အမေရိကန်သမ္မတကတော်ရဲ့ ပထမဦးဆုံးတစ်ကိုယ်တည်းသွားရတဲ့ နိုင်ငံခြားခရီးစဉ်
တနင်္လာနေ့မှာတော့ ချောမောလှပပြီး ထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုရမယ့် အမေရိကန်သမ္မတ ကတော် မယ်လာနီယာထရမ့်ဟာ သူ့ရဲ့ အာဖရိက ခရီးစဉ်ကို စတင်လိုက်ပါတယ်။
ပထမဦးဆုံးတစ်ကိုယ်တည်းခရီးစဉ်
ဒီခရီးစဉ်မှာ ခင်ပွန်းသည် လိုက်ပါ နိုင်ခြင်းတော့ မရှိပါဘူး။ မယ်လာနီယာ ထရမ့်အတွက် ပထမဦးဆုံး တစ်ကိုယ် တည်းသွားမယ့် နိုင်ငံခြားခရီးစဉ်ဆို လည်း မမှားပါဘူး။ မစ္စစ်ထရမ့် သွား ရောက်ဖို့ စီစဉ်ထားတဲ့ အာဖရိကနိုင်ငံ တွေကတော့ ဂါနာ၊ ကင်ညာ၊ မာလဝီနဲ့ အီဂျစ်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်းမှာ ကျောင်းသား ကျောင်းသူ လေးတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဆေးရုံကို သွားရောက်ပြီး လှူဒါန်းမယ့် အစီ အစဉ်တွေလည်း ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ဒီခရီးစဉ်အတွင်းမှာ တော့ သမ္မတကတော်ဟာ ပုံမှန် အဝတ်အစားပဲ ဝတ်ဆင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
အဆိုးမြင်ပြီး ပြောထားတာတွေရှိ
ပြီးခဲ့တဲ့သီတင်းပတ်က ကုလ သမဂ္ဂမှာ အမေရိကန်သမ္မတ ထရမ့် ဟာ က္ဘာလုံးဆိုင်ရာ မူဝါဒဆိုတာကို လက်မခံဘူးလို့ ပြောခဲ့တဲ့အခါမှာတော့ မယ်လာနီယာထရမ့်ဟာ အခုခရီး စဉ်မှာ သမ္မတထရမ့်ရဲ့အစိုးရအဖွဲ့ကို အမြင် ပျော့ပျောင်းလာစေဖို့ ကြိုးစား ရမှာလည်း ဖြစ်တယ်။ သမ္မတ ထရမ့် ဟာ အာဖရိကနိုင်ငံတွေနဲ့ ပတ်သက် လာရင် အဆိုးမြင်ပြီးပြောထားတာတွေ အများကြီးရှိပါတယ်။ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား ဟာ ကင်ညာနိုင်ငံကဖြစ်လို့ သမ္မတ တစ်ယောက်ဖြစ်လာဖို့ မထိုက်တန် ဘူးလို့လည်း ဝေဖန်ခဲ့ဖူးပါတယ်။
ဝေဖန်မှုများနှင့်မယ်လာနီယာထရမ့်
သမ္မတကတော် မယ်လာနီယာ ထရမ့်ဟာ သူကိုယ်တိုင်ပဲ အတော် လေး လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်နိုင်တယ်လို့ ပြောရမှာပါ။ ဆလိုဗေးနီးယန်းမှာ မွေးဖွားတဲ့ မယ်လာနီယာထရမ့်ဟာ သမ္မတ ဟောင်း အိုဘားမားဟာ အမေရိကန် မှာ မွေးဖွားခဲ့တာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာ မယ်လာနီယာထရမ့်ဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေး တွေကို ထိန်းသိမ်းထားရှိရာစခန်းကို သွားရောက်တဲ့အခါ ငါ တကယ် ဘာမှ ဂရုမစိုက်ဘူးဆိုတဲ့ စာတန်းပါ အင်္ကျီကို ဝတ်ဆင်ခဲ့တဲ့အတွက် သတင်း စာတွေရဲ့ မျက်နှာဖုံးမှာ ဖော်ပြခြင်းခံရ ပါတယ်။ အဲဒီကိစ္စကြောင့် ပြည်သူတွေ ကြား အတော်လေး လှုပ်ခတ်သွားခဲ့ပါ တယ်။ တက္ကဆက်ပြည်နယ်ကို သွားတဲ့ နောက်ထပ်ခရီးစဉ်တစ်ခုမှာလည်း ဟာရီ ကိန်းမုန်တိုင်းဒဏ်ခံ ပြည်သူတွေနဲ့ သွားတွေ့တဲ့အခါ ချွန်ထက်နေတဲ့ ဒေါက်မြင့်ဖိနပ်ကို စီးသွားတဲ့အတွက် အတော်လေး ဝေဖန်ခံရပြန်ပါတယ်။
အာဖရိကကိုစိတ်ဝင်စား
သမ္မတကတော် မယ်လာနီယာ ထရမ့်ဟာ သူနိုင်ငံခြားခရီးစဉ်ကို တစ်ယောက်တည်းသွားရရင် သူ့ရဲ့ ပထမ ဦးဆုံးခရီးစဉ်ဟာ အာဖရိကပဲ ဖြစ်ရမယ် လို့ ပြောလေ့ရှိပါတယ်။ ဘာလို့လဲဆိုရင် သူဟာ အာဖရိကကို တစ်ခါမှမရောက် ဖူးလို့ပါ။ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း မှာ သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေ အနှစ်နဲ့ သမိုင်းကြောင်းတွေ ရှိလို့ပါလို့ မယ်လာနီယာထရမ့်ရဲ့ ဆက်သွယ်ရေး အရာရှိတစ်ဦးဖြစ်သူ စတက်ဖင်နီ ဂရစ်ရှန်က ပြောပါတယ်။
ခရီးစဉ်အသေးစိတ်မသိရသေး
အိမ်ဖြူတော်ကတော့ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုဖော်ပြထား ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း သမ္မတကတော်ကတော့ ခြောက်ရက်ကြာ ခရီးစဉ်အတွင်းမှာ ဆေးရုံ၊ ကျောင်းနဲ့ တိုးရစ်တွေ အများဆုံးသွားလာတတ်တဲ့ နေရာတွေကိုသွားမယ်လို့ စီစဉ်ထားပါ တယ်။ အခုခရီးစဉ်အတွင်းမှာ ဘာတွေ လုပ်ရမယ်ဆိုတာကို မယ်လာနီယာထရမ့် အနေနဲ့ သိထားပြီးဖြစ်တဲ့အပြင် အာဖရိက ခရီးစဉ်အတွင်းမှာ အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနဲ့အတူ တွဲပြီး အလုပ်လုပ်သွားမှာ ဖြစ်တယ်လို့ မယ်လာ နီရဲ့ ဆက်ဆံရေးအရာရှိက ပြောပါတယ်။
မိတ်ဆွေတွေကိုပဲ အကူအညီပေးမယ်
နိုင်ငံခြားကိုပေးအပ်နေတဲ့ အကူ အညီတွေနဲ့ပတ်သက်ပြီး သမ္မတ ထရမ့် ဟာ သူ့ရဲ့အမြင်ကို လွန်ခဲ့တဲ့ သီတင်း ပတ်ကပဲ ကုလသမဂ္ဂမှာ ရှင်းလင်းအောင် ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။ အမေရိ ကန်ပြည်ထောင်စုဟာ မိတ်ဆွေနိုင်ငံ တွေကိုပဲ အကူအညီပေးမှာဖြစ်တယ်လို့ ပြောထားပြီးဖြစ်ပါတယ်။ အခုခရီးစဉ်မှာထရမ့်အစိုးရအဖွဲ့ရဲ့ သံတမန်ရေးရာအရ မပါဝင်ရင်တောင် သမ္မတကတော်အတွက် ကတော့ အတော်လေး ဝရုန်းသုန်းကား နိုင်မယ့် ခရီးစဉ်ပါပဲ။ နိုင်ငံရေးနောက်ခံ အားဖြင့် အဆင်မပြေပေမယ့် နိုင်ငံတော် အဆင့် အခမ်းအနားနဲ့အဆင်ပြေအောင် လုပ်ပေးမယ်လို့ ခန့်မှန်းထားကြပါတယ်။
ယခင်သမ္မတ ကတော်များရဲ့
အာဖရိက ခရီးစဉ်
မယ်လာနီယာထရမ့်အရင် သမ္မတ ကတော်တွေတုန်းကလည်း အာဖရိကကို ကောင်းကောင်းမွန်မွန် သွားနိုင်ခဲ့ကြပါ တယ်။ ဟီလာရီကလင်တန်ဟာလည်း အာဖရိကကို တစ်ယောက်တည်းသွားခဲ့ဖူး ပါတယ်။ ဂျော့ဒဗလျူဘုရှ် သမ္မတ ဖြစ်လာတဲ့အခါမှာလည်း လော်ရာ ဘုရှ်ဟာ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး အဖြစ် အာဖရိကကိုအကြိမ်ပေါင်းများစွာ သွားခဲ့ဖူးပါတယ်။ ဒီလိုပါပဲ မီရှဲလ်အိုဘား မား လက်ထက်တုန်းကလည်း သူ့ရဲ့ ဒုတိယမြောက် နိုင်ငံခြားတစ်ကိုယ်တော် ခရီးစဉ်အဖြစ် အာဖရိကကို ရွေးချယ် ခဲ့ပါတယ်။
ဝေဖန်သံများ
ခေတ်မီပြီး ကြော့ကြော့မော့မော့ နေတတ်တဲ့ မစ္စစ်ထရမ့်အနေနဲ့ အခုခရီး စဉ်ရဲ့ အသုံးစရိတ်အတွက် အခွန်ပေး ဆောင်သူတွေဆီက မေးခွန်းတွေ အများကြီးပေါ်ထွက်လာပါတယ်။ မီရှဲလ် အိုဘားမားတုန်းကလည်း ၂ဝ၁၁ ခုနှစ် အာဖရိကခရီးစဉ်မှာ သူနဲ့သူ့ရဲ့ နောက်လိုက် တွေအတွက် ဒေါ်လာ ၄၂၄ဝဝဝ ကုန်ကျ ခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။ မီရှဲလ်အိုဘားမားတုန်းကလိုပဲ မယ်လာနီယာထရမ့်ဟာလည်း C-32A လေယာဉ်ကို အသုံးပြုပါတယ်။ အဲဒီ အတွက် ကုန်ကျစရိတ်ဟာ တစ်နာရီကို ၁၅၈၄၆ ဒေါ်လာ ကုန်ကျပါတယ်။ မစ္စစ်ထရမ့် ဟာ အခုခရီးစဉ်ကို လူအနည်းငယ်နဲ့ပဲ သွားဖို့ စီစဉ်ထားပြီးသားဖြစ်သူကို ဝါရှင်တန်မှာပဲ ထားခဲ့မှာပါ။ သမ္မတ ကတော်တွေကို လေ့လာနေတဲ့ အိုဟိုင်း ယိုး တက္ကသိုလ်ကပါမောက္ခ ကတ်သရင်း ဂျယ်လီဆန်ကတော့ မစ္စစ်ထရမ့်ဟာ သမ္မတထရမ့် အစိုးရအဖွဲ့ကိုယ်စား နိုင်ငံ ခြားရေးမူဝါဒကို လုပ်ဆောင်သွားဖို့ မရှိ ဘူး။ သမ္မတထရမ့်ကို မကျေနပ်တဲ့ လူတွေရဲ့ ဆန္ဒပြမှုတွေကလည်း အကာ အကွယ်ယူသွားရဖို့ရှိတယ်။ လူတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံတွေ့ဆုံနိုင် ဖို့လည်း အတော်လေးကြိုးစားသွားရ မယ်လို့ ပြောပါတယ်။
နိုင်ငံ့ခေါင်းဆောင်များရဲ့
ဇနီးများနဲ့တွေ့ဆုံဖွယ်ရှိ
အာဖရိကနိုင်ငံတွေကို လည်ပတ် နေစဉ်အတွင်း မစ္စစ်ထရမ့်ဟာ နိုင်ငံ အကြီးအကဲတွေရဲ့ အမျိုးသမီးတွေ နဲ့အတူ အချိန်ဖြုန်းလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ မကြာသေးမီကပဲ မစ္စစ်ထရမ့်ဟာ ကင်ညာသမ္မတကတော် ကို အိမ်ဖြူတော်မှာ လက်ခံကြိုဆိုခဲ့ပါ တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောစဉ်ကလည်း သူဟာ ကင်ညာနိုင်ငံရဲ့ ကလေးငယ်များ ပညာရေးအတွက် ကင်ညာနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကနေ သင်ယူရမှာတွေ အများကြီးရှိသေးတယ်လို့ ပြောခဲ့ ပါတယ်။ ပညာရေး၊ မူးယစ်ဆေးစွဲမှု၊ ဆာလောင်မွတ်သိပ်မှု၊ အွန်လိုင်းလုံခြုံ ရေး၊ ဆင်းရဲမွဲတေမှု၊ ရောဂါထူပြောမှု အစ ရှိတာတွေကို တိုက်ဖျက်သွားဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အောင်အောင်မြင်မြင်နဲ့
ခရီးစဉ်ပြီးဆုံးမှာလား
တကယ်လို့များ အခုသီတင်းပတ် အတွင်း သမ္မတထရမ့်ကို သတင်းစာ မျက်နှာဖုံးတွေမှာ ဖော်ပြဝေဖန်ခံနေရ တာတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် သမ္မတကတော်အနေနဲ့ အာဖရိက ခရီးစဉ်မှာ အဆင်ပြေပြေနဲ့ပဲ က္ဘာ့ အလယ်မှာ ချပြနိုင်မှာပါလို့ စာရေး ဆရာတစ်ဦးဖြစ်သူ အန်ဒရာဆန် ဘရောင်ဝါက ပြောပါတယ်။သမ္မတ ကတော် မယ်လာနီယာရဲ့ ခရီးစဉ်ဟာ အကျိုးသက်ရောက်မှု ရှိမလားဆိုတာ ကို တကယ်ပဲ သိချင်ပါတယ်။ ဘာလို့ လဲဆိုရင် အိမ်ဖြူတော်အနေနဲ့ နောက်ထပ် ခေါင်းကြီးပိုင်းသတင်းတွေ လိုအပ်နေပြီလို့လည်း သူကဆက်ပြော ပါတယ်။ ပြည်တွင်း ခရီးစဉ်တွေမှာ အမြဲလိုလို ဝေဖန်ခံနေရတဲ့ မယ်လာ နီယာထရမ့်တစ်ယောက် အခု တစ်ဦး တည်းသွားရတဲ့ ပထမဦးဆုံး နိုင်ငံခြား ခရီးစဉ်မှာ အဆင်ပြေပြေ ပြီးသွား မလား ဆိုတာကိုတော့ အများက စိတ်ဝင်စားနေကြပါတယ်။
ကိုးကား -နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment