Latest News

Sunday, October 28, 2018

စီရိုနယ်လ်ဒို၏ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဂျူဗင်တပ် ဆက်လက်ဦးဆောင်

စီရိုနယ်လ်ဒို၏ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး
အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဂျူဗင်တပ် ဆက်လက်ဦးဆောင်

အမ်ပိုလီအသင်းနှင့် ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစီးရီးအေပွဲစဉ် ၁ဝ တွင် ဂျူဗင်တပ်အသင်းက အမ်ပိုလီအသင်း ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဂျူဗင်တပ်အသင်းသည် ပွဲကစားချိန် ၂၈ မိနစ်တွင် အမ်ပိုလီကစားသမား ကာပူတို၏ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ ရပြီးနောက် ပွဲကစားချိန် ၅၄ မိနစ်နှင့် မိနစ် ၇ဝ တို့တွင် ရရှိခဲ့သည့် တိုက်စစ်မှူးစီရိုနယ်လ်ဒို၏ သွင်းဂိုးများဖြင့် ဂျူဗင်တပ်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်အသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် အီတလီစီးရီးအေပြိုင်ပွဲတွင် ၁ဝ ပွဲကစားပြီးနောက် ကိုးပွဲနိုင်၊ တစ်ပွဲ သရေရလဒ်ထွက်ပေါ်ထားကာ ရမှတ် ၂၈ မှတ်ရရှိထားပြီး ဒုတိယ နေရာမှ အမ်ပိုလီအသင်းကို ခုနစ်မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင် နိုင်ခဲ့ကြောင်းလည်းသိရသည်။

အမ်ပိုလီအသင်းနှင့် ပွဲစဉ်တွင် ဂျူဗင်တပ်အသင်းအတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုမှာ နောက်ဆုံးကစားခဲ့ သည့်  စီးရီးအေပွဲစဉ်သုံးပွဲတွင် သွင်းယူခဲ့သည့်သွင်းဂိုးလေးဂိုးအပါ အဝင် ဂျူဗင်တပ်အသင်းအတွက် ၁၂ ပွဲတွင် ခုနစ်ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ငွေကြယ်(ကြေးမှုံ)

No comments:

Post a Comment