Latest News

Sunday, October 14, 2018

ကောင်းမှုတော်စေတီကြီး ထုံးသင်္ကန်းကပ်လှူရန် စီစဉ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်ချက်များ ပံ့ပိုးကူညီမည်

ကောင်းမှုတော်စေတီကြီး ထုံးသင်္ကန်းကပ်လှူရန် စီစဉ်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်ချက်များ ပံ့ပိုးကူညီမည်

စစ်ကိုင်း  အောက်တိုဘာ   ၁၃

ကောင်းမှုတော်စေတီကြီးအား ထုံး သင်္ကန်းကပ်လှူရန်  စီစဉ်ဆောင်ရွက် နေမှုများအပေါ်  လွန်စွာအားရ ကျေနပ်မိသလို တိုင်းဒေသကြီး အစိုးရ အနေဖြင့် လိုအပ်ချက်များကို  ပံ့ပိုး ကူညီပေးသွားမည်   ဖြစ်ကြောင်း   တိုင်းဒေသကြီး     ဝန်ကြီးချုပ်   ဒေါက်တာမြင့်နိုင်က  အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။

''သီတဂူဆရာတော်ကြီး  ဦးစီးပြီး ဆောင်ရွက်နေတာ  အလွန်ပဲအားရ ကျေနပ်မိပါတယ်။  တိုင်းဒေသကြီး အစိုးရကလည်း လိုအပ်ချက်တွေကို မဆိုင်းမတွ  ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။   ဘုရားဖူးတွေအတွက် အဆင့်မြင့်  စားသောက်ဆိုင်တွေကို လည်း ဖွင့်ကြဖို့လိုပါတယ်။ အဆင့်မြင့် သန့်စင်ခန်းတွေ တည်ဆောက်ထား ရှိရင်    ပြည်တွင်းသာမက   ပြည်ပ နိုင်ငံခြားသား  ခရီးသွားလုပ်ငန်းတွေ အတွက်   အလွန်အထောက်အကူ ဖြစ်စေမယ့်  Non   Smoking Industrial  Zone ဖြစ်လာမယ်ဆိုရင်  ဒေသခံတွေအတွက် သာမက တစ်နယ် လုံး    စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်လာမယ်လို့   မြင်ပါတယ်''ဟု  ဝန်ကြီးချုပ်  ဒေါက်တာမြင့်နိုင်က ပြောသည်။

စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှု တော်ဘုရားကြီးသို့   အောက်တိုဘာ  ၁၂ ရက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဒေါက်တာမြင့်နိုင်သည်   စီမံ/ဘဏ္ဍာ ဝန်ကြီး   ဦးစိုးဦး၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်   ဦးခင်မောင်သိန်း၊      အမျိုးသားလွှတ်တော် ကိုယ်စားလှယ်    ဦးကျော်သောင်း၊  စစ်ကိုင်းခရိုင်စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်း လှိုင်နှင့်အတူ     ရောက်ရှိလာပြီး ကောင်းမှုတော်   စေတီတော်ကြီးကို  အဖြူရောင်ဆေးသင်္ကန်း    ကပ်လှူ ပူဇော်ရန်  သီတဂူဆရာတော်ကြီးက လမ်းညွှန်၍  ဆရာဒကာညီညွတ်စွာ  ဆောင်ရွက်နေမှုများကို   ဂေါပက အဖွဲ့ဥက္ကဋ္ဌ     ဦးတင်မျိုးလွင်က အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ကောင်းမှုတော်ဘုရားကြီး ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင်  အမှတ် တရ လက်မှတ်ရေးထိုးခဲ့ပြီး ကောင်းမှု တော်ဘုရားကြီးကို လှည့်လည်ဖူးမြော် ရင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု များကို အားပေးကြည့်ရှုခဲ့သည်။

မျိုးဝင်းထွန်း

No comments:

Post a Comment