Latest News

Sunday, October 28, 2018

အောင်လအန်ဆန် နှင့် ခဏတာတွေ့ဆုံခြင်း

အောင်လအန်ဆန် နှင့် ခဏတာတွေ့ဆုံခြင်း

စိန်ခေါ်သူ  လက်ဘနွန်နိုင်ငံသား  မိုဟာမက်ခရာကီအား အနိုင်ရရှိခဲ့သည့်  ဝမ်းမစ်ဒယ်ဝိတ်တန်း  ကမ္ဘာ့ချန်ပီယံ ခါးပတ်ပိုင်ရှင်   အောင်လအန်ဆန်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ပြိုင်ဘက်ကို ပထမအချီနဲ့ အလဲထိုးအနိုင်ရခဲ့တဲ့အပေါ် ခံစားချက်လေး ပြောပြပေးပါဦး။

အောက်တိုဘာ ၂၆ ရက်က ကစားတဲ့ပွဲက အလွန်နှစ်သက်
တဲ့ပွဲဖြစ်ပါတယ်။   တစ်ချီအတွင်း အလဲထိုးကစားနိုင်ခဲ့
တဲ့အတွက် အလွန်ဝမ်းသာတယ်။ ကျွန်တော် အရင်အင်တာ
ဗျူးတွေမှာလည်း ပြောခဲ့တာရှိပါတယ်။ သုံးချီနဲ့နိုင်မယ်လို့
ယုံကြည်တယ်။ ပြိုင်ဘက်ကလည်း တစ်ခါမှ မရှုံးဖူးသေးတဲ့ ချန်ပီယံတစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ စိတ်လှုပ်
ရှားတယ်။ အကောင်းမွန်ဆုံး ပြင်ဆင်ထိုးသတ်ခဲ့တယ်။ အနိုင်ရခဲ့တဲ့အတွက်လည်း အလွန်ဝမ်းသာတယ်။

ဒီနိုင်ပွဲအတွက် ပြင်ဆင်ဖြစ်ခဲ့ပုံနဲ့ အမှတ်တရရှိရင်လည်း ပြောပြပေးပါဦး။

ပြင်ဆင်မှုအပိုင်းအနေနဲ့က အရေးကြီးတယ်။ ဘဝမှာ
ဘာပဲလုပ်လုပ် ပြင်ဆင်မှုဆိုတာလိုတယ်။   ပန်းတိုင်ကို
ရောက်ဖို့အတွက် ပြင်ဆင်မှုတွေရှိရင် ဘာမဆို အောင်မြင်
ပါတယ်။ မြန်မာနိုင်ငံမှာ  ကစားတဲ့ပွဲတိုင်းက   ကျွန်တော့်
အတွက်   အမှတ်တရတွေချည်းပါပဲ။    မြန်မာနိုင်ငံမှာ
ပထမဆုံးကစားတဲ့   မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲ အနိုင်
ပွဲက အမြဲတမ်းအမှတ်ရနေမယ့်ပွဲ ဖြစ်ပါတယ်။

နောက်ထပ်ယှဉ်ပြိုင်မယ့်ပွဲတွေရှိရင်လည်း ပြောပြပေး ပါဦး။

အကောင်းဆုံး ကစားနိုင်ဖို့လည်း ပညာတွေဆက်ယူ ဦးမယ်။ အခုလောလောဆယ်တော့ သေချာမသိသေးဘူး။ ဂျပန်နိုင်ငံမှာ မတ်လမှာ လိုက်ဟဲဗီးဝိတ်ကိုတော့ ကစားရ ဖို့ ရှိမယ်ထင်တယ်။

မြန်မာနိုင်ငံမှာ MMA သင်တန်းဖွင့်မယ့်အစီအစဉ်ကို ပြောပေးပါဦး။

သင်တန်းပေးဖို့ရှိပါတယ်။ ကျွန်တော့်ရဲ့ ဆရာတွေCEO
တွေနဲ့   တိုင်ပင်ထားတာတော့   အရင်ဆုံးအတွေ့အကြုံ
ရှိတဲ့သူတွေကို သင်တန်းပေးဖို့ပါပဲ။ ဒီနှစ်မကုန်ခင်တော့
သင်တန်းဖွင့်နိုင်အောင် ကြိုးစားသွားမှာပါ။

မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖို့ အစီ အစဉ်ရှိလဲ။

စဉ်းစားထားတာတွေ   ရှိပါတယ်။   ရိုးရာလက်ဝှေ့က သိုင်းပေါင်းစုံမှာ  တော်တော်ကောင်းတယ်။  မြန်မာ့လက်ဝှေ့
ကိုလည်း ကမ္ဘာကသိအောင် လူတွေပိုပြီးနားလည်လာ အောင် ကျွန်တော့်အနေနဲ့ ကြိုးစားပေးချင်ပါတယ်။ ဘာ
ဖြစ်လို့လဲဆိုတော့ အမေရိကမှာဆိုရင် မွေထိုင်းက အလွန်
နာမည်ကြီးတယ်။ မွေထိုင်းလောက် ဘာလို့ နာမည်မကြီး
နိုင်ရမှာလဲ။ အဲဒါအဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် မြန်မာ့
လက်ဝှေ့ကို ပိုသိလာအောင် လုပ်ပေးရမယ်။ 

မြစ်ကြီးနားမှာ ကိုအောင်လရုပ်တုလုပ်ဖို့ အစီအစဉ်ရှိ တာနဲ့ပတ်သက်ပြီး သဘောထားလေး ပြောပြပေးပါဦး။

အရင်ပြောတုန်းက ကျွန်တော် မနှစ်သက်ဘူး။ မလုပ်ခိုင်း
စေချင်ဘူး။ ဒါပေမယ့် လူကြီးတွေပြောတော့ နောက်
လူငယ်တွေသိအောင် လုပ်ပေးချင်တယ်ဆိုတော့ သဘော
တူတာ မတူတာထက် အဲဒီရုပ်တု လုပ်မယ့်နေရာမှာ Gym
ဖွင့်ဖို့ MMA  ဝါသနာပါတဲ့လူငယ်တွေ   လာကစားနိုင်ဖို့ စဉ်းစားထားတယ်။ လူငယ်တွေကို MMA  ကစားတာထက် သူတို့ရဲ့စိတ်ဓာတ်တွေ   ကြိုးစားအားထုတ်ပြီးလုပ်ရင် ဘာမဆို အောင်မြင်နိုင်တယ်ဆိုတာ သူတို့ရဲ့စိတ်ထဲမှာ သိစေချင်တယ်။Gym ကို ရန်ကုန်မှာတစ်ခု၊ မြစ်ကြီးနားမှာ တစ်ခုစပြီးတော့ ဖွင့်ချင်တယ်။ တခြားမြို့တွေမှာလည်း ဖွင့်ဖို့စဉ်းစားထားတယ်။

ပရိသတ်တွေအတွက် စကားလက်ဆောင် ပြောပေးပါဦး။

ကျွန်တော့်ကို အားပေးတာ အလွန်အားရတယ်။ ကောင်း
မွန်စွာကစားနိုင်တာ ပရိသတ်တွေကြောင့်၊ အားပေးတဲ့
ပရိသတ်တွေကို  ချစ်တယ်။  ကျေးဇူးလည်းတင်တယ်။ ဆက်ပြီးတော့ အားပေးပါ။  ဆက်ပြီးတော့ ကြိုးစားမယ်။ ပိုကောင်းတဲ့ပွဲတွေလည်း လာဦးမှာပါ။   

သတင်းနှင့်ဓာတ်ပုံ - ဇာနည်မောင်၊ အေးမင်းသူ(ကြေးမှုံ)

No comments:

Post a Comment