Latest News

Monday, October 1, 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ခရိုင်အနက် ဖျာပုံခရိုင်မှာ မူးယစ်ဆေးဝါးမှုအများဆုံး ဖမ်းဆီးရမိကြောင်းသိရ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ခရိုင်အနက် ဖျာပုံခရိုင်မှာ မူးယစ်ဆေးဝါးမှုအများဆုံး ဖမ်းဆီးရမိကြောင်းသိရ

အောက်တိုဘာ ၁၊၂၀၁၈

           ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇ခုနှစ်မှာ မူးယစ်ဆေးဝါးမှု ၆၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး၂၀၁၈ခုနှစ်အတွင်းမှာတော့စက်တင်ဘာလကုန်အထိ ၇၄ မှုမှ တရားခံ ၁၃၆ဦးဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။

         လက်ရှိမှာ နိင်ငံတော်အစိုးရကအမျိုးသားတာဝန်တစ်ရပ်အနေနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းမှုတွေအရှိန်အဟုန်မြှင့်တိုးမြှင့်ဆောင်ရွက်မှုတွေရှိနေတာကြောင့် ခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကပြောဆိုခဲ့သည်။
         လက်ရှိမှာတိုင်းအတွင်း "ဘိန်းဖြူဖမ်းဆီးရမိမှုကာလတန်ဖိုး ၃သိန်းကျော်၊ဆေးခြောက်မှုအနေနဲ့ကာလတန်ဖိုး ၁ သိန်းကျော်၊အိုက်(စ်)ဖမ်းဆီးရမိမှုကာလတန်ဖိုး ၁၂သိန်းကျော်နဲ့(WY)စိတ်ကြွရူးသွပ်ဆေးပြား၁၀၀၀၀ကျော်ကာလတန်ဖိုး သိန်း၆၇၀ကျော်တန်ဖိုးထိဖမ်းဆီးရမိခဲ့တယ်"လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ရဲမှူး ခင်မောင်စိုးကပြောသည်။
          ဧရာဝတီတိုင်းအတွင်းမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနက်WY စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိမှုတန်ဖိုးအများဆုံးဖြစ်ပြီး ဖျာပုံခရိုင်အတွင်း မူးယစ်ဆေးဝါးမှု အများဆုံးဖြစ်ကြောင်းသိရသည်။
         လက်ရှိမှာနိင်ငံတော်အစိုးရက မူးယစ်ဆေးဝါးကို အမျိုးသားအဆင့်တာဝန်တစ်ရပ်အနေနဲ့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတဲ့အပြင် တိုင်းအတွင်းလုံခြုံရေးအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုခေတ်မှီသေနတ်များတပ်ဆင်ပေးထားပြီး လုံခြုံရေးကင်းလှည့်စဉ်မှာလည်း ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်အရခွင့်ပြုမိန့်တွေပေးအပ်ထားပြီးဖြစ်တာကြောင့် မှုခင်းကျဆင်းရေးနဲ့တရားခံဖမ်းဆီးရေးလုပ်ဆောင်ရာမှာ အရင်ထက်စာရင်များစွာ ထိရောက်မှုရှိလာပြီး တိုင်းအတွင်းလိုအပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား
ဖြည့်တင်းနိင်ရေးကိုလည်း ကြိုးစားလုပ်ဆောင်နေတယ်လို့ အောက်တိုလ ၁ ရက်နေ့မှာပြုလုပ်တဲ့ ၅၄ကြိမ်မြောက် မြန်မာနိင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်ခင်ဗျာ။
***************************
သတင်း၊ဓါတ်ပုံ(really times)

No comments:

Post a Comment