Latest News

Thursday, October 4, 2018

အဆိုတော် သရုပ်ဆောင် မင်းသွေး ဘောလုံးကစားရင်း ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့် ထပ်တူ ၀မ်းနည်းကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်



အဆိုတော် သရုပ်ဆောင် မင်းသွေးေ
ဘာလုံးကစားရင်း ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့် ထပ်တူ ၀မ်းနည်းကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်

ရုပ်ရှင် သရုပ်ဆောင်၊ တေးသံရှင် ကိုနေမင်းအောင် (ခ) မင်းသွေး (၃၃) နှစ်သည် အောက်တိုဘာလ (၃) ရက်နေ့၊ ည ၁၁ နာရီ မိနစ် ၂၀ တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူ ၀မ်းနည်းကြေကွဲ ရပါသည်။

အနုပညာရှင် တစ်ဦးဖြစ်သည့် ကိုမင်းသွေးသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်ကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲများတွင် မိမိကျွမ်းကျင်သည့် အနုပညာဖြင့် ပရိသတ်များအား စည်းရုံးပညာပေး လှုံ့ဆော်ခြင်းဖြင့် မြန်မာ့ ဘောလုံးလောကအား တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သူ တစ်ဦးလည်းဖြစ်သည့် အတွက်များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ကိုနေမင်းအောင်(ခ)မင်းသွေး ကောင်းရာသုဂတိ ရောက်ရှိပါစေဟု ၀မ်းနည်းစွာ ဆန္ဒပြုအပ်ပါသည်။

သရုပ်ဆောင် မင်းသွေးရဲ့ နာရေးကို မင်းသွေးရဲ့ နေအိမ်၊ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မြခွာညို ဝါဝါဝင်း အိမ်ယာမှာ ပြုလုပ်နေပြီး အနုပညာရှင်များစွာက နာရေးကို လာရောက် သတင်းမေးခဲ့ကြပါတယ်။ မင်းသွေးရဲ့ ကျန်ရှိ ရုပ်အလောင်းကို အောက်တိုဘာလ ၇ ရက်နေ့၊ မနက်ပိုင်း၊ ရန်ကုန်မြို့၊ ရေဝေးသုဿာန်မှာ သဂြုင်္ိဟ်သွားမယ်လို့ သိရပါတယ်။

Photo _ MFF

No comments:

Post a Comment