Latest News

Sunday, October 14, 2018

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီအား မိုနာကိုအသင်းက နည်းပြအဖြစ်ခန့်အပ်

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီအား မိုနာကိုအသင်းက နည်းပြအဖြစ်ခန့်အပ်

မိုနာကိုအသင်းသည် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီအား နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မိုနာကိုအသင်းက ဟင်နရီအား ၂ဝ၂၁ ခုနှစ် အထိ စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား ဟင်နရီ သည် ဘယ်လ်ဂျီယံအသင်း၏  လက်ထောက်နည်းပြအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မိုနာကိုအသင်းတွင် ¤င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ကာ ၁၉၉၇ ခုနှစ်တွင် ပြင်သစ်ပထမတန်းဖလားကို ရယူပေး နိုင်ခဲ့သူဖြစ်သည်။

မိုနာကိုအသင်းအနေဖြင့်  နည်းပြ  လီယိုနာဒိုဂျာဒင် အား အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြလက်မဲ့ဖြစ်ခဲ့ရပြီး အက်စ်တွန်ဗီလာအသင်းနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဟင်နရီကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဟင်နရီသည် အီတလီစီးရီးအေကလပ် ဂျူဗင်တပ် အသင်း၊  စပိန်လာလီဂါကလပ်  ဘာစီလိုနာအသင်း တို့တွင်လည်း ပါဝင်ကစားခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် သီတင်း ပတ်အတွင်းက အက်စ်တွန်ဗီလာအသင်းနည်းပြဖြစ်လာမည်ဟု သတင်းများထွက်ပေါ်နေခဲ့သူလည်း ဖြစ်သည်။

မိုနာကိုအသင်းသည် ယခင်က ပြိုင်ပွဲအရပ်ရပ်တွင် နိုင်ပွဲများ ရရှိခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင်မူ ချန်ပီယံလိဂ်တွင်လည်း နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့ကာ  ပြင်သစ် ပထမတန်းပြိုင်ပွဲတွင်လည်း ကိုးပွဲ ကစားအပြီးတွင် ငါးပွဲ အထိရှုံးနိမ့်ခဲ့သည့်အသင်းလည်းဖြစ်သည်။

လက်ရှိတွင်   မိုနာကိုအသင်းသည်   ဟင်နရီအား နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီးဖြစ်သောကြောင့် ဟင်နရီအနေဖြင့် အောက်တိုဘာ ၂ဝ ရက်တွင် စထရာဘော့အသင်းနှင့် ပွဲစဉ်တွင် စတင်တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ကာ အဆိုပါ ပွဲစဉ်ပြီးနောက်လေးရက်အကြာတွင် ချန်ပီယံလိဂ်အုပ်စု အဆင့် တတိယပွဲစဉ်အဖြစ် ဘရူဂျီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။

မိုနာကိုအသင်းက လက်ရှိထုတ်ပယ်ခဲ့သည့် နည်းပြ ဂျာဒင်မှာ မိုနာကိုအသင်းသို့ ၂ဝ၁၄ ခုနှစ်က ရောက်ရှိခဲ့ ခြင်းဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ရေး စွမ်းဆောင်ပေးခဲ့ သူဖြစ်သည်။ နည်းပြဂျာဒင် မိုနာကိုအသင်းနည်းပြအဖြစ်    ရှိနေစဉ်အတွင်း   ပီအက်စ်ဂျီတိုက်စစ်မှူး   အမ်ဘတ်ပီ၊ အက်သလက်တီကိုမက်ဒရစ်ကစားသမား သောမက်လီမာ၊ မန်စီးတီးကစားသမားနှစ်ဦးဖြစ်သည့်    ဘာနာဒိုဆေးလ်ဗား နှင့် ဘင်ဂျာမင်မန်ဒီတို့ကိုလည်း မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်းလည်း သိရသည်။

ငွေကြယ်

No comments:

Post a Comment