Latest News

Saturday, October 13, 2018

ငွေကျပ် ၂၈ သိန်းကျော်တန်ဖိုးရှိ မီးရှူးမီးပန်း၊ ဗြောက်အိုးများ သိမ်းဆည်းရမိ

ငွေကျပ် ၂၈ သိန်းကျော်တန်ဖိုးရှိ
မီးရှူးမီးပန်း၊ ဗြောက်အိုးများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ဝ ရက် ညနေ ၆ နာရီ မိနစ်၂ဝ က ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်နေ ဦးအောင်နိုင်၏   ''နေပြည်တော်'' မှန်ဆိုင်တွင် ဗြောက်အိုးများရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မီးရှူး မီးပန်း၊   ဗြောက်အိုးများ   စုစုပေါင်းတန်ဖိုးငွေကျပ် ၂၈၈၈၅ဝဝ ခန့်အား သိမ်းဆည်းရမိခဲ့သဖြင့် ဦးအောင်နိုင်အား ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကိုရဲ

No comments:

Post a Comment