၂၁ အောက်တိုဘာ ၊ ၂၀၁၈
ယနေ့ အောက်တိုဘာ ၂၁ရက် ညနေ ၄နာရီ ၃၀အချိန်ခန့်တွင် မအူပင်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ကျော်လင်း ၊ ရဲအုပ်သူအောင်တို့ခေါင်းဆောင်သောတပ်ဖွဲ့ဝင်များသည် မဲဇလီနယ်မြေရဲစခန်းမှ ရဲအုပ် တင်မောင်ရွှေတို့ ပါဝင်သောပူးပေါင်းအဖွဲ့ ၊ သက်သေလူကြီးများနှင့်အတူ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ် ပုသိမ်-ရန်ကုန်ကားလမ်းရှိ မဲဇလီစစ်ဆေးရေးဂိတ်၌ သတင်းအရ ပိတ်ဆို့စစ်ဆေးစဉ် မအူပင်မြို့တွင် နေထိုင်သူများဖြစ်ကြသည့် ၇ရပ်ကွက် ခိုင်သဇင်လမ်းနေ ကားဆရာ အာဒစ် ၊ ၂ရပ်ကွက် ၃လမ်းနေ ကားဆရာ ဝင်းလွင်ဦး ၊ ဇာနည်(ခ)ဇော်ဇော်အောင် နှင့် ၉ရပ်ကွက်နေ ဒီမိုက်တို့ ၄ဦး လိုက်ပါ စီးနင်းလာသော 8D 6489 Tawnace လိုက်ထရပ် ကားပေါ်မှ WY စာတမ်းပါ မူးယစ်စိတ်ကြွဆေးပြား ၆၂ ပြား ၊ သုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည် ။
#ခရမ်း
No comments:
Post a Comment