Latest News

Monday, October 15, 2018

ဖျံသွေးနှင့် တူတာဗို့ ယှဉ်ပြိုင်ထိုးသတ်ပွဲ ပရိသတ်များ မကျေမနပ်ဖြစ်ခဲ့ရ

ဖျံသွေးနှင့် တူတာဗို့ ယှဉ်ပြိုင်ထိုးသတ်ပွဲ
ပရိသတ်များ မကျေမနပ်ဖြစ်ခဲ့ရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် က ကြီးမှူးပြီး AH-GA Fighter Group နှင့်H & S Group တို့ ပူးပေါင်းစီစဉ်ကျင်းပသော အာဂ-ရွှေခါးပတ်ချန်ပီယံများ၏ စိန်ခေါ်သံ  မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့  မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ကျင်းပရာ ဖျံသွေး(မြန်မာ)နှင့် တူတာဗို့(ဥဇဘက် ကစ္စတန်)တို့ ယှဉ်ပြိုင်ထိုးသတ်ပွဲကို ပရိသတ်များ  မကျေမနပ်ဖြစ်ခဲ့ရကြောင်း သိရသည်။

''တူတာဗို့က စည်းကမ်းအရ ဖျံသွေးဟန်ချက်ပျက်ပြီး ထိုင်ကျသွားတဲ့ အချိန်မှာ မကန်သင့်ဘူး။  ဒါပေမယ့် တူတာဗို့က ကန်တယ်။ အချီပြည့်လို့ ခေါင်းလောင်းတီးတော့လည်း ထိုးတာမရပ်ဘူး။ အားလုံးပေါင်း သုံးကြိမ် လောက်  သတိပေးရတယ်။   ဖျံသွေးအထိုင်မှာ   သူ့ကန်ချက်ကြောင့်    တော်တော်ထိသွားတယ်။ အဲဒါကြောင့် ပရိသတ်တွေဘက်က မကျေမနပ် ဖြစ်ပြီး ဒေါသသံတွေ ထွက်လာတာပါ။ ဒီပွဲမှာ ဖျံသွေးအထိ နာသွားတယ်''ဟု လက်ဝှေ့ပြိုင်ပွဲ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပွဲကို သရေပွဲအဖြစ်အဆုံးသတ်ခဲ့ပြီး ၂ဝ၁၆/ ၂ဝ၁၈ ခုနှစ် ရွှေခါးပတ်ချန်ပီယံ                 
သွေးသစ်ဝင်းလှိုင်(Adventure/မြန်မာ)နှင့်MX  ၂ဝ၁၈ ခုနှစ် ရွှေခါးပတ် ချန်ပီယံ  ဖစ်ဆာငွန်(ထိုင်း)တို့  ပွဲစဉ်တွင်   ပွဲအစမှာပင် ဖစ်ဆာငွန်က   ကန်ချက်များဖြင့်  တိုက်စစ်ဖွင့် ကစားလာခဲ့ပြီး သွေးသစ်ဝင်းလှိုင်ကလည်း ပါးနပ်စွာ  ပြန်လည်ခုခံ    ထိုးသတ်ခဲ့ သည်။    ဒုတိယအချီအရောက်တွင်    သွေးသစ်ဝင်းလှိုင်၏ ညာဝိုက်လက်သီးကြောင့်   ဖစ်ဆာငွန်၏   မေးရိုးအားထိကာ အမှတ်စဉ် အရေခံခဲ့ရပြီး    အနားတောင်းခဲ့ရသည်။  ပြန်လည်           ထိုးသတ်ရာ ၁ မိနစ်နှင့် ၄၃ စက္ကန့်မှာ ဖစ်ဆာငွန်၏ မေးရိုးကို ထပ်မံထိကာ ပြန်မထနိုင်ဘဲ သွေးသစ်ဝင်းလှိုင်ကို   အရှုံးပေး ခဲ့ရသည်။

ထို့အတူ   ရွှေခါးပတ်ချန်ပီယံနှင့်  ဒဂုံရွှေအောင်လံဆုရှင် စိုးလင်းဦး(ဒို့ရိုးရာ၊ မြန်မာ)နှင့် MX   ၂ဝ၁၈ ခုနှစ် ရွှေခါးပတ်ချန်ပီယံ ဖွားဆိုလ(ထိုင်း)တို့ပွဲစဉ်တွင်  စိုးလင်းဦးက ¤င်းထိုးသတ်နေကျ ပုံစံအတိုင်း  တိုက်စစ်ဖွင့်ထိုးသတ်ရာ ဖွားဆိုလမှာ စိုးလင်းဦး၏ လက်သီးထိုးချက်များကြောင့် ဒုတိယအချီ ၁ မိနစ် ၅၉ စက္ကန့်တွင် အနားတောင်းခဲ့ရပြီး   တတိယအချီတွင်  အမှတ်စဉ် သုံးကြိမ် ရေတွက်ခံရကာ အရှုံးပေးလိုက်ရသည်။

ပြည်တွင်းချန်ပီယံပွဲစဉ်များအဖြစ်  ၂ဝ၁၈ ခုနှစ် ရွှေခါးပတ် ချန်ပီယံ    သက်ပိုင်အောင်  (ရွှေဘားလား)နှင့် ၂ဝ၁၇ ခုနှစ် ရွှေခါးပတ်ချန်ပီယံ သပြေအောင်(မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထိုးချက်၊ ကန်ချက်၊ ဒူး၊တံတောင်ရိုက်ချက်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး တတိယ အချီတွင် သက်ပိုင်အောင်က   ညာကန်ချက်ဖြင့် ပြိုင်ဘက်ကို ပွဲသိမ်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့အတူ သပြေ အောင်ကလည်း နောက်ဆုံးအချီအရောက်တွင်  ပြိုင်ဘက်အား အတင်းလိုက်ထိုးကာ အလဲထိုးရန် ကြိုးပမ်းသော်လည်း မအောင် မြင်ဘဲ သရေပွဲဖြစ်ခဲ့သည်။

၂ဝ၁၈ ခုနှစ် ရွှေခါးပတ်ချန်ပီယံ    လင်းထက်အောင် (တောင်ကလေး)နှင့် ၂ဝ၁၇ ခုနှစ် ရွှေခါးပတ်ချန်ပီယံ စိုးဝင်းသန်း (ရန်စစ်ငြိမ်း)တို့ ပွဲစဉ်တွင် ပွဲအစမှာပင် တိုက်စစ်ဖွင့်ကာ အပြန် အလှန် အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး လင်းထက်အောင် က ဒူး၊ တံတောင် ရိုက်ချက်များ ကောင်းခဲ့သလို စိုးဝင်းသန်းကလည်း ကန်ချက်များကောင်းခဲ့သည်။   နှစ်ဦးစလုံး  စတုတ္ထအချီနှင့် နောက်ဆုံးအချီတွင် အလဲထိုးပွဲသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ပူးတွဲသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

၂ဝ၁၈ ခုနှစ် ရွှေခါးပတ်ချန်ပီယံ ကောင်းကောင်း(မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် ၂ဝ၁၇ ခုနှစ် ရွှေခါးပတ်ချန်ပီယံ စိန်လုံးချော (တောင်ကလေး)တို့ပွဲစဉ်တွင် စိန်လုံးချောက တိုက်စစ်ဖွင့်ကစား ခဲ့ပြီး ကောင်းကောင်းက ပြိုင်ဘက်၏အမှားကို စောင့်၍ ထိုးသတ်ခဲ့ သည်။ ဒုတိယအချီတွင် နှစ်ဦးစလုံး ဆိုင်ထိုးချက်များဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး စိန်လုံးချော သက်လုံကျလာခဲ့ကာ အမှတ်စဉ်အရေခံ ခဲ့ရသည်။ တတိယအချီအရောက်မှာ ကောင်းကောင်း၏ထိုးချက် များကြောင့် စိန်လုံးချော အမှတ်စဉ် ဆက်လက်အရေခံရကာ အလဲထိုးဖြင့် ကောင်းကောင်းက အနိုင်ရခဲ့သည်။

50th Media     ၂ဝ၁၈   ခုနှစ်   ရွှေခါးပတ်ချန်ပီယံ ရဲတံခွန် (အဖြူရောင်သွေးသစ်)နှင့် ၂ဝ၁၈   ခုနှစ်  ရွှေခါးပတ်ချန်ပီယံ ကျားပေါက်(ရန်စစ်ငြိမ်း)တို့ပွဲစဉ်မှာ ကျားပေါက်က ဆရာဝန်၏ ဆေးစစ်ချက်အရ ခွင့်မပြုခြင်းကြောင့်   ယှဉ်ပြိင်ခြင်း မရှိခဲ့ပေ။ အဆိုပါပွဲအစား ဟံသာဝတီသားနှင့် ဆူးမိုက်တို့ ယှဉ်ပြိုင်ထိုးသတ်ရာ တစ်ဦးနှင့်တစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

သတင်းနှင့်ဓာတ်ပုံ(ကြေးမှုံ)ဇာနည်မောင်၊ အေးမင်းသူ

No comments:

Post a Comment