Latest News

Sunday, October 21, 2018

တောရိုင်းဆင်သုံးကောင်အား သစ်တောကြိုးဝိုင်းထဲသို့ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့

တောရိုင်းဆင်သုံးကောင်အား  သစ်တောကြိုးဝိုင်းထဲသို့ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့


 ရေကြည်  အောက်တိုဘာ  ၂၁

ပုသိမ်မြို့နယ် သစ်ထုပ်ရေးဒေသ  မြန်မာ့သစ်လုပ်ငန်း EERU   အဖွဲ့ခေါင်းဆောင် လင်းလင်းထွန်း  တိကုမှူး မောင်စိုး   ဆင်ဖမ်းခေါင်းဆောင်  စိန်ဝင်းထွန်း    အဖွဲ့ နှင့်  ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်းများ နယ်မြေခံတပ်မတော်သားများ ဒေသခံရွာသာများ  ပူးပေါင်းအဖွဲ့သည်   အောက်တိုဘာ  ၂၀ ရက် နံနက်  ၁၁ နာရီမှစတင်ပြီး လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာအုပ်စု မရမ်းကုန်းကျေးရွာ အနောက်ဘက်  တောအုပ်အထည်းတွင် တောဆင်သုံးကောင် ရောက်ရှိသတင်းကြောင့်  ပူးပေါင်းအဖွဲ့များက ခြေရာခံ ခြေရာကောက် ၍ လေးမျက်နှာသစ်တောကြိုးဝိုင်းအတွင်းသို့ ၃ နာရီကြာ ဆင်ဖမ်းအဖွဲ့မှ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သည်။

အဆိုပါတောဆင်ရိုင်းများသည်ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်  ကက္ကူကြီး ကျေးရွာအုပ်စု  ၌ အောက်တိုဘာ ၁၆ ရက်နေ့ ညများတွင် လည်းကောင်း  အောက်တိုဘာ ၁၈ ရက်နေ့ ည   နှင့် အောက်တိုဘာ ၁၉  ရက် နံနက်ပိုင်းတွင် ပန်းပုကွင်းကျေးရွာ များ၌ ပြောင်းခင်းများ  စပါးခင်းများ ငှက်ပျောတောများ  ကလောစိုက်ခင်းများကို  ညဘက် ဝင်ရောက်၍ စားသောက် ကျပြီး  လူ  နှင့် လူနေအိမ်များအား ဖျက်စီးခြင်းမရှိကြောင်းသိရသည် ။

 အဆိုပါ တော ဆင်သုံးကောင်သည် လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာ ( ခန့်မှန်း )ဘက်ကလာသည်ဟုထင်ရပြီး ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး နှင့် နယ်မြေခံ
  တပ်မတော်သားများ၊ ဒေသခံပြည်သူများ ၊ သစ်တော တောခေါင်းများ ၊ ကုန်ပြင်နယ်မြေရဲစခန်းမှတာဝန်ရှိသူများမှ ကျေရွာအတွင်သို့ ဝင်ရောက်မှုမရှိစေရေး လူစုလူဝေးဖြင့် ဆူညံအောင်ပြုလုပ်ခြင်း ဗျောက်အိုးများဖောက်ခြင်းများ ပြုလုပ်ဆောင်ရွက်၍  တာဆီးမူများပြုလုပ်နေကြရကြောင်းသတင်းရ ရှိသည်။

မင်းဇော်ဦး ( ရေကြည်)

No comments:

Post a Comment