Latest News

Monday, October 15, 2018

မိုးကောင်းမြို့နယ်၌ ရထားလမ်းဖြတ်ကူးသည့် သုံးဘီးဆိုင်ကယ်နှင့် မီးရထားတိုက်မိ

မိုးကောင်းမြို့နယ်၌ ရထားလမ်းဖြတ်ကူးသည့်
သုံးဘီးဆိုင်ကယ်နှင့် မီးရထားတိုက်မိ

မိုးကောင်း အောက်တိုဘာ ၁၅

 ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ အောက်တိုဘာ၁၄ရက်က ရထားလမ်းဖြတ်ကူးမောင်းနှင်သည့် သုံးဘီးဆိုင်ကယ်နှင့် အမှတ် ၄၂ အစုန် စာပို့ရထား တိုက်မိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ အောက်တို့ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲခန့်က မြစ်ကြီးနားမှ မန္တလေးသို့ စက်ခေါင်းမောင်း ဦးဇော်လွင်၊ရထားထိန်း ဦးဆန်းဝင်းတို့ မောင်းနှင်လာသည့် စက်ခေါင်းအမှတ် GF-1340 အမှတ် ၄၂ အစုန်စာပို့ရထားသည် ပင်းဘောဘူတာမှ မန္တလေးဘက်သို့ ထွက်ခွာလာစဉ် မီးရထားမိုင်တိုင်အမှတ် ၆၆၁/၁ နှင့် ၆၆၁/၂ ကြားအရောက်တွင် ခရီးသည်ခုနစ်ဦးတင်ဆောင်ကာ မီးရထားလမ်းကူးအား ဖြတ်ကျော်မောင်းနှင်လာသည့် ယာဉ်မောင်း ပင်းကျိုင်းကျေးရွာနေ မျိုးထွန်း(၃၀)နှစ်၏ သုံးဘီးဆိုင်ကယ်အား တိုက်မိခဲ့၍ သုံးဘီးဆိုင်ကယ် တိမ်းမှောက်ခဲ့သည်။

 ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှုနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း ယာဉ်မောင်းမျိုးထွန်းအား ပင်းဘောနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment