Latest News

Sunday, October 28, 2018

လာမည့်ဘောလုံးရာသီတွင် မော်ရင်ဟို၏နေရာတွင်အစားထိုးရန်ကွန်တီ သို့မဟုတ် အယ်လ်လီဂရီကို ခေါ်ယူရန် စီစဉ်လျက်ရှိ

လာမည့်ဘောလုံးရာသီတွင် မော်ရင်ဟို၏နေရာတွင်အစားထိုးရန်ကွန်တီ သို့မဟုတ် အယ်လ်လီဂရီကို ခေါ်ယူရန် စီစဉ်လျက်ရှိ

မန်ယူအသင်းသည် လာမည့်ဘောလုံးရာသီတွင် လက်ရှိနည်းပြ မော်ရင်ဟိုနေရာတွင် အစားထိုးရန်အတွက် ချယ်လ်ဆီးအသင်းနည်းပြ ဟောင်း အန်တိုနီယိုကွန်တီ သို့မဟုတ် ဂျူဗင်တပ်အသင်းနည်းပြ အယ်လ်လီဂရီအား ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းက ကွန်တီအား ခေါ်ယူရန်စိတ်ဝင်စားနေသော် လည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် အေစီမီလန်အသင်းတို့ကလည်း  ခေါ်ယူရန်ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိနည်းပြ လိုပက်တီဂေး လက်ထက်တွင် ရလဒ်ပိုင်းဆိုးရွားနေခြင်းကြောင့် အစားထိုးနည်းပြ တစ်ဦးခေါ်ယူရန်  စီစဉ်နေသည့်အသင်းဖြစ်သည်။

လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ ရီးယဲလ်မက် ဒရစ်အသင်းက ချယ်လ်ဆီးအသင်းနှင့်အတူ ပထမရာသီတွင် အောင် မြင်မှုရရှိခဲ့သည့် နည်းပြကွန်တီကို ခေါ်ယူရန်စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။ ကွန်တီသည် ပထမရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပရီမီယာလိဂ်ဖလားရယူနိုင်ခဲ့သော်လည်း ဒုတိယရာသီတွင် ချန်ပီယံ လိဂ်ဝင်ခွင့်ပါဆုံးရှုံးခဲ့ရသည်အထိ ရလဒ်ပိုင်းဆိုးရွားမှုဖြင့် ကြုံတွေ့ခဲ့ ရသည်။ သို့ရာတွင် ကွန်တီအနေဖြင့် ချယ်လ်ဆီးအသင်းအတွက် အက်ဖ်အေဖလားကို ရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် မန်ယူအသင်းက မော်ရင်ဟိုနေရာတွင် အစားထိုးရန် နည်းပြကွန်တီကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ငွေကြယ်(ကြေးမှုံ)

No comments:

Post a Comment