Latest News

Thursday, October 4, 2018

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို ခေါင်းဆောင်ကင်နှင့်တွေ့ဆုံရန် မြောက်ကိုရီးယားသို့ မကြာမီသွားရောက်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို ခေါင်းဆောင်ကင်နှင့်တွေ့ဆုံရန် မြောက်ကိုရီးယားသို့ မကြာမီသွားရောက်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  မိုက်ပွန်ပီအိုက  မြောက်ကိုရီးယားနိုင်ငံသို့ ယခုလ ၇ ရက်တွင်   ထပ်မံသွားရောက်လည်ပတ်မည်ဖြစ်ပြီး   မြောက်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက  မကြာသေးမီတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနောရတ်က ယမန်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ယခုလို ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည်  မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်သွယ်မှုကို ထိန်းသိမ်း ထားမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံအား နျူကလီး ယား  အလုံးစုံစွန့်လွှတ်ရန် ထားရှိသည့် ရည်ရွယ်ချက်မှာ ပြောင်းလဲခြင်းမရှိကြောင်း ပြောခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာ ၂၆ ရက်တွင် မြောက်ကိုရီး ယားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း စတင်ကြေညာခဲ့သည်။ မြောက်ကိုရီးယား ခရီးစဉ်အတွင်း  နှစ်နိုင်ငံခေါင်းဆောင်တို့က  စင်ကာပူတွေ့ဆုံမှုတွင်   ရရှိခဲ့သည့် သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် တွန်းအားပေးခြင်း နှင့် ဒုတိယအကြိမ်မြောက် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမှုအတွက်  ပြင်ဆင်သွားရန် ကြေညာခဲ့သည်။
ဟီသာနောရတ်သည်   သြဂုတ်လပိုင်းတွင်   မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက် ရန် စီစဉ်ခဲ့သော်လည်း ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးတွင် တိုးတက်မှု မရှိသည်ကို အကြောင်းပြုကာ ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
အမေရိကန်သမ္မတ    ဒေါ်နယ်ထရမ့်နှင့်   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် ယခုနှစ် ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံတွင်   တွေ့ဆုံခဲ့ကြပြီး    ပူးတွဲကြေညာချက်  ရေးထိုးထုတ်ပြန်ခဲ့သည်။
ကြေညာချက်အရ   နှစ်နိုင်ငံဆက်ဆံရေးအသစ်နှင့်   ကိုရီးယားကျွန်းဆွယ်  ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက်      ကြိုးပမ်းတည်ဆောက်သွားမည်ဖြစ်ပြီး ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးအတွက် အာမခံချက်ပေးရမည် ဖြစ်သလို ကင်ဂျုံအန်းကလည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယား  လုံးဝကင်းစင်ရေး အတွက်  ထပ်မံကတိပြုခဲ့ကြောင်း သိရသည်။                                         

ဆင်ဟွာ

No comments:

Post a Comment