Latest News

Thursday, October 4, 2018

ရေကြည်နောက်ပြီး ခြေရာ မပျောက်စေဖို့



ရေကြည်နောက်ပြီး ခြေရာ မပျောက်စေဖို့

ရေသယံဇာတ
ဇီဝဟူသော ရှင်သန်မှုရှိသည့်အရာတိုင်းအတွက် ရေသည်မရှိမဖြစ်  သဘာဝအရင်းအမြစ်တစ်ခု ဖြစ်သည်။ လူသားတို့အပါအဝင် ဇီဝမျိုးစုံမျိုးကွဲ အားလုံးတို့၏ အသက်ရှင်ရပ်တည်မှုအတွက် ရေ သည် အရေးအကြီးဆုံးသော လိုအပ်ချက်ကြီး တစ်ရပ်ဖြစ်သည်။ ဤမြေကမ္ဘာကြီးပေါ်၌ လူတို့ နှင့်တကွ မရေတွက်နိုင်အောင်များပြားလှသော ဇီဝမျိုးစိတ်ပေါင်းများစွာတို့ ရှင်သန်နေထိုင်လျက် ရှိနေကြသော်လည်း လူသားတို့မှလွဲ၍ ကျန်သော ဇီဝမျိုးများသည် ရေသယံဇာတကို စီမံခန့်ခွဲခြင်း မပြုနိုင်ကြပေ။
အသိÓဏ်အရှိဆုံးနှင့်   အဆင့်မြင့်ဆုံးသော နို့တိုက်သတ္တဝါများဟု မိမိတို့ကိုယ်ကို အမွှမ်းတင် ကြွေးကြော်နေကြသော  လူသားတို့၏ ရေသယံ ဇာတစီမံခန့်ခွဲမှုမှာ   ကမ္ဘာလောကကြီးအတွက် မည်ရွေ့မည်မျှ အကျိုးသက်ရောက်နေ သည်ကိုမူ ကာယကံရှင် လူသားများက ယခုထိတိုင် သတိ မပြုမိကြ၊ မသုံးသပ်နိုင်ကြ၊  မဆင်ခြင်မိကြသေး ပေ။
ရေအရင်းအမြစ်များ ပျက်စီးလာခြင်း
လူသားတို့နှင့်တကွ ဇီဝမျိုးစုံမျိုးကွဲတို့ ရှင်သန် ရပ်တည် နေထိုင်လျက်ရှိကြသော ကမ္ဘာကြီး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထား လျက်ရှိသည်။ သို့ရာတွင် ဤမျှ များပြားလှသော ရေထုကြီးထဲ၌     ကမ္ဘာကြီးစိမ်းလန်းစိုပြည်ပြီး သာယာဝပြောခဲ့စဉ်တုန်းကပင်လျှင်      လူတို့ သောက်သုံးနိုင်သော  ရေမှာ  သုံးရာခိုင်နှုန်းခန့် သာ ရှိနေခဲ့သည်။ စက်မှုလုပ်ငန်းများ မတိုးတက် မထွန်းကားသေးစဉ်အချိန်က ရေတွင်းရေကန် များထဲမှ  ရေကို  လူတို့က  အန္တရာယ်ကင်းစွာဖြင့် သောက်သုံးနိုင်ခဲ့ကြသလို မြစ်၊ချောင်း၊ အင်းအိုင် များထဲမှရေကို လူတို့က ရေချိုးရန်၊ လျှော်ဖွပ်ရန်၊ ဆေးကြောရန်၊ အပင်များ စိုက်ပျိုးရန်အတွက် အသုံးပြုနိုင်ခဲ့ကြသည်။
ယနေ့ကမ္ဘာပေါ်တွင် စက်မှုကုန်ထုတ်လုပ်ငန်း များ     ကြီးထွားလာနေခြင်းကြောင့်    ရေထုညစ် ညမ်းမှုများ ဖြစ်နေရသလို တစ်ဖက်တွင်လည်း လူတို့၏ မဆင်မခြင်လုပ်ရပ်များကြောင့် သောက် သုံးနိုင်သော  ရေအရင်းအမြစ်များစွာ  ဆုံးရှုံး လျက်ရှိနေသည်။ အလားတူပင် အထွက်တိုးစိုက် ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ အသားတိုး မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်ခြင်း၊ ရေဆိုးရေညစ်များကို မြစ်၊ ချောင်း၊ အင်းအိုင်များအတွင်းသို့ စီးဝင်စေခြင်း စသည် တို့ကြောင့်လည်း သောက်သုံးနိုင်သော ရေအရင်း အမြစ်များစွာတို့ကို  ထိခိုက်ပျက်စီးစေလျက်ရှိ သည်။
ကမ္ဘာ့လူဦးရေနှင့် ရေလိုအပ်ချက်
ကမ္ဘာ့လူဦးရေသည်  တစ်နေ့တခြား  သိသာ စွာ တိုးပွားလာလျက်ရှိသော်လည်း ကမ္ဘာပေါ်ရှိ သောက်သုံးရေပမာဏကမူ တိုးလည်းမတိုး၊ လျော့လည်းမလျော့သွားပေ။ ကမ္ဘာ့လူဦးရေ သည် ၁၉ဝဝ ပြည့်နှစ်က သန်းပေါင်း ၁၆ဝဝ မျှ သာရှိခဲ့ရာမှ မျက်မှောက်ကာလတွင် သန်းပေါင်း ခုနှစ်ထောင်ကျော်အထိ      တိုးပွားများပြား လာခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်မှစ၍ တစ်နှစ်လျှင် သန်းရှစ်ဆယ်နှုန်းဖြင့်       တိုးပွားလာနေသော က္ဘာ့လူဦးရေသည် ၂ဝ၅ဝ ပြည့်နှစ်တွင် သန်း ပေါင်း ၉၃ဝဝ ကျော်ရှိလာမည်ဟု ခန့်မှန်းထား သည်။
တိုးတက်လာသော ကမ္ဘာ့လူဦးရေကြောင့် လွန်ခဲ့သော ရာစုနှစ်ဝက်ကာလအတွင်း သောက် သုံးရေသုံးစွဲမှုပမာဏမှာ သုံးဆအထိမြင့်တက်ခဲ့ သည်။ ကမ္ဘာ့သောက်သုံးရေပမာဏမှာမူ တိုး လာခြင်းမရှိသည့်အတွက် လူတစ်ဦးချင်းစီအဖို့ ရနိုင်သောရေပမာဏ လျော့ကျလာနေချိန်တွင် စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ၌ အသုံးပြုနေကြသည့် ဓာတု ဗေဒပစ္စည်းများကြောင့်လည်း သန့်ရှင်းစင်ကြယ် သည့်မြေအောက်ရေများကို ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေလျက်ရှိသည်။
ရေအရင်းအမြစ်များကို ပျက်စီးစေသည့်အချက်များ
သာဓကအားဖြင့်    သံမဏိထုတ်လုပ်ရေး လုပ်ငန်း၊ အလူမီနီယမ်ထုတ်လုပ်ရေးလုပ်ငန်း စသည်တို့မှ ထွက်ရှိသော အမိုးနီးယားဓာတ်ကြွင်း များပျော်ဝင်နေသည့် ရေဆိုးရေညစ်များသည် ရေနေသတ္တဝါများကို အစုလိုက်အပြုံလိုက် သေ ကျေပျက်စီးစေလျက်ရှိသလို လူတို့သောက်သုံး နိုင်သော ရေသယံဇာတများကိုလည်း ဖျက်ဆီး လျက် ရှိနေသည်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်းများ၌ သုံးစွဲနေကြသည့် အထွက်တိုးနှင့် အသားတိုး ဓာတုဗေဒပစ္စည်းများ ကလည်း မြေအောက်ရေအရင်းအမြစ်များကို ပျက်စီးစေလျက် ရှိနေသည်။
ကမ္ဘာ့လူဦးရေအများစုမှာ  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိနေ ကြသည့်အတွက် အထွက်နှုန်းကောင်းစေရန် ပိုး သတ်ဆေးများ၊ အသားတိုးဆေးများ၊ ဓာတုဗေဒ နည်းဖြင့်စီရင်ထားသော မွေးမြူရေးအစားအစာ များကို နေ့စဉ် တန်ချိန်ပေါင်းများစွာ အသုံးပြု လျက်ရှိနေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုး သတ်ဆေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းသုံးထောင်ခန့် သုံးစွဲလျက်ရှိနေကြသော ကြောင့် ဤမျှ ပမာဏများပြားလှသော ပိုးသတ် ဆေးတန်ချိန်ပေါင်းများစွာတို့သည် က္ဘာ့မြေ လွှာအတွင်းသို့ စိမ့်ဝင်ရောက်ရှိကာ မြေအောက် ရေများထဲ၌ပါ ပျော်ဝင်လျက်ရှိနေကြသည်။
ပိုးသတ်ဆေးဓာတ်ကြွင်းများ ပျော်ဝင်နေ သောရေသည် ကျောက်ကပ်၏ခံနိုင်ရည်စနစ်နှင့် ဗဟိုနာဗ်ကြောတို့ကို   ပြင်းထန်စွာ  ထိခိုက်စေ သည့်အပြင် ကင်ဆာရောဂါများလည်း ဖြစ်ပွား လာနိုင်ကြောင်း သုတေသနပြုတွေ့ရှိရသည်။ ထို့ကြောင့်ပင်လျှင် မြေအောက်ရေကို တူးဖော် ရယူသုံးစွဲကြရာ၌ ပိုးသတ်ဆေးပျော်ဝင်နေမှုကင်း စင်သော ရေမျိုးကိုသာ ရယူသုံးစွဲကြရန် အလွန် အရေးကြီးသည်။
သောက်ရေသန့်ထဲမှ ဓာတ်ကြွင်းများ
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခေတ်မီနည်းစနစ် များသုံး၍ သောက်ရေများကို သန့်စင်ထုတ်လုပ် ရောင်းချလျက်ရှိနေကြသော်လည်း သောက်ရေ သန့်အများစုတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပျော်ဝင်လျက်ရှိနေသည်ကို သိပ္ပံသုတေသီတို့က ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲနိုင်ငံများ၌ ထုတ်လုပ်ရောင်းချလျက်ရှိသော သောက်ရေသန့်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း များပါဝင်နေသည်ကို    ဖော်ထုတ်တွေ့ရှိနေရ သဖြင့် ကျန်းမာရေးအတွက် ရင်လေးစရာဖြစ်နေ တော့သည်။
မွေးမြူရေးလုပ်ငန်းများ၌ သုံးစွဲလျက်ရှိနေ ကြသော  ဓာတုဗေဒနည်းဖြင့်  စီရင်ထားသည့် အသားတိုးဆေးများ၊ မွေးမြူရေးတိရ္ဆာန် အစား အစာများ၏ ဓာတ်ကြွင်းပစ္စည်းများသည်လည်း စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးဓာတ်ကြွင်း များ ကဲ့သို့ပင် မွေးမြူရေးခြံများမှတစ်ဆင့် မြေ လွှာအောက်သို့ စိမ့်ဝင်ပြီး မြေအောက်ရေများ ထဲ၌ ပျော်ဝင်လျက်ရှိနေကြသည်။
သန့်ရှင်းစင်ကြယ်သည့် ရေ
ဤတွင် က္ဘာပေါ်ရှိ လူသားအားလုံး သက်ရှည် ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက် သန့် ရှင်းစင်ကြယ်သော သောက်ရေသုံးရေများ ရရှိ ရေးသည် အထူးအရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာတော့သည်။ စိတ်ချလက်ချသောက်သုံး နိုင်သော သန့်ရှင်းစင်ကြယ်သည့် ရေဆိုသည်မှာ အရောင်၊ အနံ့နှင့် အရသာမရှိခြင်း၊ ရောဂါဖြစ် စေသော  ပိုးမွှားများကင်းစင်ခြင်း၊  အ္တရာယ်ရှိ နိုင်သော ဓာတုပစ္စည်းများ ကင်းစင်ခြင်း စသည့် အချက်များနှင့်       ကိုက်ညီ ပြည့်စုံရမည် ဖြစ် သည်။
က္ဘာပေါ်ရှိ  ဒေသနိုင်ငံများအနက်  အချို့ သော ဒေသများတွင် သန့်ရှင်းစင်ကြယ်သော ရေမျိုးကို ကြားဖူးရုံမျှသာရှိပြီး  လက်တွေ့အား ဖြင့် မမြင်ဖူး၊ မသောက်ဖူးကြပေ။ ကမ္ဘာ့လူဦးရေ ၏ ခုနစ်ပုံတစ်ပုံနီးပါးခန့်ဖြစ်သော လူဦးရေ သန်း ၁၁ဝဝ သည်    သန့်ရှင်းစင်ကြယ်သောရေကို မသောက်ကြရပေ။ ယင်းတို့အနက် တစ်နှစ်လျှင် လူသန်းပေါင်း  ၅၇ဝ သည် မသန့်ရှင်းသောရေကို သောက်သုံးမိခြင်းကြောင့်    ဆက်နွှယ်ရရှိလာ သော ရောဂါဝေဒနာများကို ခံစားနေကြရသည်။ အဆိုပါ ဝေဒနာများကြောင့် က္ဘာအရပ်ရပ်၌ သေဆုံးနေကြရသော လူဦးရေသည် စစ်ပွဲများ ကြောင့် သေဆုံးရသော လူဦးရေထက် ပိုမိုများ ပြားလျက်ရှိနေသည်။
သန့်ရှင်းစင်ကြယ်သောရေကို သောက်သုံးခွင့် မရကြရှာသူတို့၏ ဘဝနေထိုင်မှု အခက်အခဲကို ရေသန့်ဘူးသောက်သုံးနေကြသူများက ကိုယ်ချင်း စာနာမိကြမည် မဟုတ်ပေ။   တိုးပွားလာသော ကမ္ဘာ့လူဦးရေနှင့် ပုံသေအတိုင်းသာ ရှိနေသော ရေအရင်းအမြစ်များကို      အချိုးချကြည့်လျှင် ၁၉၇ဝ ပြည့်နှစ်က လူတစ်ဦးအတွက်  တစ်နှစ် လျှင်  ရေဂါလန်   ၄၅ဝဝဝဝ   ရရှိနိုင်ခဲ့သော် လည်း လာမည့် ၂ဝ၅ဝ ပြည့်နှစ်အရောက်တွင် လူတစ်ဦးအတွက်   တစ်နှစ်လျှင်      ရေဂါလန် ၁၂ဝဝဝဝ ခန့်သာ ရရှိနိုင်တော့မည် ဖြစ်သည်။
ရေအသက်တစ်မနက်
ယင်းသို့ ရရှိနိုင်သော သောက်သုံးရေပမာဏ ထဲ၌ပင် သန့်ရှင်းစင်ကြယ်သောရေမှာ အနည်းစု ဖြစ်ပြီး ကျန်းမာရေးအတွက် စိတ်ချရနိုင်ဖွယ် မရှိသော မသန့်ရှင်းသည့် ရေများမှာ အများစု ပါဝင်လျက်ရှိနေသည်။   သန့်ရှင်းသောရေကို ဝလင်စွာ   သောက်သုံးခွင့်ရနေသူများက  ရေ အသက်တစ်မနက်ဟူသော လူ့လောက ဆိုရိုး စကားကို ကြားဖူးရုံမျှသာရှိပြီး  တကယ့် အနှစ် သာရကိုမူ ခံစားမိကြလိမ့်မည် မဟုတ်ပေ။ သို့ရာ တွင် ကောင်းမွန်သော သောက်သုံးရေကို မရကြ ရှာသူများနှင့် မိုးခေါင်ရေရှားသည့် ဒဏ်ကို ခံနေ ကြရသူများအဖို့မူ  ယင်းဆိုရိုးစကား၏  အနှစ် သာရကို ဘဝနှင့်ထပ်တူပြုလျက် ခံစားနေကြရ သည်။
သန့်ရှင်းစင်ကြယ်သောရေ၏တန်ဖိုးကို မသိ ရှိကြသူတို့အတွက်  ဆင်ခြင်သတိပြုစရာတစ်ခု ကို ပြဆိုရပေလိမ့်မည်။ အာကာသထဲရှိ  နိုင်ငံ တကာ အာကာသစခန်းယာဉ် (International Space Station-ISS)ပေါ်၌ တာဝန်ထမ်း ဆောင်လျက်ရှိနေကြသော အာကာသယာဉ်မှူး များနှင့် သုတေသနပညာရှင်များ သောက်သုံးရန် အတွက် က ကမ္ဘာ့မြေပြင်ပေါ်မှ သောက်ရေသန့်ကို ပို့ဆောင်ပေးရာတွင် ရေသန့်တစ်ဂါလန်အတွက် အမေရိကန်ဒေါ်လာ     လေးသောင်းကျော်မျှ ကျသင့်လျက်ရှိနေသည်။
ကာလကြာရှည်လာသည်နှင့်အမျှ အဆိုပါ ကုန်ကျစရိတ်ကို မတတ်နိုင်တော့သည့်အတွက် အာကာသစခန်းယာဉ်ထဲရှိ     ယာဉ်မှူးများ အသက်ရှူရန် ဖန်တီးထည့်သွင်းပေးထားသော လေထဲတွင် ပါဝင်နေသည့် ရေငွေ့များကို သောက် ရေသန့်အဖြစ် ပြောင်းလဲပေးသည့်စနစ်တစ်ခုကို တပ်ဆင်ပေးခဲ့ရသည်။ သို့ရာတွင် ထိုနည်းစဉ်မှ ထွက်ရှိလာသော သောက်ရေသန့်  ပမာဏမှာ လုံလောက်မှုမရှိသည့်အတွက် အာကာသယာဉ် မှူးများစွန့်ထုတ်လိုက်သည့်   ကျင်ငယ်ရေကို သောက်ရေသန့်အဖြစ် ပြန်လည်ပြုပြင်ပြောင်းလဲ ပေးသည့်   စနစ်တစ်ခုကိုပါ   ထပ်မံဖြည့်စွက် တပ်ဆင်ပေးထားရသည်။
ရေအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်
ဤသည်မှာကား    သန့်ရှင်းစင်ကြယ်သော ရေကြည်တစ်ပေါက်ရရန် မည်မျှခက်ခဲသည်ကို ပြဆိုနေခြင်းပင်ဖြစ်သည်။      က္ဘာ့လူဦးရေ တိုးပွားလာမှုကြောင့် လူတစ်ဦးချင်းစီအတွက် ရရှိနိုင်မည့် ရေခွဲတမ်းမှာ  တစ်စတစ်စ  လျော့ နည်းလာသည့်အပြင် စိတ်ချလက်ချ  သောက် သုံးနိုင်သော ရေကြည်ရေသန့်မှာလည်း သိသိ သာသာ ရှားပါးလာလျက်ရှိနေသည်။
ထို့ကြောင့်ပင်     ရေကို     ပြုန်းတီးစေခြင်း၊ အလဟဿဖြုန်းတီးပစ်ခြင်း၊ ရေအရင်းအမြစ် များကို ညစ်ညမ်းစေခြင်း၊ ရေအရင်းအမြစ်များကို ပျက်စီးစေခြင်း၊ ရေအရင်းအမြစ်များကို အတိုင်း အဆမဲ့စွာ ထုတ်ယူခြင်း၊ လိုအပ်သည့် အတိုင်း အတာထက် သောက်သုံးရေများကို အလွန်အကျွံ သုံးစွဲခြင်း စသော အပြုအမူမျိုးကို ရှောင်ရှား ကြလျက်၊ လူသားချင်း စာနာထောက်ထားသော စိတ်ဓာတ်ဖြင့် ရေအရင်းအမြစ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရမည်  ဖြစ်ပေ သည်။        ။

သိပ္ပံစာရေးဆရာကိုကိုအောင်

No comments:

Post a Comment