Latest News

Monday, October 15, 2018

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ဆန်၌ တောင်ပြိုပြီး ကားလမ်းပိတ်ဆို့မှုဖြစ်ပွား

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ဆန်၌ တောင်ပြိုပြီး ကားလမ်းပိတ်ဆို့မှုဖြစ်ပွား

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ဖက်ထွက်ရာနယ်မြေ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလဆန်းမှ  ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းပြီး နမ့်ဆန်-သီပေါကားလမ်း မိုင်တိုင် ၁၅/၁၈ အတွင်း လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

မြေကျွံမှုများအပြင်  မြင့်မားသည့်  တောင်ကြောများမှ အမြဲလိုလို မြေပြိုကျနေသဖြင့် မြို့တွင်းလမ်းများ၊ ကျေးလက်ဒေသနှင့် မြို့ကိုဆက်သွယ် ပေးသော လမ်းများနှင့် သီပေါ-နမ့်ဆန် ကားလမ်းတို့တွင် လမ်းပိတ်ဆို့ခြင်း၊ လမ်းသားပဲ့ကျခြင်း၊ လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲကျ၍  မီးပြတ်တောက်ခြင်း များ ဖြစ်ပေါ်နေရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့်  အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားအင်အားနှင့် လူအင်အားတို့  ပူးပေါင်း၍  ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           

 စိုင်း(သီပေါ)

No comments:

Post a Comment