Latest News

Saturday, October 27, 2018

အကယ်ဒမီ ထွန်းအိန္ဒြာဗို သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်၍ထုတ်လုပ်ရေးသာ ဆက်လုပ်သွားတော့မည်

အကယ်ဒမီ ထွန်းအိန္ဒြာဗို သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်၍ထုတ်လုပ်ရေးသာ ဆက်လုပ်သွားတော့မည်

၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့သည့် ၁၉၉၉ ဟုအမည် ပေးထားသော ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြင့် အောင်မြင်မှုများရရှိခဲ့ပြီး အဆိုတော်အဖြစ်နှင့် သာမက သရုပ်ဆောင်အဖြစ်နှင့်ပါ ပရိသတ်၏ အားပေးမှုများကို ရရှိခဲ့သည့် အဆိုတော် သရုပ် ဆောင် ထွန်းအိန္ဒြာဗိုက အသက်အရွယ်ကြောင့် သရုပ်ဆောင်အလုပ်ကို  စွန့်လွှတ်တော့မည်ဖြစ် ကြောင်းနှင့် ထုတ်လုပ်ရေးကိုသာ ဆက်လုပ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုအချိန်အထိ    ပရိသတ်လက်ခံနေဆဲ အနုပညာရှင်တစ်ယောက် ဖြစ်နေသော်လည်း အနုပညာအလုပ်များ ရပ်နားနေရသည့်ကိစ္စနှင့် ပတ်သက်၍ ထွန်းအိန္ဒြာဗိုက ''ကျွန်မရဲ့Fan စစ်စစ်တွေကိုတော့ တောင်းပန်ပါတယ်။ ကျွန်မ ရှောင်လွှဲလို့မရတဲ့စကားကိုတော့ ကျွန်မပြောရ တော့မှာပါပဲ။ အသက်အရွယ်ကြောင့် အနုပညာ သရုပ်ဆောင်အလုပ်ကနေ   နားပါတော့မယ်။ ထုတ်လုပ်ရေးကတော့   ဆက်လုပ်ဖြစ်ပါမယ်၊ ထုတ်လုပ်ရေးကိုတော့ ပုံမှန် မခိုင်တို့ လုပ်ဖြစ် မှာပါလေ၊ စီးပွားဖြစ်လုပ်တာဆိုတာထက် ကိုယ့် ရဲ့  အနုပညာသူငယ်ချင်းတွေနဲ့လည်း  အဆက် မပြတ်တွေ့နေရမယ်၊ စုစည်းမှုလည်း ရနေမယ် လေ၊ သရုပ်ဆောင်အလုပ်ကို ငြီးငွေ့လာတာ တော့ မဟုတ်ပါဘူး''ဟု ထွန်းအိန္ဒြာဗိုက ပြော သည်။
''တကယ်တမ်းပြောမယ်ဆို ဒီအလုပ်က ကိုယ် စပြီး သရုပ်ဆောင်တော့မယ်ဆို စိတ်ဝင်စားမှုက အဓိကကျပါတယ်၊ မလုပ်ခင်လေးခဏမှာတော့ တော်တော် ဝန်လေးတယ်၊ အရွယ်ကောင်းတုန်း ကတော့ စိတ်ကသိပ်ပြီး အလုပ်အပေါ် အာရုံစိုက် နိုင်တယ်၊ စိတ်ဓာတ်ကလည်း တက်ကြွနေတာကို၊ အဲဒီတုန်းက ကိုယ့်ဟာကို ဘရိတ်မနည်းအုပ်ထား ရတယ်၊ အခုချိန်မှာတော့ စိတ်တွေက ဟိုအောက် ဆုံးကိုရောက်နေတယ်၊   အဲဒီတော့နားပြီး ဘာ သာရေးလေးလုပ်မယ်၊   စီးပွားရေးလုပ်မယ်၊ ချမ်းသာလွန်းလို့တော့ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ အသက်က တဖြည်းဖြည်း စကားပြောလာပြီလေ၊ အဲဒီတော့ လုပ်သင့်တာကိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်က ပိုခိုင်မာပါတယ်၊ ဒီအလုပ်ကို စွန့်လွှတ် တော့မှာပါ''ဟုလည်း ထွန်းအိန္ဒြာဗိုက ဆက် လက်ပြောဆိုခဲ့သည်။

ထွန်းအိန္ဒြာဗိုသည်  ၁၉၉၉ ခုနှစ်တွင် ပထမ ဆုံးစီးရီး အောင်မြင်ခဲ့သည့်အပြင် ထိုနှစ်မှာပင် နှောင်းတမြေ့မြေ့ ရုပ်ရှင်ဇာတ်ကားဖြင့် သူ့ဘဝ ၏ အောင်မြင်မှုနောက်တစ်ခုအဖြစ် ရုပ်ရှင်သရုပ် ဆောင်တိုင်း တောင့်တသည့် အကယ်ဒမီရွှေစင် ရုပ်တုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့နောက် ၂ဝဝ၂ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို အမေ့နို့ဖိုး ရုပ်ရှင် ဇာတ်ကားဖြင့် လည်းကောင်း၊  ၂ဝဝ၄ ခုနှစ်တွင် တတိယအကြိမ်မြောက်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို မိုးကုပ်စက်ဝိုင်း ကိုကျော်လွန်၍   ရုပ်ရှင်ဇာတ်ကားဖြင့်လည်း ကောင်းရရှိခဲ့ပြီး ဂီတရော၊ ရုပ်ရှင်သရုပ်ဆောင် ဘက်တွင်ပါ အထူးအောင်မြင်သည့် အနုပညာ ရှင်တစ်ယောက်ဖြစ်ခဲ့သည်။

ကိုလင်း

No comments:

Post a Comment