Latest News

Wednesday, October 31, 2018

သမီးအတွက် မိခင်ကောင်းဖြစ်ရန်သာ စိတ်နှစ်ထားကြောင်း လင်းဇာနည်ဇော် ပြောကြား

သမီးအတွက် မိခင်ကောင်းဖြစ်ရန်သာ စိတ်နှစ်ထားကြောင်း လင်းဇာနည်ဇော် ပြောကြား

တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း ဘဝကို သမီး ဖြစ်သူနှင့်အတူ တစ်ဦးတည်း ဖြတ်သန်းလာခဲ့သည်မှာ ယခုအချိန်ဆို  သမီးဖြစ်သူ  မြူနှင်းကိုကို၏တစ်သက် ရှိပြီဖြစ်ကြောင်းနှင့် ကိုယ့်အတွက်ထက် သမီးအတွက် သာ  စိတ်နှစ်ထားကြောင်း  သရုပ်ဆောင် အကယ်ဒမီ လင်းဇာနည်ဇော်က ပြောကြားသည်။

''အစ်မကတော့   ကိုယ့်ဘဝအတွက်ဆိုတာထက် သမီးလေးအတွက်ပဲ အဓိကထားတယ်၊ ကိုယ့်ဒီအရွယ် မှာ တစ်ခုလပ်ဘဝနဲ့  သမီးလေးကိုပဲ ကိုယ့်ဘဝရဲ့အားလို့ သတ်မှတ်ထားတာကြောင့်    ကိုယ့်ကို    ချဉ်းကပ်ကြတဲ့ အမျိုးသားတွေကို စဉ်းတောင်မစဉ်းစားခဲ့ပါဘူး၊ ကိုယ့် အတွက်ထက် သမီးလေးအတွက်ကိုပဲ အစ်မက ပိုပြီး စိတ်ထဲနှစ်ထားတယ်၊ ဘဝမှာ ကိုယ့်အတွက် သင်ခန်းစာ တွေလည်း အများကြီးရခဲ့ဖူးပြီ၊ နောက်ထပ်ကျန်နေတဲ့ ဘဝလေးကို ဘယ်လို အကောင်းဆုံးဖြတ်သန်းရမယ်ဆို တာပဲ ခေါင်းထဲမှာရှိတော့တယ်''ဟု  လက်ရှိ သူ၏ ဘဝ ဖြတ်သန်းမှုအခြေအနေနှင့် ခံယူချက်ကို လင်းဇာနည် ဇော်က ပြောပြသည်။
လင်းဇာနည်ဇော်သည် ဘဝသရုပ်ဖော်    ဇာတ်ကား များကိုသာ    အဓိကထား    ရိုက်ကူးခဲ့သူဖြစ်ပြီး    ယခု အချိန်တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူး သော  တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် တိုင်ရွန်၏ မိခင်အဖြစ် သရုပ်ဆောင်ထားကြောင်း သိရ သည်။

''အဓိကကတော့    တစ်ခုလပ်အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝက   အင်မတန်  ခက်ခဲတယ်ဆိုတာကို ပြချင်တဲ့အချက်ပါ၊ ပညာပေးထားတဲ့ကားတစ်ကားပေါ့၊ မလင်းကလည်း ကိုယ့်ဘဝနဲ့ တိုက်ဆိုင်နေတဲ့ ဒီကား လေးကို အကောင်းဆုံးတော့ သရုပ်ဆောင်ထားတယ်၊ ကားလေးထဲကအတိုင်း ဘယ်မိန်းကလေးကမှ အဲလို လူတကာအထင်သေးခံဘဝမျိုးကို  မရောက်ချင်ကြဘူး လေ ၊ သို့သော်လည်း ကံအကြောင်းမလှလို့ ဖြစ်လာတဲ့ ဘဝကို ရဲရဲကြီးပဲ ခံယူလိုက်ကြတယ်၊ ဒါကို ပတ်ဝန်းကျင် က အချို့လူတွေကလည်း ဝိုင်းနှိမ့်ချချင်ကြတာပေါ့လေ၊ မလင်းကတော့   ကိုယ့်ဘဝမှာ  မိခင်ကောင်းအဖြစ်ပဲ ခံယူချင်တယ်၊ ကျန်တာ ဘာမှကိုမထည့်ထားပါဘူး''ဟု ပြောသည်။
ကိုလင်း

No comments:

Post a Comment