Latest News

Sunday, October 21, 2018

ပွင့်လင်းရာသီတွင် ရန်ကုန်ဝါးတားဘတ်စ်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည်

ပွင့်လင်းရာသီတွင် ရန်ကုန်ဝါးတားဘတ်စ်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည်

ရန်ကုန် အောက်တိုဘာ ၂ဝ

ရန်ကုန်မြို့နေပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့်   သက်သောင့် သက်သာရှိသော     ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှုများရရှိစေရန် ရည်ရွယ်၍ ပြေးဆွဲလျက်ရှိသည့် ရန်ကုန်ဝါးတား ဘတ်စ်ခရီးစဉ်များကို ပွင့်လင်းရာသီ တွင်    တိုးချဲ့ပြေးဆွဲသွားမည်ဖြစ် ကြောင်း    ရန်ကုန်ဝါးတားဘတ်စ် တစ်နှစ်ပြည့်အခမ်းအနားမှ သိရသည်။

တိုးချဲ့ပြေးဆွဲသွားမည့် ခရီးစဉ်များ မှာ   လှိုင်သာယာ၊   ရွှေပြည်သာ၊ ဆိပ်ကြီးခနောင်တို၊ သန်လျင်၊ ငမိုးရိပ် ချောင်း စသည့်နေရာများသို့  တိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ် တိုးချဲ့ ပြေးဆွဲမှုကို     ယခုလမှ     စတင် လုပ်ဆောင်နေပြီဖြစ်ရာ အမြန်ပြေးဆွဲ သွားနိုင်ရန်         စီစဉ်နေကြောင်း တင့်တင့်မြန်မာအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

''ဒီစီမံကိန်းကို စီးပွားရေးသက်သက် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ ကျွန်မတို့ ရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံတော်ကြီးမှာ တစ်တပ်တစ်အား   ပါဝင်ချင်တဲ့စိတ်၊ နိုင်ငံတော်ကိုချစ်တဲ့စိတ်၊ ပြောင်းလဲ စေချင်တဲ့စိတ်နဲ့  ရေးဆွဲခဲ့တာဖြစ်ပါ တယ်။ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေကို နိုင်ငံခြားသားတွေကိုပဲ   ပေးနေရ တယ်။   ကျွန်မတို့ ပြည်သူပြည်သား အားလုံးကို  အောက်ခြေကနေစပြီး အမြင့်ဆုံးအထိ   တူညီသန့်ရှင်းတဲ့ ဝန်ဆောင်မှုနဲ့အတူ ဘေးကင်းလုံခြုံမှု တွေကိုပါ ပေးချင်တာပါ။ ရန်ကုန်မြို့ နေ ပြည်သူပြည်သားအားလုံးအတွက် ထူးခြားဆန်းသစ်တဲ့ ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှုကို   ပေးချင်တဲ့ဆန္ဒနဲ့ လုပ်ခဲ့တာပါ''ဟု ¤င်းက ပြောသည်။

ရန်ကုန်ဝါးတားဘတ်စ်သည် အောက်တိုဘာ ၆ ရက်တွင်  တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ရာ    ဆိပ်ကမ်း ခြောက်ခုကနေ ကိုးခုအထိ တိုးချဲ့နိုင် ခဲ့သလို  သင်္ဘောအစင်းရေများလည်း တိုးပွားလာခဲ့သည်။ ထို့ပြင် ခရီးသည် များအတွက် ဘေးအန္တရာယ်လုံခြုံမှုကို အဓိကထားဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုကောင်းများလည်း ပေးစွမ်း နိုင်ခဲ့သောကြောင့်  တစ်နှစ်အတွင်း အခက်အခဲများ   ရှိခဲ့သော်လည်း အောင်မြင်မှုများရရှိကြောင်း ဒေါ်တင့် တင့်လွင်က ပြောသည်။

လက်ရှိတွင်     ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ကြည့်မြင် တိုင်၊ ရွှေပိတောက်၊ အင်းစိန်၊ သမ္မတ ကမ်းခြေ၊ အံ့ကြီးသင်္ဘောကျင်း၊ ဆာပါ ချောင်ဝန်ထမ်းအိမ်ရာ ဆိပ်ကမ်းများ သို့ ရန်ကုန်ဝါးတားဘတ်စ် သင်္ဘော ၁၂ စင်းဖြင့် နံနက်ပိုင်းမှ ညပိုင်းအထိ တစ်နေ့လျှင် အခေါက်ရေ ၃ဝ နီးပါး ပြေးဆွဲလျက်ရှိပြီး စနေ၊ တနင်္ဂနွေနေ့ များတွင်     နေဝင်ဆည်းဆာအလှ ကြည့်ရှုခြင်းနှင့် သန်လျင်နှင့် တွံတေး မြို့များသို့ ခရီးစဉ်တိုပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။ 

ရန်ကုန်ဝါးတားဘတ်စ်   တစ်နှစ် ပြည့်အခမ်းအနားကို ယနေ့ နံနက် ပိုင်းက   ဗိုလ်တထောင်ဆိပ်ကမ်း၌    ကျင်းပခဲ့ပြီး တိုင်းဒေသကြီး  စီမံကိန်း နှင့်  ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း    တက်ရောက်  အမှာစကားပြောကြား ခဲ့သည်။                 

အေးမင်းသူ

No comments:

Post a Comment