Latest News

Wednesday, October 31, 2018

ခင်ဇာခြည်ကျော်၏ သားနှင့်သမီးက မိခင်၏ အနုပညာအမွေကို ဆက်လက်ခံယူမည်

ခင်ဇာခြည်ကျော်၏ သားနှင့်သမီးက မိခင်၏
အနုပညာအမွေကို ဆက်လက်ခံယူမည်

ငါ သူတစ်ပါး ယောက်ျား မိန်းမ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ထားခဲ့သည့် အကယ်ဒမီ ခင်ဇာခြည်ကျော်၏  အနု ပညာအမွေကို သားဖြစ်သူ ဘုန်းမင်းနေလနှင့် သမီးဖြစ်သူ ထိန်သစ္စာတို့က ဆက်ခံ လုပ်ကိုင်သွားမည်ဟု သိရပြီး မိခင်၏အနုပညာအပေါ်ထားရှိသည့် သဘောထား များနှင့် သူတို့၏အမြင်များကို ယခုလို ပြောကြားခဲ့သည်။

''အမေက သားတို့အတွက်တော့ စံထားထိုက်သူတစ်ယောက်ပါ၊ အမေက သူငယ် ချင်းလိုလည်း အားကိုးရတယ်၊ အဖေဆိုလည်း ဟုတ်တယ်၊ အမေဆိုလည်းဟုတ်တယ်၊ အမေက အနုပညာသမားတစ်ယောက်ဆိုပေမယ့် သူ့စိတ်က မာတယ်၊ သူ တအား စိတ်ညစ်စရာရှိတောင် ကျွန်တော်တို့  ရှေ့မှာ  အမြဲပြုံးနေတတ်တယ်၊ ကျွန်တော့် အမေပါတဲ့ တစ်ခုလပ် ဇာတ်ကားထဲကအတိုင်းပဲ အမေက သူ့ဘဝကို တစ်ယောက် တည်း ရုန်းကန်ပြီး ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို အကောင်းဆုံး စောင့် ရှောက်ပေးနိုင်ခဲ့ပါတယ်၊ အမေ့ရဲ့ အနုပညာကိုလည်း ကျွန်တော်တို့ လေးစားတယ်၊ အမေ အကယ်ဒမီရတဲ့ ငါ သူတစ်ပါး ယောက်ျား မိန်းမ ကားဆို မောင်နှမနှစ်ယောက် အမြဲကြည့်ဖြစ်တယ်၊ ကျွန်တော့်အနေနဲ့ကတော့ အခုချိန်မှာ ပညာရေးဘက်ကို အမေ က ဦးစားပေးခိုင်းတယ်၊ အနုပညာအလုပ်ကတော့ အချိန်ရရင်ရသလို လေ့လာနေပါ တယ်''ဟု ဘုန်းမင်းနေလက ပြောသည်။

သမီးဖြစ်သူ ထိန်သစ္စာကလည်း ''သမီးကတော့ အမေ့ကို အတုယူပြီး အနုပညာ သမားကောင်းတစ်ယောက် ဖြစ်ချင်တာတော့အမှန်ပဲ၊ ရုပ်ရှင်ဘက်တော့ မဟုတ်ဘူး၊ သရုပ်ဆောင်တစ်ယောက်ထက် သီချင်းဆိုတာ ကြိုက်တယ်၊ ဒါကလည်း သမီးရဲ့ ဘဝ အာမခံချက်အလုပ်တော့   မဟုတ်ပါဘူး၊   တကယ်တမ်းဖြစ်ချင်တာက   ဆရာဝန် တစ်ယောက်ပါ၊ အမေက ပညာရေးကို အခုအချိန်မှာ အလေးထားခိုင်းတယ်၊ တကယ် လို့ မထင်မှတ်ဘဲ သရုပ်ဆောင်လုပ်ရမယ်ဆို အချစ်ကားလေးတွေရိုက်ချင်တယ်၊ သမီးအမေကတော့ သမီးတို့ဖြစ်ချင်တဲ့စိတ်ကို ပိုအလေးပေးတယ်၊ အမေနဲ့နေရတာ စိတ်ချမ်းသာတယ်''ဟု ပြောသည်။

သရုပ်ဆောင် ခင်ဇာခြည်ကျော်အနေဖြင့် ယနေ့အချိန်ထိ သားသမီးနှစ်ဦးဖြင့် ဘဝ ကို လျှောက်လှမ်းနေပြီး လက်ရှိအချိန်တွင် သားသမီးများကို အနုပညာအလုပ်ထက် ပညာရေးကိုသာ ဦးစားပေးစေကြောင်း သိရသည်။                                       ကိုလင်း

No comments:

Post a Comment