မန်ယူအသင်းသည် ဂိုးသမားဒီဂီယာအား စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားပြီး တစ်ပတ်လုပ်ခလစာပေါင် ၃၇၅ဝဝဝ ဖြင့် စာချုပ်သစ်ချုပ်ဆိုခဲ့မည်ဆိုပါက တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်ဇ်မှာ မန်ယူအသင်း၏ ဒုတိယဈေးအကြီးဆုံးကစားသမားတစ်ဦးဖြစ်လာ မည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် ဂိုးသမားဒီဂီယာအား ပေါင် ၃၇၅ဝဝဝ ဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းသို့စာချုပ်သစ် မချုပ်ဆိုဖြစ်ခဲ့ပါက စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းနှင့် ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းတို့က ဒီဂီယာအား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိကြောင်းလည်း သိရသည်။
မန်ယူအသင်းသည် ဂိုးသမားဒီဂီယာ၏ စာချုပ်သက်တမ်းမှာ ကုန်ဆုံးတော့မည်ဖြစ်သော ကြောင့် နောက်ထပ်တစ်နှစ်အနည်းဆုံးသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဂိုးသမားဒီဂီယာအနေဖြင့် မန်ယူအသင်း၏ လက်ရှိရလဒ်ပိုင်းကို ကြည့်ကာ စာချုပ် သစ်ချုပ်ဆိုရန် တွန့်ဆုတ်နေခဲ့သည်။ ယင်းသို့ တွန့်ဆုတ်နေမှုနှင့် စပ်လျဉ်း၍ မန်ယူအသင်းက စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။
ဂိုးသမားဒီဂီယာသည် လွန်ခဲ့သည့်ဘောလုံးရာသီငါးရာသီအတွင်း မန်ယူအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လေးကြိမ်အထိ ရရှိခဲ့သူဖြစ်ပြီး နာမည်ကြီးဂိုးသမား ရှမိုက်ကယ်ထက်ပင် ပိုမိုကောင်းမွန်နေကြောင်းလည်း အသိအမှတ်ပြုခံထားရသူဖြစ်သည်။
ငွေကြယ်
No comments:
Post a Comment