရမ့်က နိုင်ငံခြားတိုင်းပြည်များ အတွက် အမေရိကန်နှင့် စီးပွားရေး လုပ်ကိုင်ရန် အထူးအခွင့်အရေးတစ်ခု ¤င်း၏ ရပ်တည်ချက်သဘောထားကို ဖော်ပြခဲ့သည်။

ယခုသဘောတူညီချက်သည် မက္က ဆီကို၊ ကနေဒါနိုင်ငံနှင့်  အမေရိကန် နိုင်ငံအတွက်သာ     အကျိုးရှိသည် မဟုတ်ဘဲ  လူသားအားလုံးအတွက် အကျိုးရှိသည့် ကုန်သွယ်ရေးသဘောတူညီမှုတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ အနေဖြင့်လည်းကျွန်ုပ်တို့နှင့် စီးပွားရေး လုပ်ရန် တကယ့်အခွင့်အရေး တစ်ခု ဖြစ်ရုံသာမက အီးယူအနေဖြင့်လည်း တကယ့်  အခွင့်အရေးတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောကြား လိုက်ကြောင်း။      ။

ထွန်းသစ်စ
ကိုးကား -အေအက်ဖ်ပီ

No comments:

Post a Comment