Latest News

Wednesday, October 10, 2018

ထူးခြား ဆန်းပြား အဖြစ်တွေနဲ့​မြောင်းမြ​ဆေးရုံဝယ်


ကလေး တယောက်တည်းတဲ့။




#Unicode Version#

လူနာက သံလျင်မှာနေတာ
အမေ ရှိလို့မြောင်းမြ မှာ လာမွေးတာတဲ့။
မြောင်းမြဆေးရုံကို ကိုယ်ဝန် ၃၄ ပါတ်မှာ
သွေးဆင်းလို့ ဆေးရုံလာတက်တာ
USG (26- 8 - 2018 ) သံလျင်မှာ လုပ်ထားတာက
အမွှာ ကိုယ်ဝန် ၂၈ ပါတ် တဲ့
ဗိုက်က ခါတိုင်းတွေ့နေကျ အမွှာ ဗိုက်လို
ပြဲကားဖေါင်းတင်းမနေပါ။
ဒါနဲ့ ပဲ သေချာ အောင်လို့
မြောင်းမြ မှာ ( 4 -9 -2018 ) USG က
ကလေး တယောက်တည်းတဲ့။
လူနာ မနေ့ က ဗိုက်နာလာတော့
ကလေးနှလုံး ခုန်တာနှေး နေတော့
ရေမွှာရေ ဖေါက်ကြည့်လိုက်တော့
ရေမွှာရေ က ကလေးသေတာမှာ တွေ့ရတဲ့
ညို ပုတ်ပုတ် အရောင်
ဒါနဲ့ မေ့ဆေးကို request လုပ် အမြန်ဗိုက်ခွဲတော့
ကလေးက အရှင်တယောက် အသေတယောက်
အချင်းတခွက်ထဲ ရေမွှာ အိတ် တခုထဲ မှာ
ကံကောင်းလိုက်တဲ့ သားလေး
နဲ နဲ လေး နောက်ကျ ခဲ့ရင် မတွေးရဲ စရာ
mono chorionic mono amniotic twins
 ရေးသားသူ OG ဆရာမကြီးဒေါ်နီနီဇော်

No comments:

Post a Comment