Latest News

Saturday, October 13, 2018

သတင်းစာဆရာ ကာရှော့ဂီ ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်က ဆော်ဒီအာရေဗျအား မေးမြန်း

သတင်းစာဆရာ ကာရှော့ဂီ ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်က ဆော်ဒီအာရေဗျအား မေးမြန်း

သတင်းစာဆရာ  ဂျမားကာရှော့ဂီ  ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍  သိရှိထားသမျှကို    ဖွင့်ဟပြောဆိုရန် အမေရိကန်အစိုးရ တာဝန်ရှိသူများက ဆော်ဒီအာရေဗျ အစိုးရ တာဝန်ရှိသူများကို တောင်းဆိုလျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်းဆရာစာ   ကာရှော့ဂီ    သတ်ဖြတ်ခံခဲ့ရမှု အတွက် အမေရိကန်တာဝန်ရှိသူများက ဆော်ဒီတာဝန်ရှိသူ များကို ပြစ်တင်ဝေဖန်ခြင်း  မရှိသော်လည်း ကာရှော့ဂီ ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ထောက်ပံ့ပေးရန်   အမေရိကန်အစိုးရက  ဖိအားပေးမှု မြှင့်တင်လာခြင်းဖြစ်သည်။

တူရကီနိုင်ငံ   အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ် ဝန်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ကာရှော့ဂီ လုပ်ကြံသတ်ဖြတ်ခံရသည်ဟု   တူရကီအစိုးရတာဝန်ရှိသူ များက သံသယဖြစ်ခဲ့ကြပြီးနောက် အမေရိကန်အစိုးရက ဝါရှင်တန်ပို့စ်သတင်းစာ၏     ပင်တိုင်ဆောင်းပါးရှင် ကာရှော့ဂီ ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖြေရှင်းချက်ပေး ရန် တောင်းဆိုလာသည်။

ကာရှော့ဂီအား   ဆော်ဒီအစိုးရတာဝန်ရှိသူများက သတ်ဖြတ်ခဲ့သည်ဆိုသော   တူရကီနိုင်ငံ၏ အခိုင်အမာ ပြောကြားချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်ပေးရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်များနှင့် သတင်းဌာန များကလည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

အသက် ၅၉ နှစ်ရှိ ကာရှော့ဂီ၏ ကံကြမ္မာနှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးပေးရန် အမေရိကန် ဥပဒေပြုအမတ်များ ကလည်း တောင်းဆိုခဲ့ကြသည်။

ကာရှော့ဂီပျောက်ဆုံးမှုနှင့်ပတ်သက်၍  မိမိသည် ဆော်ဒီအစိုးရ တာဝန်ရှိသူများနှင့် စကားပြောဆိုခဲ့သည်ဟု အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်က  အောက်တိုဘာ ၁ဝ ရက်တွင် ပြောကြားခဲ့သည်။ သို့ရာတွင် အသေးစိတ် ဖော်ပြခြင်းမရှိပေ။

အလားတူပင်    အမေရိကန်  အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်    ဂျွန်ဘော်လ်တန်နှင့်  အိမ်ဖြူတော် အထက်တန်းအကြံပေးပုဂ္ဂိုလ်    ဂျာရတ်ကူရှာနာတို့က ကာရှော့ဂီ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ သတင်းအချက် အလက်များ သိရှိနိုင်အောင်   ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ထံသို့ တယ်လီဖုန်းဆက်ခဲ့ကြ သည်ဆို၏။                           

Mirror

No comments:

Post a Comment