Latest News

Saturday, October 27, 2018

စန္ဒီမြင့်လွင်က ငါးခွေမြောက် တစ်ကိုယ်တော်အခွေထွက်ရန် ပြင်ဆင်နေ

စန္ဒီမြင့်လွင်က ငါးခွေမြောက် တစ်ကိုယ်တော်အခွေထွက်ရန် ပြင်ဆင်နေ

ဆေးရောင်လှလှ ဟုအမည်ရသည့် တေးစီးရီးထွက်ခဲ့ပြီးနောက် အမျိုးသမီး ရက်ပ် အဆိုရှင်အဖြစ် ပရိသတ်လက်ခံလာခဲ့သူ စန္ဒီမြင့်လွင်အနေဖြင့် ရှော့ခ် ၊ ကလီယို ပတ်ထရာ  စသည့် စီးရီးများဖြင့်လည်း အောင်မြင်မှုရခဲ့ပြီး လက်ရှိအချိန်တွင် ငါးခွေ မြောက် တစ်ကိုယ်တော်အခွေကို ထွက်ရှိနိုင်ရန် သီချင်းများပြင်ဆင်နေကြောင်း သိရ သည်။

စန္ဒီမြင့်လွင်အနေဖြင့် အိမ်ထောင်ကျပြီးနောက်ပိုင်း ဂီတအလုပ်များကို လုပ်နိုင်မှု နည်းလာသလို ပရိသတ်နှင့် အလှမ်းဝေးလာသလို ခံစားရခြင်းကြောင့်  ထပ်မံ၍ ပရိသတ်ထံ သူ့ဂီတများ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်နေကြောင်း၊ ဂီတလောက တွင် အဆိုတော်များအနေဖြင့် ဈေးကွက်ပျက်နေသည့်ကြားမှ  ရုန်းကန်ပြီး  မိမိ၏ ဝါသနာကို မစွန့်လွှတ်နိုင်သောကြောင့် တေးစီးရီးများ ထွက်ရှိနိုင်ရန် ကြိုးစားပြင်ဆင် နေကြရာ ထိုသို့ ကြိုးစားနေသူများထဲတွင် သူလည်းပါဝင်ကြောင်း စန္ဒီမြင့်လွင်က ဆိုသည်။

''ဒီဒီ ရဲ့  ငါးခွေမြောက် တစ်ကိုယ်တော်ခွေ ထွက်နိုင်ဖို့  သီချင်းတွေ ပြင်ဆင်နေပါ တယ်၊ ၂ဝ၁၉ လောက်တော့ ထွက်နိုင်မှာပါ၊ အခုထွက်မယ့်အခွေမှာ ပုံမှန်မြင်နေကျ အတိုင်း ချစ်ကြိုက်၊ ညားကွဲတဲ့ပုံစံမျိုး မြင်ချင်မှ မြင်ရမှာပါ၊ ဒီဒီက သီချင်းခွေ တစ်ခွေ ထွက်တိုင်း ပရိသတ်အတွက် ရသတစ်ခုမဟုတ်တစ်ခုကျန်ခဲ့တာ အားလုံးသိပြီးသားပါ၊ အခု ငါးခွေမြောက်ကိုလည်း ရုပ်ရှင်ဆန်ဆန်လေးလုပ်မှာပါ၊ MTV  ကို အဲလိုလေး ရိုက်မှာပေါ့နော်၊ ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ သီချင်းလေးတွေပဲ လုပ်ချင်တော့တယ်၊ နောက်ပြီး ဒီဒီရဲ့ဘဝနဲ့သက်ဆိုင်တဲ့ ပုံစံလေးတွေ မြင်ရမယ်လေ၊ ပြီးတော့  ပတ်ဝန်း ကျင်ကလူတွေရဲ့ ဘဝအကြောင်းတွေ ပါအောင်ထည့်မယ်လို့ စိတ်ကူးထားပါတယ်''ဟု အခွေသစ်အတွက် ပြင်ဆင်နေမှုကို ပြောပြသည်။

''အမှန်အတိုင်းပြောမယ်ဆို ဒီဒီတို့လည်း မကိုက်ပါဘူး၊ ပိုက်ဆံကုန်ပေမယ့် ကိုယ့် ပရိသတ်အတွက်၊ ကိုယ့်ဝါသနာအတွက် မစွန့်လွှတ်နိုင်တာပါ ၊ စီးရီးတစ်ခွေလုံးထုတ် လိုက်ရတာထက် သီချင်းတစ်ပုဒ်ချင်း အွန်လိုင်းကနေဖြန့်လိုက်တာ ပိုထိရောက်မယ်လို့ ထင်တယ်၊ တကယ်ထိရောက်ပါတယ်၊ စီးရီးတစ်ခွေလုံးဝယ်ပြီး နားထောင်မယ့်နေ့ကို တော့ မျှော်လင့်မိတာအမှန်ပါပဲ၊ ဘာပဲပြောပြော ဒီဒီကတော့ ပရိသတ်အတွက် အခွေ တွေအများကြီး ထုတ်နိုင်ခဲ့တယ်၊ ပရိသတ်အားပေးမှုလည်း ရခဲ့တယ်၊ ဒီအတွက် ကြောင့် နောက်ထပ် သီချင်းငါးပုဒ်နဲ့ တစ်ကိုယ်တော်အခွေ    ထွက်လာဦးမှာပါ''ဟုလည်း စန္ဒီမြင့်လွင်က ဆက်ပြောသည်။

ကိုလင်း

No comments:

Post a Comment