ဝါရှင်တန် အောက်တိုဘာ ၂၇
အမေရိကန်နိုင်ငံရှေ့နေချုပ် ဂျက်ဖ်ဆက် ရှင်က ဖလော်ရီဒါပြည်နယ်မှ ပါဆယ်ဗုံး တရားခံဖြစ်သူ ဆီဇာဆာရက်အား အက်ဖ်ဘီအိုင်တွင် ဖမ်းဆီးထိန်းသိမ်း ထားပြီး သီးခြားပြစ်မှု ငါးခုဖြင့် စွဲချက် တင်ထားကြောင်း မကြာသေးမီက ပြော ကြားခဲ့သည်။
ရှေ့နေချုပ် ဆက်ရှင်က ဆာရက် အား နယ်ကျော်ဖောက်ခွဲရေးပစ္စည်း တစ်ခုပို့ဆောင်မှု၊ ဖောက်ခွဲရေးပစ္စည်း များကို ပါဆယ်ပို့ဆောင်မှု၊ အမေရိကန် သမ္မတဟောင်းနှင့် အခြားအထင်ကရ ပုဂ္ဂိုလ်များအား ခြိမ်းခြောက်မှုတို့ အပါ အဝင် စုစုပေါင်း ပြစ်မှုငါးခုဖြင့် အောက် တိုဘာ ၂၆ ရက်က တရားစွဲဆိုခဲ့ကြောင်း သိရသည်။
တရားခံသည် ပြစ်မှုကျူးလွန် ကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၅၃ နှစ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ဆက်ရှင်က ပြောကြားခဲ့သည်။
အသက် ၅၆ နှစ်ရှိ ဆာရက်သည် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခဲ့ဖူးသည့် နောက်ခံသမိုင်းကြောင်းများ ရှိခဲ့ကြောင်း သိရသည်။
ဆာရက်ပေးပို့ခဲ့သော အထုပ် ၁၂ ထုပ်ထဲတွင် လက်လုပ်ဖောက်ခွဲရေး ပစ္စည်း ၁၃ ခုပါရှိပြီး အထုပ်တစ်ထုပ် ချင်းစီတွင် ခြောက်လက်မအရှည် ပီဗွီစီပိုက်တစ်ချောင်း၊ နာရီသေး တစ်လုံးနှင့် ပေါက်ကွဲနိုင်ခြေရှိသည့် ပစ္စည်းများပါရှိကြောင်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ဝါရီက ပြောခဲ့သည်။
အထုပ်တစ်ထုပ်ပေါ်မှ ရရှိသည့် လက်ဗွေရာမှတစ်ဆင့် စုံစမ်းစစ်ဆေး ရေးမှူးများက ဆာရက်ကို ဖော်ထုတ် နိုင်ခြင်းဖြစ်ကြောင်းနှင့် နောက်ထပ် အထုပ်တစ်ထုပ်တွင်လည်း မျိုးရိုးဗီဇ ဒီအင်န်အေ အထောက်အထားဖြစ် နိုင်ဖွယ်ကို တွေ့ရှိခဲ့ရကြောင်း ¤င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများကို သမ္မတဟောင်း အိုဘား မား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ရှေ့နေချုပ် ဟောင်း အဲရစ်ဟိုဒါ၊ ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ်နှစ်ဦး၊ စီအိုင် အေòန်ကြားရေးမှူးဟောင်း ဂျွန် ဘရန်နန် အပါအဝင် ထင်ရှားသည့် ဒီမိုကရက်များကို လိပ်မူပြီး ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ/မြန်မာ့အလင်း
No comments:
Post a Comment