Latest News

Thursday, October 4, 2018

မုံရွာအိမ်ခြံမြေဈေးကွက် ၀ါတွင်းကာလပင် ထူးထူးခြားခြား အရောင်းသွက်

မုံရွာအိမ်ခြံမြေဈေးကွက် ၀ါတွင်းကာလပင် ထူးထူးခြားခြား အရောင်းသွက်

    ပုံမှန်ဝါတွင်းကာလတွင် အရောင်းအ၀ယ်ပါးတက်သော   မုံရွာအိမ်ခြံမြေဈေးကွက်သည် ယခုနှစ်၌ အရောင်းအ၀ယ်အပြင်  အငှားဈေးကွက်ပါ ထူးထူးခြားခြား သွက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်းရရှိသည်။

   မုံရွာမြို့ပေါ် ရပ်ကွက်များတွင် အရောင်းအ၀ယ်အဖြစ်ဆုးံမှာ အကွက်အကွင်း ပိုကျပြီး သာစည်လမ်းမကြီးနှင့် ကျောက္ကာလမ်းမကြီးကြား တက္ကသိုလ်နယ်မြေဖြစ်သော ချမ်းမြ၀တီရပ်ကွက်ဖြစ်သည်။

    ဒုတိယအရောင်းအ၀ယ်အဖြစ်ဆုးံမှာ ၊မြို့သစ်ရပ်ကွက်နှင့်နန္ဒ၀န်ရပ်ကွက်တို့ဖြစ် သည်ဟု အကျိုးဆောင်များကဆိုသည်။

ပြည်တွင်းရှိ ရွှေဈေးနှုန်းမှာ စံချိန်တင်မြှင့်တက်နေခြင်း၊အမေရိကန် ဒေါ်လာဈေးမတည်ငြိမ်ခြင်း ကြောင့် ငွေကြေးအသင့်အတင့်ရှိသူများသည် အိမ်ခြံမြေတွင် ရင်းနှီးမြုပ်နှံရန်စိတ်ဝင်စားလာခြင်းကြောင့် ၀ါတွင်းကာလပင် ဈေးအနိမ့်ပိုင်း ၀င်းမြေ၊ခြံကွက်များ ခပ်သွက်သွက် အရောင်းအ၀ယ်ဖြစ်နေသည် ၀ါရင့် အိမ်ခြံမြေအကျိုးဆောင်များက သုးံသပ်ကြသည်။
 
   “ သိန်း တစ်ရာ၊နှစ်ရာဝန်းကျင်အကွက်တွေ ပိုဝယ်ကြတယ်၊ဖုန်း ကုမ္ပဏီတွေ၊လမ်း ကန်ထရိုတ် တွေကြောင့်အငှားဈေးကွက်ကောင်းနေတာ၊မိသားစုတွေ နေဖို့ ငှားကြတာ သိပ်မရှိဘူး”ဟု မုံရွာအထွေအထွေအကျိုးဆောင်လုပ်ငန်းမှ ကိုအောင်ဆန်းကပြောသည်။

    မုံရွာမြို့တွင် အိမ်ခြံမြေ၀န်းများလာရောက်ဝယ်ယူ ရင်းနှီးမြုပ်နှံသူများ၏ ၇၀ ရာခိုင်နှုန်းမှာ အထက်ချင်းတွင်း မင်းကင်း၊ဟုမ္မလင်းဒေသခံများ၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း ပုလဲ၊ယင်းမာပင် နှင့်ရွှေဘို၊အရာတော်မြို့နယ်များမှ ဖြစ်သည်ဟု သိရသည်။

    “ မုံရွာကို အဝေးသင်လာတက်တဲ့ ကျောင်းသားအများစု က မိဘတွေကို ၀ယ်ခိုင်းရင် သူတို့ကျွမ်းကျင်တဲ့ တက္ကသိုလ်နယ်မြေ ချမ်းမြ၀တီရပ်ကွက်ထဲမှာဘဲ ၀ယ်ကြတယ်၊ ၀န်ထမ်းတချို့ကလည်းနောင်မှာနေဖို့ဝယ်ကြတယ်၊ အဆောင်ဖွင့်ပြီး စားလည်းအဲဒီဘက်က အဆင်ပြေနေတယ် “ဟု အိမ်ခြံမြေ အကျိုးဆောင် ကိုအောင်မြင့်နိုင်ကပြောသည်။
 
ယခင်က ၀င်းခြံမြေများစွာ ကိုင်ထားသူများသည်လည်း ငွေပေါ်ရန် ထုတ်ရောင်းနေကြသည်ဟု အကျိုးဆောင်များကပြောသည်။

  မုံရွာဈေးကွက်တွင် သိန်းထောင်ချီသော ၀င်းခြံမြေများအရောင်းအ၀ယ်မဖြစ်ဘဲ ပြန်ရောင်းပါကလည်း ပိုသွက်သော သိန်းရာဂဏာန်းဝင်းမြေများက တစ်ပတ်လျင် သုးံကွက်ခန့်အရောင်းအ၀ယ်ဖြစ်သည်ဟု ဆိုသည်။
 
    “ ၀င်းခြံ ကြီးရင်တောင် နှစ်ပိုင်းပိုင်းရောင်းတာ၊ခေတ်အရ တစ်ကွက်တည်း သိန်း ၇၀၀ တန်ဆိုဘယ်သူမှ မ၀ယ်တော့ဘူး၊ သိန်း၇၀၀ လိုက်နိုင်တောင် ၀ယ်တဲ့သူကလည်း ဟိုနား ၂၅၀တန် ၊ဒီနား၂၀၀ တန်လောက်ခွဲဝယ်တာ” ဟု ကိုအောင်မြင့်နိုင်ကပြောသည်။
   ကိုရီးယား၊ထိုင်းနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်နေသူများကလည်း မိဘများ၊ဇနီးသည်များထံငွေပို့၍ မုံရွာတွင် ခြေကုပ်ရရန် အိမ်ခြံမြေများလာရောက်ဝယ်ယူနေကြသည်ဟု ဆိုသည်။ 

      “အစွန်အဖျားက လေးငါးကွက်ရောင်းလိုက်၊ နေရာကောင်းတဲ့နေရာကို တစ်ကွက်ပြန်ဝယ်လိုက်နဲ့ ခုန်နေကြတာ “ဟု အိမ်ခြံမြေအကျိုးဆောင် ကိုအောင်စိုး ကပြောသည်။
 
   အရောင်းအ၀ယ်ဖြစ်နေသော ထိပ်တန်းရပ်ကွက် ချမ်းမြ၀တီ တွင် ရေကူးကန်လမ်းမကြီးမေးတင် ၈၀x၆၀ တစ်ကွက်လျင် သိန်း၂ထောင်ခန့်၊ တက္ကသိုလ်နောက်ကျောလမ်း ဗန္ဓုလလမ်းဘေးတွင် သိန်း ၁၆၀၀ နီးပါးရှိသည်။

  သာစည်လမ်းဘက်နီးသည့် ၀င်းမြေများသည် အနည်းဆုးံ သိန်း ၈၀ ရှိပြီး ကျောက္ကာလမ်းဘက်တဖြေးဖြေးရောက်ပါက သိန်း ၂၀၀နှင့် ၃၀၀ ကြားဈေးပေါက်သည်ဟုသိရသည်။
    မြို့သစ်ရပ်ကွက်မြေတွင် ၈၀ပတ်လည် တစ်ကွက်လျင် သိန်း ၃၅၀မှ ၄၀၀ကြား၊ဗိုလ်ချုပ်လမ်း (မိန်းလမ်း)ဘက်တွင်သိန်း ၂ထောင်ပတ်ချာလည် နှင့်လမ်းသွယ်များတွင် သိန်း ၃၀၀ နီးပါးဈေးရှိနေသည်။

ကိုသစ္စာ
Photo Credit

No comments:

Post a Comment