Latest News

Saturday, October 13, 2018

ခရီးတာအရှည်လျားဆုံး လေကြောင်းခရီးစဉ် စင်ကာပူလေကြောင်းဌာန စတင်ပြီ

ခရီးတာအရှည်လျားဆုံး လေကြောင်းခရီးစဉ်
စင်ကာပူလေကြောင်းဌာန စတင်ပြီ

စင်ကာပူ အောက်တိုဘာ ၁၁

ကမ္ဘာပေါ်တွင် ခရီးတာအရှည်လျားဆုံးပျံသန်းသည့် လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူ-နယူးယောက် လေကြောင်း ခရီးစဉ်ကို အောက်တိုဘာ ၁၁ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။

စင်ကာပူလေကြောင်းဌာနသည် ကီလိုမီတာ ၁၆၇ဝဝ (မိုင် ၁ဝ၄ဝဝ) ခရီးတာအား တိုက်ရိုက်ပျံသန်းမည့် ခရီးစဉ်များကို အောက်တိုဘာ ၁၁ ရက်တွင်  စတင်ရန် စီစဉ်ထားသည်။ စင်ကာပူနှင့်  နယူးယောက်အကြား         တိုက်ရိုက်လေကြောင်းပျံသန်းမှုအတွက် အဲဘတ်စ် အေ ၃၅ဝ-၉ဝဝ ယူအာရ်အယ်လ်အမျိုးအစား ခရီးသည်တင် လေယာဉ်ကို အသုံးပြုမည်ဖြစ်သည်။

တိုက်ရိုက်လေကြောင်းခရီးစဉ်၏ လေယာဉ်ပျံသန်းချိန်မှာ ၁၈ နာရီနှင့် ၂၅ မိနစ် ကြာမြင့်မည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၁၁ ရက် လေကြောင်းခရီးစဉ်အရ စင်ကာပူချန်ဂီလေဆိပ်မှသည် နယူဝပ်လေဘာတီနိုင်ငံတကာလေဆိပ်သို့ ဦးတည်ပျံသန်းရန် စီစဉ်ထားကြောင်း သတင်းတွင်ဖော်ပြသည်။                     

Mirror

No comments:

Post a Comment